14:24

သတ္တုတူးဖေါ်လိုသူများအတွက် ပတ္တမြားနဂါးဖေါင်ဒေးရှင်း ငွေထုတ်ချေးမည်

မြန်မာနိုင်ငံထဲမှာ သတ္တုတူးဖေါ်ရေးလုပ်ငန်းလုပ်ကိုင်နေသေူတွေနဲ့ အရင်းအနှီးမဲ့ လက်လုပ်လက်စားတိုရဲ့ ဘ၀မြှင့် တင်ဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လွတ်တော်အမတ် ဦးနေ၀င်းထွန်းဦးဆောင်တဲ့ ပတ္တမြားနဂါးဖေါင် ဒေးရှင်းက ငွေတွေထုတ်ချေးပေးတော့မယ်လို့ ပြောပါတယ်။

ပတ္တမြားနဂါးဖေါင်းဒေးရှင်းဟာ ကျောက်မျက်ရတနာနဲ့ သတ္တုရောင်းရငွေတွေကနေ ကျပ်သိန်းပေါင်း တသောင်းခွဲမ တည်ပြီး သတ္တုတူးဖေါ်တဲ့အလုပ်မှာ အတွေ့အကြုံရှိတဲ့ လုပ်ငန်းလုပ်ဖို့ အရင်းအနှီးမတတ်နိုင်သူတွေအတွက် အလုပ်သ မား အစုအဖွဲ့တခုကို ကျပ်ငွေ ၁၀ သိန်းအတိုးမဲ့ချေးပေးမယ်လို့ ဦးနေ၀င်းထွန်းက ပြောပါတယ်။
“ကျနော်တို့ ပုဂ္ဂလိကပိုင် လျှောက်မှာပါ။ ကျေးရွာပြည်သူတွေကို ကုမ္ပဏီတည်ထောင်ပေးပါမယ်။ ကုမ္ပဏီမထောင်နိုင်တဲ့ ပုဂ္ဂိုလ်များကို ကျနော်တို့ထောင်ပြီးသား ကုမ္ပဏီတွေကနေပြီးတော့ တပိုင်တနိုင်ကို ပြန်လည်ပြီးတော့ ကူညီသွားပါမယ်။ အစိုးရကလည်း တပိုင်တနိုင်ပေးဖို့ ကျနော်တို့ တောင်းဆိုတာရှိပါတယ်။ မပေးနိုင်ရင်လည်း ကျနော်တို့ ကုမ္ပဏီထဲက ပြန်ခွဲပြီးတော့ ပေးသွားမှာပါ။

ဖေါင်ဒေးရှင်းအနေနဲ့ သတ္တုတူးဖေါ်ရာမှာ နည်းပညာပိုင်းဆိုင်ရာတွေ ပံ့ပိုးပေးပြီး ကုမ္ပဏီတည် ထောင်နိုင်အောင် ကူညီမယ့်အပြင် တူးဖေါ်လို့ရတဲ့ သတ္တုတွေ ရောင်းချနိုင်ဖို့ ဈေးကွက်တွေလည်း ရှားပေးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံဒေသအနှံ့က တောင်ကတုံးတွေ၊ စီးပွားရေးအတွက် အသုံးမ၀င်တဲ့သ စ်ပင်သစ်တောတွေထဲက ၀ူဖရန်၊ ခနောက်စိမ်း၊ ခဲမဖြူ၊ အဖြိုက်နက်၊ ရွှေ၊ သွပ်၊ သံ၊ ကြေးနီ၊ ကျောက်မီးသွေး စတဲ့သတ္တုတွေကို တူးဖေါ်ပြီး နိုင်ငံနဲ့ပြည်သူအကျိုးအတွက် ဖေါ်ဆောင်ဖို့ ရည်ရွယ်ပြီး ခုလိုလုပ်ဆောင်တာလို့ ပတ္တမြားနဂါးဖေါင်ဒေးရှင်းက ပြောပါတယ်။

သတ္တုတူးဖေါ်ရေးလုပ်ငန်းကြောင့် ဒေသခံတွေရဲ့ နေထိုင်မှုဘ၀ထိခိုက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ ပအိုဝ်းလူငယ်အဖွဲ့က အတွင်းရေးမှူး ခွန်ချန်ကီက မြန်မာနိုင်ငံအနှံ့ သတ္တုတူးဖေါ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပြောပါတယ်။ “သတ္တုတူးတော့မယ်ဆိုရင် ဥပမာ မြစ်ချောင်း အင်းအိုင်နီးတယ်ဆိုရင် အဲဒီရေရဲ့အရင်းအမြစ်ကို ထိခိုက်မယ်။ ကျေးရွာတွေကို နီးကပ်မယ်ဆိုရင် အဲဒီရွာတွေရဲ့ လေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု၊ သက်ကြီးရွယ်အိုတွေရော အဲဒီမှာနေထိုင်တဲ့ရွာ ထိခိုက်မယ်။ အဲဒီလိုမျိုးကျတော့ အဲဒီသတ္တုတူးတဲ့လူတွေက ဒါကနောင်ဖြစ်ပျက်လာမယ့် ဆိုးကျိုးတွေကို သူတို့ဘယ်လောက် အာမခံပေးမလဲပေါ့။”

ပတ္တမြားနဂါးဖေါင်ဒေးရှင်းကတော့ သတ္တုတူးဖေါ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု မရှိစေဖို့အတွက် ပညာရှင်တွေနဲ့ မြေသားတွေကို စစ်ဆေးပြီးမှတူးဖေါ်မယ်လို့ ဆိုပါတယ်။

ပတ္တမြားနဂါးဖေါင်းဒေးရှင်းကို တည်ဆဲဥပဒေနဲ့အညီ ထူထောင်ခွင့်ရဖို့အတွက် ပြီးခဲ့တဲ့နိုဝင်ဘာလက အမျိုးသားလွတ် တော်အစည်းအဝေးမှာ တင်ပြခဲ့ရာ အမတ် ၁၂ ဦးတို့က ထောက်ခံခဲ့တဲ့အတွက် လွှတ်တော်က အတည်ပြု ပေးခဲ့တယ်။ ဖေါင်ဒေးရှင်း ဖွဲ့စည်းပုံရေးပြီးရင် တရက်နှစ်ရက်အတွင်း ပြည်ထဲရေးဌာနကို တင်ပြပြီး ခွင့်ပြုချက်ရတာနဲ့ တလနှစ်လအတွင်း လုပ်ငန်းအကောင်အထည် ဖေါ်နိုင်တော့မယ်လို့ ပြောပါတယ်။
ဆက်ဖတ်ရန်...