19:22

ကိုယ့်သမိုင်း ကိုယ်မသိတဲ့ အဖြစ်မျိုးမရောက်ဖို့

ကရင်နီပြည်မှာ ယခု ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်ကနေ ၁၈ရက်နေ့အထိ ကယားဒေး (ကယားပြည် နယ်နေ့) ပွဲတော် ကျင်းပပြုလုပ်တာကို တွေ့ရှိရပါတယ်။ ကယားဒေးပွဲကို ကျင်းပတာ ၅၉ ကြိမ်မြောက် ရှိသွားပေ မယ့်လို့ ကယားဒေးပွဲကျင်းပရတဲ့ အကြောင်းရင်းကို ယခုတက်လာတဲ့ လူငယ်လူရွယ် အနည်းအကျဉ်းသာ သိရှိထားကြပြီး အများစုကတော့ ပျော်ပွဲရွှင်ပွဲတခုလိုသာ သတ်မှတ်ကြပါတယ်။
တစ်နေ့ထက်တစ်နေ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ကရင်နီသမိုင်းဟာလည်း မှုန်ရီလာ လို့ ပျောက်ကွယ် လုနီးပါး ရှိနေပါတယ်။ ခေတ်လူငယ်တွေများ လေ့လာမှုအားနည်းလို့လား ဒါမှမဟုတ် ကိုယ့်သမိုင်းအဖြစ် မှန်တွေကို လေ့လာသင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ပိတ်ပင်ထားခြင်းခံနေရလို့လား ဆိုတဲ့ မေးခွန်းတွေထုတ် ရတော့မှာပါ။

ကရင်နီပြည်မှာ ယခု ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်ကနေ ၁၈ရက်နေ့အထိ ကယားဒေး (ကယားပြည် နယ်နေ့) ပွဲတော် ကျင်းပပြုလုပ်တာကို တွေ့ရှိရပါတယ်။ ကယားဒေးပွဲကို ကျင်းပတာ ၅၉ ကြိမ်မြောက် ရှိသွားပေ မယ့်လို့ ကယားဒေးပွဲကျင်းပရတဲ့ အကြောင်းရင်းကို ယခုတက်လာတဲ့ လူငယ်လူရွယ် အနည်းအကျဉ်းသာ သိရှိ ထားကြပြီး အများစုကတော့ ပျော်ပွဲရွှင်ပွဲတခုလိုသာ သတ်မှတ်ကြပါတယ်။

ကရင်နီပြည်မှာ နေထိုင်တဲ့ လူငယ်တွေအဖို့ ကရင်နီသမိုင်းအဖြစ်မှန်ကို လွတ်လွတ်လပ်လပ် သင်ယူခွင့်မရ ကြပါဘူး။ စာသင်ကျောင်းတွေမှာလည်း ကယားဒေး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့ သမိုင်းအဖြစ်မှန်တွေကို လည်း သင်ကြားခွင့်မပြုပဲ အစိုးရက ပိတ်ပင်ထားတယ်လို့ ဆိုကြပါတယ်။

ကယားဒေးပွဲ ကျင်းပတိုင်းမှာလည်း ကယားဒေး ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်း အဖြစ်အမှန်တွေကို ထင် ဟပ်စေမယ့် အကြောင်းအရာတွေ ဖုံးဖိထားခြင်းခံရတယ်ဆိုတဲ့အကြောင်း ပွဲတော်ကို လည်ပတ်ခဲ့ဖူးသူ ကရင်နီ လူငယ်တစ်ဦးက ယခုလိုပြောပါတယ်။

“အဲဒါတွေတော့ မတွေ့ဘူး ကယားပြည်နယ်မှာ ဘာတွေဖြစ်နေလဲ ဘာတွေ ထင်ရှားလဲ ပြီးတော့ ဘာတွေ ထွက်နိုင်လဲပေါ့နော ပြခန်းတွေမှာဆို သူတို့ရဲ့ လယ်ထွန်စက်တွေ ကြော်ငြာတယ် မြန်မာနိုင်ငံက ထုတ်တဲ့ ဟာတွေ ကြော်ငြာတာ တွေ့တာပေါ့နော”

မြန်မာနိုင်ငံမှာ နေထိုင်သူတွေ အများစုဟာ ကရင်နီပြည်ကို ကယားပြည်နယ်လို့ ပိုအသိများကြပေမယ့် ထိုင်းမြန်မာ နယ်စပ်မှာ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိနေကြတဲ့ ကရင်နီလူမှု အသိုင်းအ၀ိုင်းထဲမှာတော့ ကရင်နီပြည်လို့ ခေတ်ကာလ အဆက်ဆက်က သုံးစွဲတဲ့အတိုင်း ခေါ်ဝေါ်နေကြဆဲပါ။

ဒီလိုကွဲပြား ခေါ်ဆိုနေကြရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ကရင်နီ စောဖျာအမျိုးနွယ်ထဲမှ လက်ရှိ ကျန်ရစ် နေသေးတဲ့ ကရင်နီ အမျိုးသား ခေါင်းဆောင် ခူးထဲဘူးဖဲက ယခုလို ရှင်းလင်းချက်ပေးပါတယ်။

“ကရင်နီဆိုတာ ရှေးကတည်းက သမိုင်းအရ ရှိတဲ့ စကားလုံး။ ကယားဆိုတာ ၁၉၅၂ ခုနှစ်မှ ဗမာပြည် လွတ် လပ်ရေး ရရှိပြီးတဲ့နောက် သူတို့ ခေါ်တာ။ ဗမာက ကျနော်တို့ကို ကရင်နီကနေ ကယားလို့ ပြောင်းလဲခေါ်တာ ဘယ်သူက သွားသဘောတူရမှာလဲ။ သူတို့က ကျနော်တို့ သမိုင်းကို ပျောက်ကွယ်သွားအောင် လုပ်ချင်တော့ ကယားလို့ ပြောင်းသွားတယ်။ ကျနော်တို့ သမိုင်းအရ အခုချိန်ထိ ကရင်နီလို့ ခေါ်လာတာ အဲဒီအ တွက်ကြောင့် ပဲ ဖြစ်တယ်။ အခုချိန်ထိ တိုက်ခိုက်ကြတာလည်း အဲဒီအတွက်ကြောင့်ပဲ ဖြစ်တယ်လေ”

ကရင်နီသမိုင်းအကြောင်း လေ့လာသိရှိထားတဲ့ သူတဦးလဲဖြစ် ပြည်ထောင်စု တိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အဖွဲ့ရဲ့ ဥက္ကဌလဲဖြစ်တဲ့ ခွန်းမားရ်ကိုဘန်က “ကရင်နီကို ကယား ဘာဖြစ် လို့ ပြောင်းသလဲဆိုတော့ ကယားကို ပြောင်းလိုက်တဲ့ အခါက ကရင်နီဆိုတဲ့ သီးခြားလွတ်လပ်တဲ့ သမိုင်းကို ဖဆဖလ က ဖြောက်ချင်လို့ ဖြစ်တယ်” လို့ ပြောပါတယ်။

ကရင်နီကနေ ကယားပြောင်းလဲခေါ်ဆိုရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ကျောင်းသား လူငယ်တဦးက “အဖိုးကြီး အဖွားကြီး ပြောတာတော့ ကြားဖူးတယ် ပြီးတော့စာအုပ် အဟောင်းစုတ်စုတ်ြပဲပြဲ တစ်အုပ်မှာဖတ်ဖူးတယ်” လို့ဆိုပါတယ်။

လူငယ်တွေအနေနဲ့ ကယားဒေးပွဲကို ကျင်းပရတဲ့ အကြောင်းရင်းတွေကို စာသင်ကျောင်းတွေ မှာ လေ့လာ ခွင့်မရတဲ့အတွက် သက်ကြီးရွယ်အိုတွေကို မေးမြန်းပေမယ့် ကယားဒေးပွဲ ကျင်းပရတဲ့ အကြောင်းရင်းကို တိတိ ကျကျ မသိပဲ ရှိနေပါတယ်။

“အဲလိုမျိုး ကယားဒေး ဖြစ်ပေါ်လာပုံ တိတိကျကျကိုတော့ သူတို့မသိတော့ဘူးပေါ့နော ဘိုးဘွားတွေက သူတို့ ဘယ်လိုပြောလဲဆိုရင် ဒီ ကယားဒေး လုပ်ရတဲ့အကြောင်း ဟိုးအရင်တုန်းကတော့ ရှိခဲ့တာပေါ့နော ဒါတော့ ငါတို့က မသိတော့ဘူးပေါ့ ဒါပေမယ့် တစ်ချို့တွေကလည်း ကယားဒေးဘာကြောင့် လုပ်ရတာလဲလို့ မေးလို့ ရှိရင် သူတို့က ကယားပြည်နယ်နေ့ကို အထိမ်းအမှတ်ပြုလို့ ကယားဒေးပွဲ လုပ်ရတာဖြစ်တယ်” လို့ ၎င်းက ဆက်ပြီး အဖိုးအဖွားတွေရဲ့ စကားအရ ပြန်လည်ပြောတာ ဖြစ်ပါတယ်။

ကရင်နီပြည်မှာ ၁၀ တန်းအထိ ကျောင်းတက်ခဲ့ဖူးတဲ့ လူငယ်တစ်ဦးက “စာထဲမှာ သင်တာက မြန်မာသမိုင်းနဲ့ ကမ္ဘာ့သမိုင်းလောက်ပဲကော” လို့ပြောပါတယ်။

ကရင်နီသမိုင်းနဲ့ ပတ်သက်ပြီး ထိုင်းမြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းတွေမှာသာ အလယ်တန်းကနေ ၉ တန်းအထိ လေ့လာခွင့်ရတယ်ဆိုပေမဲ့လို့ ရေရှည်မှာ ဒီကရင်နီ သမိုင်းဘာသာရပ်တွေ လေ့ လာသင်ကြားနိုင် လိမ့်မယ်လို့ မဆိုနိုင်ပါဘူး။

ကရင်နီဒုက္ခသည်တွေမှာ ကရင်နီသမိုင်းကို သင်ရတယ်ဆိုပေမယ့် တတိယ နိုင်ငံကို လျှောက်တဲ့ စီမံ ကိန်းကြောင့်စခန်းထဲက ကျောင်းသားလူငယ်တွေ လေ့လာဆည်းပူးနိုင်ဖို့ အခွင့်အလမ်းဟာလည်း မရှိ သလောက် ဖြစ်နေပြန်ပါတယ်။

ဒုက္ခသည်စခန်းထဲမှာ နေထိုင်သူ တွေအများစုဟာ နှစ်ပေါင်းများစွာ ဒုက္ခသည်ဘဝဖြင့် နေထိုင်ရတဲ့ အဖြစ်ကို ငြီးငွေ့လာတဲ့အတွက် တတိယနိုင်ငံကို လျှောက်ဖို့ ပိုစိတ်ဝင်စားကြတဲ့ အတွက်ကြောင့်ပါ။

ကရင်နီသမိုင်းတွေ တစ်စထက်တစ်စ ပပျောက်လာတာဟာ စစ်အစိုးရတွေ သွယ်ဝိုက်တဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးနှောက်ယှက်နေတာဖြစ်တယ်လို့ ကရင်နီ တော်လှန်ရေးအဖွဲ့အစည်းက ဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ကျင်းပပြုလုပ်ခဲ့တဲ့ ၅၈ ကြိမ်မြောက် ကယားဒေးပွဲရဲ့ မိန့်ခွန်းတွေမှာ ကရင်နီကိုယ်စားပြု ရပ်မိရပ် ဖတွေ မပါပဲ စစ်တပ်ကသာ နေရာယူပြီး တပ်မတော်တွေရဲ့ ကောင်းကြောင်းတွေကိုသာ ၀ါဒဖြန့် ဟောပြော ခဲ့ပါတယ်။

ကယားဒေးပွဲကို ကျင်းပတိုင်းမှာလည်း များသောအားဖြင့် ကရင်နီလူငယ်တွေဟာ ပျော်ပွဲရွှင်ပွဲလို သတ်မှတ်ကြပြီး ကယားဒေးဖြစ်ပေါ်လာတဲ့ အကြောင်းရင်းထက် လာရောက် သီဆိုဖျော်ဖြေပေးမယ့် နာမည်ကြီးမြန်မာ အဆိုတော်တွေနဲ့ ပွဲအတွင်း လောင်းကစားတွေကိုသာ ပိုမိုစိတ်ဝင်စား နေကြတာကို တွေ့ရပါတယ်။

“အခုကျနော်တို့ လူငယ်တွေက ကယားဒေးပွဲဟာ ပျော်ပွဲရွှင်ပွဲ လို့ပဲ မြင်တယ်လို့ပဲ တွေ့ရှိရတယ်ပေါ့လေ” လို့ ကရင်နီကျောင်းသားသမဂ္ဂ KSU ဥက္ကဌ မာတိယာလေးက ပြောပါတယ်။

ကယားဒေးဖြစ်ပေါ်လာတဲ့ အကြောင်းအရင်း အဖြစ်မှန်တွေကို လူငယ်တွေအကြား ပိုမိုသိရှိလာနိုင်ဖို့ “ကျနော်တို့ လူငယ်တွေအနေနဲ့ဆို ကျနော်တို့ သိဖို့သင့်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ ဒီပွဲကျင်းပပေးတဲ့ ကျနော်တို့ ဒီသက်ဆိုင်ရာ ပွဲကျင်းပသူကိုပေါ့လေ ကျနော်တို့ ဟို ဒီကယားဒေးနဲ့ ပတ်သက်ပြီး ဒီကယားဒေးနေ့ မှာ ဟောပြောပေးဖို့လိုတယ်။ ဒီကယားဒေးနဲ့ပတ်သက်တဲ့ သမိုင်းတွေကို ပန်းချီပြိုင်ပွဲပဲ ဖြစ်ဖြစ် အဲလိုမျိုး ညဏ် ရည်နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲမျိုးတွေ လုပ်ပေးဖို့သင့်တယ်” လို့ မာတိယာလေးက အကြံပြုပါတယ်။

မိသားစုစားဝတ်နေရေး အဆင်ပြေရေးတွေကိုသာ အစဉ်ရုန်းကန်ကြရတဲ့အတွက် ကရင်နီလူငယ် အနည်းစုတွေ သာ ကရင်နီသမိုင်းကို စိတ်ဝင်စားတော့တယ်လို့ ဆိုပါတယ်။

တဖက်မှာ ကိုယ့်သမိုင်းအဖြစ်မှန်တွေ ဖုံးဖိထားခြင်းခံနေရပေမဲ့လို့ ကရင်နီသမိုင်းကို လက်လှမ်းမှီပြီး သက်ရှိထင် ရှားကျန်ရစ်နေသေးတဲ့ မိဘဖိုးဘွားနဲ့ အမျိုးသားခေါင်းဆောင်တွေ ဆီကနေတဆင့် လေ့လာဖို့ အခွင့်အလမ်းတွေ ရှိနေပါသေးတယ်။ မနောက်ကျသေးပါဘူး။

ကိုယ့်ကိုယ်ကို ကရင်နီလူမျိုးလို့ ခံယူပါလျက် ကိုယ့်သမိုင်း ကိုယ်မသိတဲ့ အဖြစ်မျိုးမရောက်ဖို့ အရေးကြီးတဲ့ အတွက် ကရင်နီလူငယ်တွေအနေနဲ့ လက်လှမ်းမှီသလောက်တော့ ဝိုင်းဝန်းလေ့လာမှတ်သားကြပါစို့လို့ တိုက် တွန်းရင်း…
ဆက်ဖတ်ရန်...
19:31

ကရင်နီအမျိုးသားခေါင်းဆောင် ထဲဘူးဖဲ ကွယ်လွန်

ထဲဘူးဖဲသည်ကရင်နီ ပြည်သူလူထုတို့၏ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ကေအဲန်ပီပီ ဥက္ကဌ သက်တမ်းအား ၃ ကြိမ်တိုင်တိုင် ရွေးချယ်တင် မြှောက်ခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ၁၁ ကြိမ်မြောက် ကရင်နီအမျိုးသား ပါတီကွန်ကရက်တွင် ပါတီဥက္ကဌအဖြစ် ထပ်မံ ရွေးကောက်တင်မြှောက်ခြင်းကို ခံခဲ့ရပြီး ပါတီ ဥက္ကဌအဖြစ် လည်းကောင်း၊ ၀န်ကြီးချုပ် အဖြစ်လည်းကောင်း ယနေ့ ကွယ်လွန်ဆုံးပါး သွားသည့်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။
နာမကျန်း ဖြစ်နေသော ကရင်နီအမျိုးသားခေါင်းဆောင် ဆရာကြီး ထဲဘူးဖဲသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ဆေးရုံ၌ တပတ်ကြာ ဆေးကုသမှု ခံယူနေရာမှ ယနေ့ ညနေ ၃ နာရီ ၂၅ မိနစ် အချိန်တွင် ကွယ် လွန်သွားပါသည်။

လက်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဥက္ကဌလည်းဖြစ်၊ ကရင်နီနိုင်ငံတော်အစိုးရ ၀န်ကြီး ချုပ်လည်း ဖြစ်သည့် အသက် ၇၄ နှစ်အရွယ် ထဲဘူးဖဲသည် လည်ချောင်းကင်ဆာရောဂါကြောင့် ဆုံးပါးသွား ခဲ့ရကြောင်း ဆရာဝန်တို့၏ အတည်ပြုချက်ကို မိသားစုဝင်များက ကန္တာရ၀တီတိုင်း(မ်)ကို ပြောပြသည်။

“သူ့ရောဂါက ကင်ဆာလို့ ပြောတယ်။ သူက ဆေးရုံ ရောက်သွားတာ နောက်ကျသွားတယ်။ ချင်း မိုင်ဆေးရုံထိ ရောက်သွားတယ်လေ။ သူဟာက အခြေအနေ တော်တော်ဆိုးလို့ သူ့ဦးနှောက်ထဲအထိ ပိုးရောက် တယ်တဲ့။ သူ့ရောဂါ ဖြစ်တာ ကြာပြီ။ ဒါပေမဲ့ ကျမတို့ကို မပြောပြဘဲ နေခဲ့တယ်” ဟု ထဲဘူးဖဲ၏ စတုတ္ထမြောက် သမီးဖြစ်သူ မော်သဲမာက ပြောပါသည်။

ထဲဘူးဖဲသည် ကရင်နီ ပြည်သူလူထုတို့၏ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ကေအဲန်ပီပီ ဥက္ကဌ သက်တမ်းအား ၃ ကြိမ်တိုင်တိုင် ရွေးချယ်တင် မြှောက်ခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ၁၁ ကြိမ်မြောက် ကရင်နီအမျိုးသား ပါတီကွန်ကရက်တွင် ပါတီဥက္ကဌအဖြစ် ထပ်မံ ရွေးကောက်တင်မြှောက်ခြင်းကို ခံခဲ့ရပြီး ပါတီ ဥက္ကဌအဖြစ် လည်းကောင်း၊ ၀န်ကြီးချုပ် အဖြစ်လည်းကောင်း ယနေ့ ကွယ်လွန်ဆုံးပါး သွားသည့်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။

ထဲဘူးဖဲသည် ၁၉၆၀ ခုနှစ်က ရန်ကုန် တက္ကသိုလ်မှာ နိုင်ငံရေး သိပ္ပံဘွဲ့ ရယူခဲ့ပြီး ကရင်နီစာပေ တီထွင်ခဲ့ရာ မဆလ အစိုးရမှ လက်မခံဘဲ ပိတ်ပင်ခဲ့သည့်အတွက် ကရင်နီတော်လှန်ရေးအဖွဲ့ ဖြစ်သည့် ကေအဲန်ပီပီထဲသို့ ၀င်ရောက်လာခဲ့ပြီး စာပေအား ဆက်လက်တီထွင် လာခဲ့သည်။

“သူဆုံးသွားတာ စောလွန်းတယ်။ အခုမှ အသက် ၇၄ နှစ်ဘဲ ရှိသေးတယ်။ အမှန်ဆို ၈၀၊ ၈၀ ကျော်အထိ နေသင့်သေးတယ်။ သူလုပ်စရာတွေ အများကြီး ရှိသေးတယ်။ အခု သူလုပ်နေတဲ့ ကရင်နီအ ဘိဓါန်တောင်မှ A ကနေ R အထိပဲ ရောက်သေးတယ်။ ဘယ်သူ ဆက်လုပ်မလဲ မသိဘူး” ဟု မော်သဲ မာက ပြောပါသည်။

ထဲဘူးဖဲသည် ကရင်နီပြည် ဖရူဆိုမြို့နယ် ကေးလျား ကျေးရွာတွင် အဖခွီးဆူရယ်နှင့် အမိမော်ဖိုးမာတို့မှ ဖွားမြင်ခဲ့သော ပဉ္စမမြောက်သား ဖြစ်သည်။ ခွီးဆူရယ်သည် ခွီးစောဖျာ ကေးဖိုးဒူ၏ စတ္ထုထမြောက် သား ဖြစ်သည်။

ရန်ကုန် တက္ကသိုလ် ကျောင်းသားကဒ်နှင့် တက္ကသိုလ် အရံတပ်ရင်း ကဒ်ပြားတို့တွင် ဖေါ်ပြထားသော ဆရာ ကြီး၏ မွေးနေ့ သက္ကရာဇ်မှာ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ဟု ရေးသားဖေါ်ပြထားသည်။ သို့သော် ဆရာကြီး ကတော်နှင့် မိသားစုတို့၏ ပြောပြချက်အရ ဆရာကြီး၏ မွေးနေ့ အမှန်မှာ ၁၉၃၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ကြောင်း၊ အဆိုပါ မွေးနေ့မှာ ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့နှင့် တိုက်ဆိုင်နေသည့် အတွက် ကျောင်းတက်ချိန်၌ မွေးနေ့ အမှန်အား ပြောင်းလဲပစ်ခြင်း ခံရကြောင်း ဆရာကြီး သက်ရှိ ထင်ရှားစဉ်က မိသားစုအား ပြောပြခဲ့ဖူးသည်။

ကေအဲန်ပီပီမှလည်း သမိုင်းမှတ်တမ်းများ ပြုစုရာ၌ ဆရာကြီး၏ မွေးနေ့ အမှန်သည် ၁၉၃၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ဖြစ်သည်ကို ပြန်လည်အသိအမှတ် ပြုမည်ဟု ဆိုထားသည်။

ဆရာကြီး ထဲဘူးဖဲ၏ ရုပ်ကလပ်အား လာမည့် တနင်္လာနေ့တွင် ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေ ကရင်နြီ ပည်တွင်း တနေရာ၌ သွားရောက်သဂြိုလ်သွားမည် ဖြစ်သည်။
ဆက်ဖတ်ရန်...
08:28

တီကျစ်ကျောက်မီးသွေးသတ္တုတွင်း၏ အကျိုးဆက်များ စာအုပ် ဒေါင်းလုပ်


ရှမ်းပြည်တောင်ပိုင်း ပင်လောင်း မြို့နယ် တီကျစ်ရှိ ကျောက်မီးသွေး သတ္တုတွင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်စက် ရုံကြောင့် လေ နှင့် ရေထုညစ် ညမ်းကာ လူ ၁၂,ဝဝဝ နီးပါး၏ စိုက်ပျိုးရေး လုပ်ငန်းနှင့် ကျန်းမာရေး တို့ကို ခြိမ်းခြောက်လျက် ရှိသည်။ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)နှင့် ချိုစွူ လှုပ်ရှားမှု ကွန်ယက် (Kyoju Action Network- KAN) က ယနေ့ ထုတ်ဝေသည့် “အဆိပ်သင့် တိမ်များ” အမည်ရ အစီရင်ခံစာတွင် ယင်းသို့ ရေးသားထားသည်။ download center
အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံမှ ပြဒါး၊ ခဲ၊ အာဆင်းနစ် ဓာတ်များပါဝင်သည့် ကျောက်မီးသွေးပြာမှုန် တန် ၁၀၀- ၁၅၀ခန့် ထုတ်လုပ်လျက်ရှိကြောင်းလည်း သိရသည်။

ယခင်နှစ်များမှ စတင်၍ ပြာမှုန်များကို ဒေသခံလမ်းများပေါ်တွင် ခင်းစေသည့်အတွက် ဒေသခံ ၅၀ ရာ ခိုင်နှုန်းကျော်မှာ အရေပြားရောဂါ ခံစားနေရကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

“ချောင်းကရေနဲ့ ကောင်းကင်က တိမ်တွေမည်းမှောင်လာတယ်၊ ဒီအဆိပ်သင့် ညစ်ညမ်းတဲ့ မြေယာထဲမှာ ကြီးပြင်းလာမယ့် နောက်နောင် ကျနော်တို့ မျိုးဆက်တွေ ဘာဖြစ်သွားနိုင်မလဲ” ဟု PYO အဖွဲ့မှ ခွန်ချန်ကီက ဆိုသည်။

စက်ရုံမှ လွင့်လာသည့် အဆိပ်သင့် ပြာမှုန်များသည် ဒေသတွင်းလမ်းများပေါ်နှင့် ရေတွင်းရေကန်များထဲသို့ ကျရောက် စီးဝင်ကြသည့်အတွက် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေကြောင်း၊ ၊ ပြာမှုန့်များမှ အဆိပ်ဓာတ် သည် မြေအောက်ရေကိုပါ အဆိပ်သင့်စေကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

ကျောက်မီးသွေးတွင်းမှထွက်လာသည့် မြေစာပုံများသည် တောင်ကြီးများသဖွယ်မြင့်တက်လာပြီး ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အပြင် ကျောက်မီးသွေးတွင်းကို နက်သည်ထက်နက်ရန် တူးသည်နှင့် အ မျှ မြေအောက်ရေ ကြောများကို ထိခိုက်ကာ သတ္တုတွင်းအတွင်း ရေလျှံမှုများ ဖြစ်ပေါ်လာကြောင်းလည်း ပါရှိသည်။

၂၀၀၁ ခုနှစ် စက်တင်ဘာလတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက စက်ရုံတည်ဆောက် ရန် နေရာရွေး ချယ်ပေး ခဲ့ပြီး စိုက်ပျိုးမြေ ဧက ၁၀၀ ကျော်ကို သိမ်းယူရန်အမိန့်ပေးခဲ့ကြောင်းလည်း သိရသည်။

သတ္တုတွင်းတွင် လုပ်ကိုင်ဆောင်ရွက်သူသည် မြေယာပိုင်ဆိုင်သူထံမှ စီမံကိန်း မစတင်မီ ခွင့်ပြုချက်ရယူရ မည် ဟု မြန်မာနိုင်ငံ သတ္တုတွင်း ဥပဒေ (၁၉၉၄)တွင် ရေးသားထားသော်လည်း စိုက်ပျိုးမြေဧက ၅၀၀ ကျော်ကို သိမ်းယူကာ လိုင်ခါးနှင့် တောင်ပို့လ ကျေးရွာများကို အတင်းအကျပ် ပြောင်းရွှေ့ စေခဲ့ကြောင်း၊ မိသားစု တခု လျှင် အများဆုံး လျော်ကြေးငွေ ၁၇၀၀၀၀ ကျပ်ကိုသာ ရရှိခဲ့ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

ကျောက်မီးသွေးတွင်းနှင့် စက်ရုံကို တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း (CHMC)က ရှမ်းရိုးမနဂါးနှင့် ဧဒင်အုပ်စု ကုမ္ပဏီတို့က ဖက်စပ်ဆောင်ရွက်ခဲ့ပြီး စက်ရုံအတွက် အမေရိကန် ဒေါ်လာ ၄၂. ၉၃ သန်းရင်းနှီး မြုပ်နှံခဲ့ကြောင်လည်း ဆိုသည်။

“မြန်မာပြည်မှာက အစိုးရလုပ်ချင်သလို လုပ်လို့ရတယ်၊ တရားဥပဒေမစိုးမိုးဘူး၊ ဒါကြောင့် တရုတ်တွေ က မြန် မာပြည် ကို စိတ်ဝင်စားတယ်၊ ဒီစီမံကိန်းဟာ တကယ်တော့ ဒေသခံလူထုအတွက် မဟုတ်ဘူး၊ တရုတ်တွေ အတွက်သာ ဖြစ်တယ်” ဟု ခွန်ချန်ကီ ကဆိုသည်။

ကျောက်မီးသွေးလျှပ်စစ်စက်ရုံမှ တနှစ်လျှင် ကျောက်မီးသွေး ၆၄၀၀၀၀ တန်အသုံးပြုနေပြီးလျှပ်စစ် မီဂါဝပ် ၁၂၀ ကိုထုတ်လုပ်မည်ဖြစ်သည်။

ယင်းလျှပ်စစ်ဓာတ်အားကို ယင်းဒေသရှိ နဂါးဘိလပ်မြေစက်ရုံသို့ တင်ပို့ပေးနေပြီး ပင်းပက် သံရည်ကြို စက်ရုံသို့ တင်ပို့ ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျောက်မီးသွေး သတ္တုတွင်းမှလည်း နေ့စဉ် လစ်ဂနိုက်နှင့် ဘစ်တူမိနပ်စ် ကျောက်မီးသွေး အမျိုးအစား တန်ချိန် ၂၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး လစ်ဂနိုက်ကျောက်မီးသွေးသည် ကာဗွန်ဒိုင် အောက်ဆိုဒ် အများဆုံးထွက်သည့် ပတ်ဝန်းကျင် အညစ်ညမ်းဆုံး ဖြစ်စေနိုင်သည့် ကျောက်မီးသွေးလည်းဖြစ်သည်။

အဆိုပါ စက်ရုံနှင့် သတ္တုတွင်းသည် အင်းလေးကန်၏ ၁၃ မိုင် အကွာ ရေဝေရေလဲဒေသအတွင်း တည်ရှိသည့် အပြင် အင်းလေးကန်အတွင်းသို့ စီးဝင်နေသည့် ဘီလူးချောင်းသည် စက်ရုံမှ စွန့်ပစ်ပစ္စည်း များကြောင့် ရေထုညစ်ညမ်း စေကြောင်းလည်း ဆိုသည်။

အင်းလေးကန်ရေခန်းခြောက်ရသည့် အကြောင်းအရင်းသည် ယင်းစက်ရုံ သတ္တုတွင်းများနှင့် ဆက်စပ်မှု ရှိကြောင်း လည်း ခွန်ချန်ကီက ပြောသည်။

“ဒီစီမံကိန်းမှာ စစ်အစိုးရ ခေါင်းဆောင် မောင်အေးနဲ့ အကျိုးတူ ကုမ္ပဏီတွေ ပါဝင် ပတ်သက်နေလို့ အင်းလေး ကန် ရေးခန်းတော့ အစိုးရက ဒီကိစ္စကို မပြောဘူး” ဟု ခွန်ချန်ကီက ဆိုသည်။

ကုမ္ပဏီများက ကျောက်မီးသွေးကို မြေအောက်ဥမင် စနစ်ဖြင့် ထုတ်လုပ်နေသောကြောင့် ကျေးရွာ လူထုများ မှာ မြေပြိုကျမည့် အရေးကို စိုးရိမ်နေကြောင်း တူးဖော်ရရှိသည့် ကျောက်မီးသွေးများကို တွင်းဘေးနှင့် လယ်မြေ ကွက် များတွင် ဖြစ်သလို ပုံထားသည့်အတွက် မြေဆီအရည်အသွေးကို ပျက်စီးစေကြောင်းလည်းသိရသည်။

“အင်းလေးကန် ပျက်စီးမှာကို စိုးရိမ်လို့ထုတ်တာပါ၊ အင်းနဲ့ ပင်လောင်းက လွှတ်တော်အမတ်တွေ လွတ်တော်မှာ သယ်သွားနိုင်အောင်လည်း မရရတဲ့ နည်းလမ်းရှာပြီးပို့သွားမယ်” ဟုလည်း ခွန်ချန်ကီက ပြောသည်။

အင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အင်းလေးကန် စိမ်းလန်းစိုပြေရေးကို အရေးပေးဆောင်ရွက် သွား မည် ဖြစ်ကြောင်း ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အကြီးစားကျောက်မီးသွေးသိုက် (၁၆) ခုရှိပြီး ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတ ခုဖြစ်သည့် အီတာလျံထိုင်း ကုမ္ပဏီနှင့် ထားဝယ်ရေနက် ဆိပ်ကမ်းဆောက်လုပ်ရန်ချုပ်ဆိုခဲ့သည့် သဘောတူ စာချုပ်တွင် အရှေ့တောင်အာရှ၏ အကြီးဆုံး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံကို ထားဝယ်အနီး တည်ဆောက်ရန် စီမံထားကြောင်းလည်း သိရသည်။

PYOသည် ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပင်းပက်သံသတ္တုတွင်းနှင့် အမှတ် ၅ သံမဏိစက်ရုံ နေရာတို့ကို လေ့လာသုတေသနပြုကာ “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ KAN သည် ၂၀၁၀တွင် ဒေသခံများ ကိုယ်တိုင်ကိုယ်ကျ သဘာဝအရင်းအမြစ်ကို ထိန်း သိမ်းခြင်းစွမ်းရည် မြင့်မားလာစေရန် စတင်တည်ထောင်ခဲ့သည်။
ဆက်ဖတ်ရန်...
20:03

အမေရိကန်လွှတ်တော်မှာ ဟူကျင်တောင်း ဝေဖန်ခံရ

တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ဟာ လူ့အခွင့်အရေးဆိုင်ရာ၊ စီးပွားရေးနဲ့ မြောက်ကိုရီးယားအရေး အပါအ၀င် အတိမ်းအစောင်း မခံတဲ့ ကျယ်ပြန့်တဲ့ ပြဿနာရပ် အတော်များများနဲ့ ပတ်သက်ပြီး ကြာသ ပတေးနေ့ က အမေရိကန် လွှတ်တော်မှာ သူ့ကို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တရုတ်နိုင်ငံက လူ့အခွင့် အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး သူနဲ့တကွ အတူလက်တွဲပြီး တာဝန် ထမ်းဆောင်နေ တဲ့ လွှတ်တော်အမတ်တွေ အကြား စိုးရိမ် စိတ်ပူမှုတွေ တိုးလာနေတာကို တင်ပြခဲ့တယ်လို့ အမေရိကန် အောက် လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘေးနား (John Boehner) က ပြောပါတယ်။
တရုတ်သမ္မတ ဟူကတော့ သူ့နိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ ရှိလာစေဖို့အတွက် အများကြီး လုပ်ဆောင်ရဦးမှာ ဖြစ်ကြောင်း၊ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့အတူ ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတ ဟူက နောက်ပိုင်းမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို မိန့်ခွန်း ပြောကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေး ဟာ တနေ့တခြား ကြီးထွားလာနေပေမဲ့ မသေချာ၊ မရေရာမှုတွေ အများအပြား ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စီးပွားရေး သေသေချာချာ နာလန်ထူလာစေဖို့အတွက် တရုတ်နိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံ လက် တွဲဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

နှစ်နိုင်ငံကြားက အတိမ်းအစောင်း မခံတဲ့ ပြဿနာရပ်တွေကို ကိုင်တွယ်ရာမှာ သဘောထား ကြီးကြီးနဲ့ အပြန် အလှန် လေးလေးစားစား ဆောင်ရွက်ဖို့ လိုအပ်ပြီး မကိုင်တွယ်တတ်ရင် နှစ်နိုင်ငံ ရေရှည် ပုံမှန် ပြဿနာတွေနဲ့ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

ဥပမာ တိဘက်နဲ့ ထိုင်ဝမ်ပြဿနာမျိုးတွေ ဖြစ်ပြီး တရုတ်နိုင်ငံက သူ့ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေပိုင်ဆိုင် မှုဆိုင်ရာ စိုးရိမ်မှုတွေကို ဖြစ်လာစေတယ်လို့ ဆိုပါတယ်။ News from VoA
ဆက်ဖတ်ရန်...
12:16

တီကျစ်မိုင်းကြောင့် လူ ၂ ထောင် အရေပြားရောဂါဖြစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ တီကျစ် ကျောက်မီးသွေး သတ္တုတွင်း စီမံကိန်းကြောင့် ရေနှင့် လေထု ညစ်ညမ်းမှုဖြစ်ကာ လူဦးရေ ၂,ဝဝဝ ခန့် အရေပြား ယားယံသည့် ဝေဒနာ ခံစားနေရကြောင်း ပအိုဝ်းလူငယ် အဖွဲ့နှစ်ခုက ထုတ်ပြန် သော အစီရင်ခံစာတစောင်က စွပ်စွဲလိုက်သည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ကျောက်မီး သွေးစီမံကိန်းကြောင့် အနီးရှိ တီကျစ်နှင့် ဆည်ခေါင်းကျေးရွာများမှ ရွာခံလူ ၄,ဝ၈ဝ အနက် ထက်ဝက်ခန့် အရေပြားပေါ်တွင် အယားဖုများပေါက်သည့် ဝေဒနာ ခံစားနေရသည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်တွင် ယနေ့စတင် ဖြန့်ချိသော “အဆိပ်သင့်တိမ်များ” အမည်ရှိ အစီရင်ခံစာတွင် ပါရှိသည်။
“ဓာတ်ငွေ့တွေ အနံ့ဆိုးတွေရယ်၊ နောက် ကျောက်မီးသွေးတွင်းက စွန့်ပစ်ထားတဲ့ အညစ်အကျေးတို့ မြေဇာတို့က ရွာထက်မြင့်နေတယ်။ အဲဒီကရတဲ့ အနံ့တွေကြောင့် လူတွေ ကြာတော့ ဒီရောဂါလက္ခ္ခဏာတွေ ပေါ်လာတာ” ဟု စစ်အစိုးရ အတိုက်အခံ ပအိုဝ်းလူငယ်အစည်းအရုံး (ပီဝိုင်အို) အတွင်းရေးမှူး ခွန်ချန်ကီက သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားသွားသည်။

မြန်မာနိုင်ငံရှိ ကျောက်မီးသွေးတွင်း ၁၆ ခုအနက်မှ အပွင့်စနစ်ဖြင့် ထုတ်ယူရာတွင် အကြီးဆုံး တီကျစ် ကျောက် မီးသွေးတွင်းမှ နေ့စဉ်တန်ချိန် ၂,ဝဝဝ ခန့်ထွက်သည်။

အင်းလေးကန်မှ ၁၃ မိုင်အကွာတွင် တည်ရှိသော တီကျစ်စီမံကိန်းကို တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းက ၂ဝဝ၂ တွင် စတင်လည်ပတ်နေပြီး မြန်မာနိုင်ငံမှ ဧဒင်အုပ်စုနှင့် ရှမ်းရိုးမနဂါး ကုမ္ပဏီများက ဖက်စပ်ဆောင်ရွက်ကြသည်။

ကျောက်မီးသွေးထုတ်လုပ်မှုမှ ပြာမှုန် နေ့စဉ် တန်ချိန် ၁ဝဝ အနည်းဆုံး ထွက်နေကာ ကျောက်မီးသွေးမိုင်းနှင့် လျှပ်စစ်စက်ရုံတို့မှ ထွက်ရှိသော စွန့်ပစ်အညစ်အကြေးများ ဘီလူးချောင်းတွင်း စီးဝင်နေသည်ဟု အစီရင်ခံစာ တွင် ပါရှိသည်။

စီမံကိန်းအနီး ၅ မိုင်ဝန်းကျင်အတွင်း၌ ကျေးရွာ ၂၅ ရွာရှိကာ လူဦးရေ ၁၁,၅၉၂ ဦး နေထိုင်ကြပြီး ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ပီဝိုင်အိုက သတိပေးလိုက်သည်။

စီမံကိန်းစတင်စဉ်က အိမ်ခြေ ၂၄ လုံးရှိ တောင်ပို့လနှင့် လိုင်းခါးရွာတို့ကို ကုမ္ပဏီများနှင့် အာဏာပိုင်များက အဓမ္မ ရွှေ့ပြောင်းပစ်ခဲ့သည်။

ထို့နောက် စီမံကိန်း တိုးချဲ့လာခဲ့ပြီး ဒေသခံများ၏ လယ်ယာမြေများကိုပါ သိမ်းယူ လုပ်ကိုင်လာသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

ကျောက်မီးသွေးမိုင်းကြောင့် လေထု ညစ်ညမ်းမှု ဒဏ်ခံနေရသဖြင့် အရေပြားပေါ်တွင် ယားနာဖုများ ပေါက်သည့် ဝေဒနာခံစားနေရသည်ကို မိမိတို့ ကြားသိထားရကြောင်း အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဝင်းမြင့်က မဇ္ဈိမသို့တယ်လီဖုန်းမှ ပြောသည်။

စီမံကိန်းနေရာများမှ စီးထွက်သည့် ညစ်ညမ်းရေများသည် တီကျစ်ချောင်းထဲမှနေ၍ အထက်ဘီလူးချောင်း၊ ထိုမှတဆင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ ထိန်းသိမ်းရမည့် အမွေအနှစ် ဥယျာဉ်များ စာရင်းဝင် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးကန်ဖြစ်သည့် အင်းလေးကန်ထဲ စီးဝင်နေကြောင်း အစီရင်ခံစာက ဖေါ်ပြသည်။

“အင်းလေးကန် ရေရှည်တည်တံ့ရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဟာ ကျနော်တို့ အင်းပါတီရဲ့ ပထမ ဦးစားပေး လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်ကို ထိခိုက်လာမယ့် လုပ်ငန်းအားလုံးကို ကာကွယ်သွားမှာ ဖြစ်ပါ တယ်” ဟု ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ယင်းဒေသတွင် ပအိုဝ်း လူမျိုးများ အများဆုံးနေထိုင်ကြပြီး ရှမ်း၊ မြန်မာ၊ တောင်ရိုး လူမျိုးများလည်း နေထိုင် ကြကာ အာလူး၊ဆန်၊ စပါး၊ လက်ဖက်၊ ဂေါ်ဖီ၊ ငရုတ်များ စိုက်ပျိုးကာ အသက်မွေးကြသည်။

ပအိုဝ်း လူငယ် အစည်းအရုံးနှင့် ချိုစွူ လှုပ်ရှားမှု ကွန်ယက်တို့သည် ဖေဖော်ဝါရီလကတည်းက တီဂျစ် စီမံကိန်းကို စောင့်ကြည့်နေခဲ့သည်ဟု ဆိုသည်။
ဆက်ဖတ်ရန်...
12:11

Shan Coal Mine Affecting Local Health, Report Says


In recent years, ash has been known to cover roads and some 50 percent of the local population suffers from skin infections, the report says. “Our skies and waters are turning black,” said Khun Chankhe of the PYO. “What future is there for our children who are growing up in a toxic wasteland?”
The agriculture and health of nearly 12,000 people living within a five-mile radius of Burma’s largest coal mine and coal-fired power plant are threatened with air and water pollution, according to a report titled “Poison Clouds” that was complied by the Pa-Oh Youth Organization (PYO) and the Kyoju Action Network (KAN).

According to the report, the power plant, which is located near Tigyit in Pinglaung Township in southern Shan State, releases 100 to150 tons of toxic ash containing mercury, lead and arsenic into the atmosphere every day

In recent years, ash has been known to cover roads and some 50 percent of the local population suffers from skin infections, the report says.

“Our skies and waters are turning black,” said Khun Chankhe of the PYO. “What future is there for our children who are growing up in a toxic wasteland?”

The residue from the coal mine is piling up so high that the dumps have become like hills and are blocking the flow of water, as well as creating pollution and stagnant lakes. Toxic fly ash that is dumped on coal mine waste piles or spread on local roads is also running off into local water sources, some of which eventually flows into Inle Lake, the report states.

The Burmese military regime’s Vice-Snr-Gen Maung Aye chose the site for the power plant in 2001, and instructed local military officials to confiscate more than 100 acres of local farm lands, said the 54-page report.

However, some 500 acres of land were seized. Three hundred and twenty-one families from Lai Khar and Taung Pola villages each received a maximum of 170,000 kyats (US $170) compensation for forced relocation.

However, the Myanmar Mines Law of 1994, Chapter 5, Section 4, states that “the holder of a permit for mineral production within an area under the Ministry's administrative control or which does not lie within the Mineral Reserve Area or Gemstone Tract, shall carry out such production only after coordinating and receiving agreement from the individual or organization having the right of cultivation, right of possession, right of use and occupancy, beneficial enjoyment, right of succession or transfer of the said land.”

The plant uses 640,000 tons of coal per year to produce 600 Gigawatts of power with a capacity of 120 Megawatts.

The China National Heavy Machinery Corporation, along with Eden Group of Myanmar and Shan Yoma Nagar, implemented the project in 2002 under the supervision of the Energy Ministry with an investment of $42.93 million.

Chit Khaine, the founder of Eden Group, is on the EU sanctions list under the category, “Persons Who Benefit from Government Economic Policies and Other Persons Associated with the Regime.”

“The project is for the sake of China, not for the local communities. The local people don’t receive sufficient electricity from the plant,” said Khun Chankhe.

Electricity produced from the power plant is sent to the nearby Nagar cement plant. A proposal is being considered to supply electricity to another mining project, the Pangpet iron factory near Hopone and the Taunggyi highway, which is run by Russian and Italian companies, the report said.

The Tigyit coal mine also produces nearly 2,000 tons of lignite and sub-bituminous coal every day. Lignite, a soft brown coal, produces the most carbon dioxide emissions per unit of energy than any other type of coal.

The plants and the mine are located within the watershed that is 13 miles from Burma’s famous Inle Lake in Shan State. River waters polluted by the mine and waste from the power plant are flowing into the lake via the Balu Creek, the report says.

Khun Chanke said that this is one of the main reasons why Inle Lake is drying up.

Residue piles from the mine are now towering above the homes of 3,000 people, blocking streams and contaminating fields. The coal is extracted through an underground tunnel system which runs beneath tea farms—another major concern for villagers who live in constant fear of landslides and land collapses, said the report.

“We issue the report today with concern for Inle Lake,” said Khun Chanke on Thursday.

“We also wish to call on the elected candidates from Inle and Pinglaung region to discuss this issue in Parliament.”

The Inn National Development Party has previously said that the party will focus on the environmental issues of Inle Lake.

There are over 16 large-scale coal deposits in Burma. The Italian-Thai Development Plc, a large Thai construction firm, signed a multi-billion dollar deal with Burma in November for the development of a deep sea port in Dawei (Tavoy). The project includes plans for Southeast Asia’s largest coal-fired power plant that will build in Dawei where 18 villages have been ordered to move to make way for the project, said the PYO/ KAN report.

PYO was set up in 1998 and says it is “striving for peace and justice in Burma through empowering youth.” It published a report, “Robbing the Future,” in June 2009 after two years of research at the site of Burma’s largest iron mine and the Pangpet No. 5 Steel Mill in Shan State.

KAN was set up in 2010 and says its aim is “strengthening communities’ capacity to protect their natural resources.”
ဆက်ဖတ်ရန်...
12:08

ကျောက်မီးသွေး သတ္တုတွင်းကြောင့် ဒေသခံများ ထိခိုက်

ရှမ်းပြည်တောင်ပိုင်း ပင်လောင်း မြို့နယ် တီကျစ်ရှိ ကျောက်မီးသွေး သတ္တုတွင်းနှင့် လျှပ်စစ်ဓာတ်အားထုတ် စက်ရုံကြောင့် လေနှင့် ရေထုညစ်ညမ်းကာ လူ ၁၂,ဝဝဝ နီးပါး၏ စိုက်ပျိုးရေး လုပ်ငန်းနှင့် ကျန်းမာရေး တို့ကို ခြိမ်းခြောက်လျက် ရှိသည်။
ပအိုဝ်းလူငယ် အစည်းအရုံး (PYO)နှင့် ချိုစွူ လှုပ်ရှားမှု ကွန်ယက် (Kyoju Action Network- KAN) က ယနေ့ ထုတ်ဝေသည့် “အဆိပ်သင့် တိမ်များ” အမည်ရ အစီရင်ခံစာတွင် ယင်းသို့ ရေးသားထားသည်။ အဆိုပါ လျှပ်စစ် ဓာတ်အားထုတ်စက်ရုံမှ ပြဒါး၊ ခဲ၊ အာဆင်းနစ် ဓာတ်များပါဝင်သည့် ကျောက်မီးသွေးပြာမှုန် တန် ၁၀၀- ၁၅၀ခန့် ထုတ်လုပ်လျက်ရှိကြောင်းလည်း သိရသည်။
ယခင်နှစ်များမှ စတင်၍ ပြာမှုန်များကို ဒေသခံလမ်းများပေါ်တွင် ခင်းစေသည့်အတွက် ဒေသခံ ၅၀ ရာခိုင်နှုန်း ကျော်မှာ အရေပြားရောဂါ ခံစားနေရကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။ “ချောင်းကရေနဲ့ ကောင်းကင် က တိမ်တွေမည်းမှောင်လာတယ်၊ ဒီအဆိပ်သင့် ညစ်ညမ်းတဲ့ မြေယာထဲမှာ ကြီးပြင်းလာမယ့် နောက်နောင် ကျနော်တို့ မျိုးဆက်တွေ ဘာဖြစ်သွားနိုင်မလဲ” ဟု PYO အဖွဲ့မှ ခွန်ချန်ကီက ဆိုသည်။

စက်ရုံမှ လွင့်လာသည့် အဆိပ်သင့် ပြာမှုန်များသည် ဒေသတွင်းလမ်းများပေါ်နှင့် ရေတွင်းရေကန်များထဲသို့ ကျ ရောက် စီးဝင်ကြသည့်အတွက် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေကြောင်း၊ ၊ ပြာမှုန့်များမှ အဆိပ်ဓာတ်သည် မြေ အောက်ရေကိုပါ အဆိပ်သင့်စေကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

ကျောက်မီးသွေးတွင်းမှ ထွက်လာသည့် မြေစာပုံများသည် တောင်ကြီးများသဖွယ်မြင့်တက်လာပြီး ရေစီးဆင်း မှုကို အဟန့်အတားဖြစ်စေသည့် အပြင် ကျောက်မီးသွေးတွင်းကို နက်သည်ထက်နက်ရန် တူးသည်နှင့်အမျှ မြေ အောက်ရေ ကြောများကို ထိခိုက်ကာ သတ္တုတွင်းအတွင်း ရေလျှံမှုများ ဖြစ်ပေါ်လာကြောင်းလည်း ပါရှိသည်။

၂၀၀၁ ခုနှစ် စက်တင်ဘာလတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက စက်ရုံတည်ဆောက်ရန် နေရာရွေးချယ် ပေးခဲ့ပြီး စိုက်ပျိုးမြေ ဧက ၁၀၀ ကျော်ကို သိမ်းယူရန်အမိန့်ပေးခဲ့ကြောင်းလည်း သိရသည်။

သတ္တုတွင်းတွင် လုပ်ကိုင်ဆောင်ရွက်သူသည် မြေယာပိုင်ဆိုင်သူထံမှ စီမံကိန်း မစတင်မီ ခွင့်ပြုချက်ရယူရ မည်ဟု မြန်မာနိုင်ငံ သတ္တုတွင်း ဥပဒေ (၁၉၉၄)တွင် ရေးသားထားသော်လည်း စိုက်ပျိုးမြေဧက ၅၀၀ ကျော်ကို သိမ်းယူကာ လိုင်ခါးနှင့် တောင်ပို့လ ကျေးရွာများကို အတင်းအကျပ် ပြောင်းရွှေ့ စေခဲ့ကြောင်း၊ မိသားစု တခုလျှင် အများဆုံး လျော်ကြေးငွေ ၁၇၀၀၀၀ ကျပ်ကိုသာ ရရှိခဲ့ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

ကျောက်မီးသွေးတွင်းနှင့် စက်ရုံကို တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း (CHMC) က ရှမ်းရိုးမနဂါးနှင့် ဧဒင်အုပ်စု ကုမ္ပဏီတို့က ဖက်စပ်ဆောင်ရွက်ခဲ့ပြီး စက်ရုံအတွက် အမေရိကန် ဒေါ်လာ ၄၂. ၉၃ သန်းရင်းနှီး မြုပ်နှံခဲ့ကြောင်လည်း ဆိုသည်။

“မြန်မာပြည်မှာက အစိုးရလုပ်ချင်သလို လုပ်လို့ရတယ်၊ တရားဥပဒေမစိုးမိုးဘူး၊ ဒါကြောင့် တရုတ်တွေက မြန်မာ ပြည် ကို စိတ်ဝင်စားတယ်၊ ဒီစီမံကိန်းဟာ တကယ်တော့ ဒေသခံလူထုအတွက် မဟုတ်ဘူး၊ တရုတ်တွေ အတွက် သာ ဖြစ်တယ်” ဟု ခွန်ချန်ကီ ကဆိုသည်။

ကျောက်မီးသွေးလျှပ်စစ်စက်ရုံမှ တနှစ်လျှင် ကျောက်မီးသွေး ၆၄၀၀၀၀ တန်အသုံးပြုနေပြီးလျှပ်စစ် မီဂါဝပ် ၁၂၀ ကိုထုတ်လုပ်မည်ဖြစ်သည်။

ယင်းလျှပ်စစ်ဓာတ်အားကို ယင်းဒေသရှိ နဂါးဘိလပ်မြေစက်ရုံသို့ တင်ပို့ပေးနေပြီး ပင်းပက် သံရည်ကြို စက်ရုံသို့တင်ပို့ ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျောက်မီးသွေး သတ္တုတွင်းမှလည်း နေ့စဉ် လစ်ဂနိုက်နှင့် ဘစ်တူမိနပ်စ် ကျောက်မီးသွေး အမျိုးအစား တန်ချိန် ၂၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး လစ်ဂနိုက်ကျောက်မီးသွေးသည် ကာဗွန်ဒိုင် အောက်ဆိုဒ် အများဆုံးထွက်သည့် ပတ်ဝန်းကျင် အညစ်ညမ်းဆုံး ဖြစ်စေနိုင်သည့် ကျောက်မီးသွေးလည်းဖြစ်သည်။

အဆိုပါ စက်ရုံနှင့် သတ္တုတွင်းသည် အင်းလေးကန်၏ ၁၃ မိုင် အကွာ ရေဝေရေလဲဒေသအတွင်း တည်ရှိသည့် အပြင် အင်းလေးကန်အတွင်းသို့ စီးဝင်နေသည့် ဘီလူးချောင်းသည် စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် ရေထု ညစ်ညမ်း စေကြောင်းလည်း ဆိုသည်။

အင်းလေးကန်ရေခန်းခြောက်ရသည့် အကြောင်းအရင်းသည် ယင်းစက်ရုံ သတ္တုတွင်းများနှင့် ဆက်စပ်မှုရှိ ကြောင်း လည်း ခွန်ချန်ကီက ပြောသည်။

“ဒီစီမံကိန်းမှာ စစ်အစိုးရ ခေါင်းဆောင် မောင်အေးနဲ့ အကျိုးတူ ကုမ္ပဏီတွေ ပါဝင် ပတ်သက်နေလို့ အင်းလေး ကန် ရေးခန်းတော့ အစိုးရက ဒီကိစ္စကို မပြောဘူး” ဟု ခွန်ချန်ကီက ဆိုသည်။

ကုမ္ပဏီများက ကျောက်မီးသွေးကို မြေအောက်ဥမင် စနစ်ဖြင့် ထုတ်လုပ်နေသောကြောင့် ကျေးရွာ လူထုများမှာ မြေပြိုကျမည့် အရေးကို စိုးရိမ်နေကြောင်း တူးဖော်ရရှိသည့် ကျောက်မီးသွေးများကို တွင်းဘေးနှင့် လယ်မြေ ကွက် များတွင် ဖြစ်သလို ပုံထားသည့်အတွက် မြေဆီအရည်အသွေးကို ပျက်စီးစေကြောင်းလည်းသိရသည်။

“အင်းလေးကန် ပျက်စီးမှာကို စိုးရိမ်လို့ထုတ်တာပါ၊ အင်းနဲ့ ပင်လောင်းက လွှတ်တော်အမတ်တွေ လွတ်တော်မှာ သယ်သွားနိုင်အောင်လည်း မရရတဲ့ နည်းလမ်းရှာပြီးပို့သွားမယ်” ဟုလည်း ခွန်ချန်ကီက ပြောသည်။

အင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အင်းလေးကန် စိမ်းလန်းစိုပြေရေးကို အရေးပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အကြီးစားကျောက်မီးသွေးသိုက် (၁၆) ခုရှိပြီး ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတခုဖြစ်သည့် အီတာလျံထိုင်း ကုမ္ပဏီနှင့် ထားဝယ်ရေနက် ဆိပ်ကမ်းဆောက်လုပ်ရန်ချုပ်ဆိုခဲ့သည့် သဘောတူ စာချုပ်တွင် အရှေ့တောင်အာရှ၏ အကြီးဆုံး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံကို ထားဝယ်အနီး တည်ဆောက်ရန် စီမံထားကြောင်းလည်း သိရသည်။

PYOသည် ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပင်းပက်သံသတ္တုတွင်းနှင့် အမှတ် ၅ သံမဏိစက်ရုံ နေရာတို့ကို လေ့လာသုတေသနပြုကာ “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” အစီရင်ခံစာကို ထုတ် ပြန်ခဲ့သည်။ KAN သည် ၂၀၁၀တွင် ဒေသခံများ ကိုယ်တိုင်ကိုယ်ကျ သဘာဝအရင်းအမြစ်ကို ထိန်းသိမ်းခြင်း စွမ်းရည် မြင့်မားလာစေရန် စတင်တည်ထောင်ခဲ့သည်။
ဆက်ဖတ်ရန်...
21:14

ပအိုဝ်းပြည်သူတစ်ဦးရဲ့ ရင်ဖွင့်သံ အပိုင်း(၁)

ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဆိုတဲ့စကားတွေကရော ဘယ်မှာသွားထားမှာလဲ။ တို့ပြည်သူတို့အနေနဲ့ စဉ်းစားဖို့အချိန်တန်နေပါပြီ။ အခုမှ မဟုတ်ပါဘူး အရင်ကတည်းကပါ အဖက် ဖက် ကချွှတ်ချုံကြနေတဲ့ အချိန်မှာ ပိပိပြားနေအောင် ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေဟာ တို့ပြည် သူတွေပဲဆိုတာကိုလည်း အားလုံးနားလည် သဘောပေါက်ထားပြီးသားဖြစ်ပါတယ်။
နှစ်တွေလတွေပြောင်းလဲ ခဲ့ပေမယ့် ယနေ့မြန်မာပြည်ကြီး မပြောင်းလဲနိုင်သေးတာ ဘာကြောင့်လဲ ဘယ် သူတွေကြောင်လဲလို့ ပြန်လည်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည့် အကြောင့်တွေနှင့် အခြေခံအဓိက ဆက်စပ်နေတဲ့ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရက သာဖြစ်ပါတယ်။ အရာရာတိုင်းမှာ နိုင်ငံတော် စစ်အာဏာရှင်အစိုးရလက်ထဲတွင်သာ ရှိနေပါရောလား။ ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဆိုတဲ့စကားတွေကရော ဘယ်မှာသွားထားမှာလဲ။ တို့ပြည်သူတို့အနေနဲ့ စဉ်းစားဖို့အချိန် တန်နေပါပြီ။ အခုမှ မဟုတ်ပါဘူး အရင်ကတည်းကပါ အဖက် ဖက် ကချွှတ်ချုံကြနေတဲ့ အချိန်မှာ ပိ ပိပြားနေအောင် ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေဟာ တို့ပြည် သူတွေပဲဆိုတာကိုလည်း အားလုံးနားလည် သဘောပေါက်ထားပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးကို လုပ်ကြမယ့်သူတွေ၊ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့လူတွေ အားလုံး စနစ်ကြီးတစ်ခုလုံးပြောင်းလဲဖို့ အချိန်တန်ပါပြီ။ တစ်ခေတ်ပြီးတစ်ခေတ် စနစ်ကြီးကလည်း နာမည် သာပြောင်းသွားပေမယ့်၊ အုပ် ချုပ်ပုံစနစ်က ဘာမှပြောင်းမသွားဘူး။ နှစ်ပေါင်းများစွာ သူ့ကျွှန်ခံလာရတဲ့ဘဝနှင့် ဘဝတူဖြစ်ခဲ့တဲ့ တချိန်တုန်းကတော့ သူကဖြူတယ်၊မဲတယ်၊အဆင့်တန်းနှိပ်တယ်၊မြင့်တယ် ဆိုတာမျိုးကိုမခွဲခြားပဲ လူမျိုးဘာသာ သသာနာတို့နှင့်အတူ တတန်းတည်းရှိခဲ့တဲ့ဘဝကို ပြန်သတိရကြည့်ပါ။ တိုင်းရင်း သားလူမျိုး တိုင်းမှာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေရှိပါတယ်။ လူမျိုးတမျိုးရဲ့ ဂုဏ်အင်္ဂါလက္ခဏာ လည်း ပြီးပြည့်စုံအောင် ရှိပါတယ်။ လူမျိုးတမျိုးရဲ့ သမိုင်း၊ရာဇဝင်နှင့် ဘာသာ၊စာပေ၊ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးစံစသည့် ဂုဏ်အင်္ဂါ အရည်အချင်းလည်း ရှိပါတယ်။ တချိန်တုန်းက တခြားသော လူမျိုးတွေနဲ့လည်း တတန်းတည်း တန်းတူညီ တူရှိမှုနှင့် စည်းလုံးညီညွတ်မှုဟူသော စကားနှင့်အညီ သူ့ကျွှန်ကိုအတူခံ၊ပြန်လည်တွန်းလှန်ခြင်းလည်း အတူ တူပဲ။ ဘာဖြစ်လို့ ခေတ်တ ခေတ်ပြောင်းသွား တော့မှ တန်းတူတဲ့အခွင့်အရေးကို မရတော့တာ လဲ၊ နိုင်ငံတကာက အော်နေတဲ့ လူ့အခွင့် အရေး တွေ၊ တကမ္ဘာလုံးက ဝိုင်းပြီးအသိအမှတ်ပြုနေကြတဲ့ အခွင့် အရေးတွေဟာ တို့မြန်မာနိုင်ငံမှာ မရှိ တော့ဘူးလား၊ မရနိုင်တော့ဘူးလား၊ ဒီလို့နဲ့ပဲ ပြည်သူတွေကို ပိ ပိပြားအောင် နှိပ်စက် နေတော့ မှာလား၊ တကယ်တမ်းကျတော့ ခင်ဗျားတို့ ကျနော်တို့အော်နေတဲ့ ဒီမိုကရေစီ ဆိုတာ ကျနော် တို့ပြည်သူလူထုတွေရဲ့ လက်ထဲမှာပဲရှိတာပါ၊ ဒါတွေကိုဘာဖြစ်လို့ တို့ပြည်သူတွေက ရဲ့ရဲ့ဝံ့ဝံ့ကြီး မထုတ်ဖော်ရဲ ကြ တော့တာလဲ၊ ဘာကြောင့်လည်း၊ ဘယ်သူတွေက အရောင်ပြောင်းပြီး ဆေးဆိုး လိုက်တာလဲ။ တိုင်းသူပြည်သားတိုင်းမှာ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ရှိပေမယ့်၊ လုပ်လို့မရခဲ့ဘူး၊ လိုခွင့်မ ရခဲ့တာ ဘာကြောင့်၊ ဘယ်သူတွေကြောင့်လဲဆိုတာ ထင်ထင်ရှားရှားသိဖို့လိုနေပါပြီ။ လွတ်လပ်ရေး မရခင်တုန်း က လွတ်လပ်ရေး ကိုရဖို့ လူမျိုးတမျိုးတည်းတိုက်ယူတာ မဟုတ်ဘူးဆိုတာကိုလည်း တို့ပြည်သူတရပ်လုံး အသိပါပဲ။ နိုင်ငံရေး အရနှင်ရော စစ်ရေးအရနှင့်ပါ တပေါင်းတစုတည်း တည် ဆောက်ပြီး ဘယ်လူမျိုးကြီးဝါဒကိုမှ အခြေမခံပဲ ရရာလက်နက်ဆွဲကိုင်ပြီး နယ်ချဲ့ဝါဒ၊ ဖက်စစ်စနစ်ဝါ ဒတို့ကို အတူတကွ တိုက်ထုတ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးလို့ ယနေ့ခေတ်မှာ တော့ မဟာလူမျိုးကြီးဝါဒတွေ၊ မဟာလူမျိုးသေးဝါဒတွေနှင့် ဖရိုဖရဲဖစ် ကုန်ပြီး စည်းလုံးညီညွတ်ရေးနှင့်တန်းတူတဲ့အခွင့်အရေးဆို တာတွေလည်းယနေ့ ထိ သေသေချာချာမရရှိ ခဲ့သေးပါဘူး။တကယ်တန်းကျတာ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်လှပါပြီဆိုတဲ့ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အဆိုအရတွေဟာ သူတို့အမျိုးနှင့် သူတို့အဖွဲ့တည်းအတွက်သာ ဖြစ်တယ်ဆိုတာ အားလုံး ထင်သာမင်သာ ဖြစ်နေလောက်ပါပြီ။ တကယ်အေးချမ်းသာယာလှပတဲ့ ဆည်တွေ၊ တံတားတွေ တည် ဆောက်ပြနိုင်ခဲ့ပေမယ့်၊ တိုင်းရင်းသားကျေးလက်တောရွာဖြစ်တဲ့ ပြည်သူပြည် သားတွေမှာ အလင်းမဲ့၊ ပညာမဲ့၊အဆာရေဆာငတ်ပြတ်၊ စီးပွားရေး၊ကျန်းမာရေးနှင့် လမ်းပမ်းဆက် သွယ်ရေးနောက်နှေးမှု တို့နှင့်သာ ဆက်လက်ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် ကျနော်တို့ပြည်သူ တစ်ယောက်အနေနဲ့ ပြောကြားလိုတာ ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မည်သည့်တိုင်းရင်းသား အဖွဲ့ အစည်းကိုမဆို အပစ်ခတ် ရပ်စဲတဲ့ အဖွဲ့အ စည်းနှင့်ရော ဒီမိုကရေစီအတွက် လက်နက်ကိုင် ဆက်လက်တိုက်ပွဲဝင် တော်လှန်ရေးဆင်နွဲနေတဲ့ အဖွဲ့များကပါ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ပြဌာန်းပိုင် ခွင့်နှင့် တန်းတူတဲ့အခွင့် အရေး ရရှိဖို့အတွက် သူများတကာကို အရှင်သခင် လို့ ခေါ်နေမဲ့အစား ကိုယ့်တိုင်းပြည် ကိုယ့်အမျိုးသား အတွက် ကိုယ်လူမျိုးအချင်းချင်း တပေါင်းတစည်း တည်းဖြစ်ဖို့ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်စွာ အားပေး၊ အားမြောက်ဖြစ်သင့်ပြီလို့ ကျနော် နိုးဆော်တိုက်တွန်းရင်း ဒီမိုကရေစီ သစ်ဆီသို့ အရောက်လှမ်းနိုင်ကြပါစေလို့နိဂုံးချုပ်အပ်ပါသည်။
ဆက်ဖတ်ရန်...
12:56

ပင်လောင်းမြို့နယ်မှ ဘိန်းစိုက်တောင်သူတို့ရဲ့ သံသရာ

ဒေသခံတစ်ဦး၏ ရင်တွင်းစကား စာရေးသားပေးပို့ချက်ဖြစ်သည်။
ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စုနှင့် ဖယ်ခုံမြို့နယ် အစပ်တွင် ဘိန်းခင်းစိုက် ပျိုးသည့် ရွာသူရွာသားများ ရှိပါသည်။ လုံးပျဉ်ကျေးရွာရှိ ရ.ယ.က ဥက္ကဌ ဦးဗိုလ်ဒင်နှင့် ရဲနယ်ထိန်း တပ်ကြပ်သန်း ထွန်းမှ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ၉ လပိုင်း၊ ၁၀ လပိုင်းနှင့် ၁၁ လပိုင်းတို့တွင် ၎င်းဘိန်းခင်းစိုက်ပျိုးသည့် ရွာသူရွာ သားများအပေါ် ကျပ်ငွေသိန်းပေါင်းများစွာ ကောက်ယူ တောင်းခံထားပြီးဖြစ်သည့်အတွက် ယင်းရ.ယ.က ဥက္ကဌ နှင့် ရဲနယ်ထန်းသန်းထွန်းတို့ထံ ဘိန်းစိုက်ပျိုးခွန်ပေးဆောင်ထားပြီးဖြစ်သည်။
၂၀၁၀ ခုနှစ် ၁၂ လပိုင်းတွင် တောင်ကြီးမြို့တွင်ရှိသည့် ဒုပြည်နယ်မှူးနှင့် အဖွဲ့သား ရဲအင်အား (၆၀) ကျော်ဖြင့် ယင်းဘိန်းစိုက်ခင်းများအား လာရောက် ဖျက်ဆီးခဲ့ပါသည်။ ဤကဲ့သို့ ဘိန်းစိုက်ခင်းများကို လာရောက်ဖျက် ဆီးခြင်းကြောင့် ဘိန်းစိုက်ပျိုးသည့် ဒေသခံများအနေဖြင့် နှစ်ထပ်ကွမ်းအထိနှာစေခဲ့ပြီး အကြီးအကျယ် ဆုံးရှုံး နှစ်နာစေခဲ့ပါသည်။

ရ.ယ.က ဥက္ကဌ ဦးဗိုလ်ဒင်နှင့် ရဲနယ်ထိန်း တပ်ကြပ် သန်းထွန်းတို့ထံ ဘိန်းစိုက်ခွင့် ဘိန်းအခွန်သိန်း ချီပေး ဆောင်ခဲ့ပြီးဖြစ်သည့်အတွက် တစ်အချက် နှစ်နာမှုဖြစ်သည်။ နှစ်အချက်အနေဖြင့် ဘိန်းစိုက်ဖို့ ရင်းနှီးခဲ့ရသည့် အရင်းအနှီးမတည်မှုနှင့် ရင်းနှီးခဲ့သည့်အချိန်နှင့် လူအား ငွေအား စသည့်ခွန်အားတို့ အလဟဿ ဖြစ်သွား ပါသည်။

ရဲတပ်ကြပ်သန်းထွန်းမှာလည်း သူ့ဆွေမျိုးများ စိုက်ပျိုးထားသည့်ဘိန်းခင်းများ များစွာရှိပါသည်။ သို့သော် ၎င်း ဆွေးမျိုးစိုက်ထားသည့် ဘိန်းခင်းများကို ဖျက်ဆီးခြင်းမပြုလုပ်ပဲ အခြားသော ဘိန်းခင်းကိုသာ ဖျက်ဆီးပါသည်။

ထို့အတူ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ် အစပ်ရှိ အခြားသောကျေးရွားများဖြစ်သည့် ခေါင်အိကျေးရွာ၊ လွယ်လုံကျေးရွာ၊ ကန်လကျေးရွာ၊ စက်တော်ကျေးရွာ၊ ကောင်ထိုကျေးရွာ၊ ကောင်ဟွပ်ကျေးရွာ စသည့်ကျေး ရွားများမှ စိုက်ပျိုးသည့်ဘိန်းခင်းများတွင်လည်း ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့ အထိ တောင်ကြီးမြို့ ဒုပြည်နယ်မှူးမှ တပ်အင်အား (၈၀) ဖြင့် လာရောက်ဖျတ်ဆီးခဲ့ပါသည်။

ထို့နည်းတူ ၎င်းရွာများမှ ဘိန်းစိုက်ပျိုးသည့်သူများမှ ရ.ယ.က ဥက္ကဌနှင့် ရဲနယ်ထိန်းသန်းထွန်းတို့ထံ ကျပ်ငွေ သိန်းပေါင်းများစွာ ဘိန်းခွန် ပေးစောင်ထားပြီး ဖြစ်ပါသည်။ ထို့ထက်မက ဖယ်ခုံမြို့ပေါ်ရှိ လက်နက်ကိုင်အဖွဲ့ အားလုံးနှင့် အာဏာပိုင်အဖွဲ့အားလုံး ဘိန်းစိုက်ရန်အခွန်ငွေ ယူပြီးဖြစ်ပါသည်။

ထို့ကြောင်း ဤမတရားသော လုပ်ရပ်များအား အားလုံးသိနိုင်ရန်အတွက် အသိပေးပါရန် အထူးမေတ္တာ ရပ်ခံအပ် ပါသည်။ စာရေးသားပေးပို့သူ
တောသားလေး
ပင်လောင်းမြို့နယ်ဒေသခံတစ်ဦး
ဆက်ဖတ်ရန်...
12:53

ပင်လောင်းမြို့နယ်အတွင်းပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လုပ်ရပ်အပေါ် ဒေသခံတစ်ဦး၏ ရင်တွင်းစကား

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူလူတွေဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ရဲ့ မတရားဖိနှိပ်မှုတွေ အနိုင်ကျင့်မှုအမျိုးမျိုးခံနေရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲ ကာလမှာ ပင်လောင်းမြို့နယ်အတွင်းမှာနေထိုင်တဲ့ အသက် ၁၈ နှစ်နှင့် အထက် မဲထည့်ခွင့်ရှိသူအားလုံး PNO ရဲ့ အမှတ်အသားဖြစ်သည့် နဂါးအမှတ်တံဆိပ်ကို တစ်ခုလျင် ကျပ် ၅၀၀ နှုန်းနဲ့ မ၀ယ်မနေရ အတင်းအဓမ္မ ၀ယ် ခိုင်းခဲ့ပါတယ်။
ယင်းနဂါးအမှတ်တံဆိပ်ကို မ၀ယ်ချင်တဲ့လူမှန်သမျ အရေးယူခြင်းခံမည်ဆိုပြီး နည်းမျိုးစုံနဲ့ မတရားအာဏာသုံးပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပင်လောင်းမြို့နယ်ရှိ ဒေသခံလူထုက ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့ရက် နိုဝင်ဘာလ ၇ ရက်နေ့မှာလည်း ရွာသူရွာသားတွေဟာ အမှန်ခြစ်ပြီးသားဖြစ်တဲ့ မဲပြားတွေကိုသာ ယူပြီးမဲထည့်ပေးခဲ့ရပါတယ်။ မိမိတို့ကျိုက်နှစ်သက်တဲ့ကိုယ်စားလှယ်ကို မိမိတို့ရဲ့စိတ်ဆန္ဒ အ တိုင်း မဲထည့်ခွင့်မရှိခဲ့ပဲ သူတို့ (PNO) ညွန်ကြားတဲ့အတိုင်းပဲ မဲထည့်ခဲ့ရပါတယ်။

ဒီရွေးကောက်ပွဲဟာ မိမိစိတ်တိုင်းကျ မဲထည့်ခွင့်မရှိတဲ့အတွက် တရားမျတတဲ့ ရွေးကောက်ပွဲမဟုတ်ပါဘူး။ တရား မျတမှုလည်း လုံးဝမရှိခဲ့ပါဘူး။

ယ္ခုဆိုရင်လည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ PNO ရဲ့ ရန်ပုံငွေဆိုပြီး တစ်အိမ်ကို ကျပ်ငွေ နှစ်သောင်း (၂၀၀ ၀၀) စီ ထည့်ပေးရမယ်လို့ ဆိုပြန်ပါတယ်၊ ဒီရန်ပုံကို မထည့်မနေရ ထည့်ရပါတယ်။

အဲဒါနဲ့မပြီးသေးပါဘူး၊ ရှမ်းတောင် နောင်ကားဘော်လုံးပြိုင်ပွဲအတွက် ဆိုပြီးတော့ တစ်အိမ်ကို နှစ်ထောင်ကျပ် (၂၀၀၀) ထည့်ပေးရပြန်ပါတယ်၊ အဲဒါလည်းပဲ မထည့်မနေပါပဲ။ ငွေထည့်ဖို့ သူတို့ချိန်းထားတဲ့ရက်လွန်ရင် ရွာသူကြီးဆီကို စာလုံးအနီရောင်နဲ့ စာရေးလာတာတို့၊ ကျည်ဆံတွေပို့လာတာတို့၊ သူတို့ရဲ့ ယူနီဖေါင်း ၀တ်စုံ အပြည့်တွေနဲ့ ၀တ်ပြီး ရွာသူကြီးအိမ်ကို လာရောက်ပြီး ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်တာတို့ စတာတွေ ပြုလုပ် ပါတယ်။

ထိုကဲ့သို့ မတရားဖိနိုပ်မှုတွေ အာဏာသုံးအနိုင်ကျင့်မှုတွေကြောင့် ရွာသူရွာသားတွေက အကြောက်တရားတွေနဲ့ နေထိုင်နေရပြီး အုပ်ချုပ်သူကို တချိန်လုံးကြောက်ရွံ့နေရပါတယ်။

ထို့ထက်မကသေးပါဘူး၊ ယ္ခုတစ်ခါ ပင်လောင်းမြို့နယ် တောင်ပိုင်းကျေးရွာအုပ်စု တိုင်း ရ.ယ.က ဥက္ကဌဆိုတဲ့ ရွာလူကြီးများဟာ တောင်ယာ ခြံ လယ်ယာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်တဲ့ ရွာသူရွာသားတွေအပေါ် အတင်းအဓမ္မ ငွေတွေတောင်းနေပြန်ပါတယ်။ ၎င်းတို့ငွေတောင်းတဲ့အကြောင်းကို အခြားမည်သူကိုမှ မတိုင်ကြားရန်နှင့် အထက်က လူကြီးများကိုလည်း မတိုင်ကြားရန် ခြိမ်းခြောက် ပြောဆို ထားခဲ့ပါတယ်။

ဤကဲ့သို့ ရွာသူရွာသားများအပေါ် အကြောင်းမဲ့ မတရားငွေတောင်းတဲ့လုပ်ရပ်တွေကို တာဝန်ရှိတဲ့ အာဏာပိုင် တွေထံ အကြောင်းကြားတိုင်တန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း တစ်စုံတရာ အရေးယူခြင်းမရှိခဲ့ပါ။ အထက်လူ ကြီးလို့ခေါ်တဲ့ အာဏာရှိ တာဝန်ရှိသူတွေကလည်း မသိသလို မဖြစ်သလိုပဲ နေကြပြန်ပါတယ်။

ထို့အတွက်ကြောင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်အောင် ပြည်သူလူထုအေးချမ်းသာယာအောင် မည်သည့်တစ်စုံတရာမှ ပြုလုပ်မပေးတဲ့အပြင် ရွာသူရာသားတွေရဲ့ သွေးချွေးနဲ့ ပင်ပင်းပန်းပန်းလုပ်ကိုင်ရှာဖွေပြီး ရလာတဲ့ ငွေတွေကို မတရားအတင်းအဓမ္မတောင်းယူ ကောက်ခံနေတဲ့ ယ္ခု လုံးပျဉ်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ ပအိုဝ်းအမျိုး သားအ ဖွဲ့ချုပ် PNO အဖွဲ့ဝင် ဦးမောင်တီး နဲ့ ဦးတီးတဲ (ရ.ယ.က) ဥက္ကဌ ဦးဗိုလ်ဒင် တို့အား အထက်လူကြီးတို့ အရေးယူ နိုင်ရန်နှင့် အားလုံးသိစေရန်အတွက် (…….. ..) သတင်းဌာနသို့ ဤစာဖြင့် ရေးသားပေးပို့ရခြင်းဖြစ်ပါသည်။

ဤစာလေးကို လူသိအောင် ဖေါ်ပြပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

စာရေးသားပေးပို့သူ
တောသားလေး
ပင်လောင်းမြို့နယ်ဒေသခံတစ်ဦး

ဆက်ဖတ်ရန်...
08:10

USDP to take action against corrupt MPs

Chiang Mai (Mizzima) – A Union Solidarity and Development Party (USDP) meeting held in the Burmese capital Naypyidaw on January 2 and 3, has decided to take action against newly elected MPs found to be corrupt or indulging in illicit sexual activities. The meeting was attended by over 300 central executive committee members, including top party leaders and recently elected MPs.
The discussion comes after the party received a number of formal complaint letters alleging misconduct.

MPs-elect decided first investigate allegations before taking action. However, a party source did not elaborate on the kinds of action that would be taken.

A USDP member who attended the meeting told Mizzima a resolution adopted at the matter said complaints reflected badly on the party.

The party resolution set out that USDP members were to consume alcohol in their homes, avoid eating at restaurants, and refrain from visiting massage parlours. Watching pornographic videos was also to be avoided, in addition to corruption and embezzlement.

According to a party member from Rangoon division, numerous voters had sent letters of complaints against USDP MPs-elect and party members, for visiting massage parlours, karaoke bars and restaurants and for indulging in illicit sexual activities, a party member from Rangoon division told Mizzima.

A number of the complaints had been signed with pseudonyms.

A second-hand car dealer from Rangoon said that USDP members had more disposable income to spend on such activities because of the power and authority they command. The party is lead and backed by the ruling military elite.

The committee meeting also deliberated on issues to be included in its parliamentary agenda, in preparation for the official opening of the People’s Assembly said to be on January 15.

The USDP won over 76 percent of contested seats in Burma’s first general elections in over 20 years held last November.

When parliament convenes, the USDP will occupy 882 seats out of a total of 1,154 seats across three legislatures.

The party still faces a number of outstanding complaints over electoral fraud and vote rigging.

The USDP was established by Burmese military officials in 1993 as a social organization. It was transformed into a political party just prior to the November 7 elections. News from Mizzima
ဆက်ဖတ်ရန်...
08:05

TBBC က ဒုက္ခသည် ထောက်ပံ့မှု လျှော့ချမည်

ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) သည် ရန်ပုံငွေ အခက်အခဲ ကြောင့် မြန်မာ ဒုက္ခသည်များကို ပေးနေသည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများနှင့် လုပ်ငန်းဆိုင်ရာ စရိတ်စကများကို ယခုနှစ်တွင် လျှော့ချ ဖြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။ TBBC သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည် ၁ သိန်းခွဲခန့်ကို စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့ နေသည့် လူမှုရေးအဖွဲ့များကို စုစည်းထားသည့် အဖွဲ့အစည်းကြီးဖြစ်သည်။
ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်ခြင်း၊ ငွေကြေးလဲလှယ်မှု နှုန်းများ ပြောင်းလဲခြင်း၊ ရန်ပုံငွေ ဖြတ်တောက်ခံ ရခြင်းနှင့် အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များအတွက်ပါ တာဝန်ယူရခြင်းတို့ကြောင့် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများကို လျှော့ချ ဖြတ်တောက်ရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သော TBBC ၏ သတင်းလွှာ၌ ဖော်ပြထားသည်။

လျှော့ချ ဖြတ်တောက်မှုများတွင် စားနပ်ရိက္ခာ၊ နေထိုင်စရာအတွက် အထောက်အကူပြု ပစ္စည်းများအပြင် စိုက် ပျိုးရေးနှင့် တခြား သက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍများရှိ အထူးအသုံးစရိတ်များ အကျုံးဝင်မည်ဖြစ် ကြောင်း သိရသည်။

စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ၇၀၀၀ ခန့် ထွက်ပြေးခဲ့ကြပြီး မကြာသေးမီက ဖလူးနှင့် ဝေါ်လေ ဒေသဘက်မှ ထွက်ပြေးလာကြသော ဒုက္ခသည်များ သည် ထိုင်းအာဏာပိုင်များ၏ ရွှေ့ပြောင်းနေရာချထားမှုများ၊ ပြန်ပို့မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း TBBC ၏ သ တင်းလွှာတွင် ရေးသားထားသည်။

ရန်ပုံငွေ လျှော့ချခံရခြင်းနှင့် ပတ်သက်၍ TBBC ၏ လက်ထောက် ညွှန်ကြားရေးမှူး ဆယ်လီ သွန်ပဆန်က “အလှူရှင်တွေ ရှိသည့်တိုင် အရှည်သဖြင့် ဆက်ပြီး ထောက်ပံ့နိုင်မလားဆိုတာ စိုးရိမ်မိပါတယ်။ ရေရှည်မှာ ထိုင်းဘက်ကို ရောက်နေတဲ့ မြန်မာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ခက်လာနိုင်ပါတယ်” ဟု ပြောကြား သည်။

မယ်လအုန်း ဒုက္ခသည်စခန်းမှ အိမ်ရှင်မတဦးက ဒုက္ခသည်စခန်းတွင် ဝါး၊ သစ်နှင့် သက်ငယ် ဓနိများ ယခုနှစ်အ တွက် လုံလောက်စွာ မရသဖြင့် နေအိမ်ကို မပြင်ဆင်နိုင်ကြောင်း ပြောသည်။

TBBC အနေဖြင့် အကန့်အသတ်ဖြင့် ပေးဝေမည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများကို အလွန်အမင်း အကူအညီလိုအပ်နေသည့် ဒုက္ခသည်များထံ ရောက်ရှိရေးအတွက် ကြပ်မတ်ဖြန့်ဝေမည်ဟုလည်း သတင်းလွှာ တွင် ဖော်ပြထားသည်။ News from Irrawaddy
ဆက်ဖတ်ရန်...
07:59

ပြည်ပပို့ မြန်မာဆန် မကြာခဏ ပြန်ပို့ခံရ

ပြည်ပသို့ တင်ပို့သည့် မြန်မာ့ဆန် အရည်အသွေး ကျဆင်းလာသဖြင့် ယခု နှစ်ကုန်ပိုင်းတွင် တင်ပို့သည့် ဆန်များ မှာ မကြာခဏပြန် ပို့ ခံရခြင်းများ ရှိလာကြောင်း ရန်ကုန်မြို့ဆန်ကုန်သည် အသိုင်းအ၀ိုင်းက ပြောသည်။ အာဖရိ ကရှိ အိုင်ဗရီကို့စ် နိုင်ငံသို့တင်ပို့သော၂၅ မှတ်ဆန်(ကျိုးကြေသော ရာခိုင်နှုန်း၂၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်) တင် သင်္ဘော တစီးသည် အရည်အသွေးမမီသောကြောင့် ကမ်းကပ်ခွင့်မပေးသဖြင့် ဒီဇင်ဘာလ အတွင်းက ပြန် လှည့်ခဲ့ရကြောင်း ရန်ကုန်မြို့ဘုရင့်နောင် ဆန်ကုန်သည် တဦးက ပြောဆိုသည်။ နိုဝင်ဘာလ အတွင်းက လည်း အရှေ့အလယ်ပိုင်း နိုင်ငံတနိုင်ငံသို့ တင်ပို့သော ၂၅ မှတ် ဆန် တန်ချိန် ၆၀၀၀ မှာ အရည်အ သွေးမမီသခြင့် ၀ယ်ယူခြင်းမပြုခဲ့ကြောင်း ရန်ကုန်မှ တခြားသော ဆန်ကုန်သည် တဦးကလည်း ပြောသည်။
“အာရပ်ကိုသွားတဲ့ ဆန်ကတော့ ပြန်ညှိလို့ရသွားတယ်လို့ ကြားတယ်။ နောက်ပိုင်း ဒီလိုမျိုးဖြစ်တာတွေ များလာ တယ်”ဟု ၎င်းက ဆိုသည်။

ပြည်ပသို့ တင်ပို့သော မြန်မာဆန် အများစုမှာ ၂၅ မှတ်ဆန် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ဆန်ဈေးကွက် ကိုသာ အဓိက ရောင်းဝယ်သော ရန်ကုန်ဆန်ကုန်သည် တဦးကလည်း ပြည်ပပို့ ဆန်ကုန်သည်များမှာ ပြည်တွင်း ဆန်ပေါက်ဈေးကြောင့် ဈေးမကိုက်သဖြင့် ဆန်ကို အရောအနှောထည့်သွင်းမှု ပြုလုပ်ခြင်းများပြားလာရာမှာ တဆင့် ထိုသို့ဖြစ်လာဖွယ်ရှိကြောင်း ပြောဆိုသည်။

“အခုက ပို့ဖို့အတွက် ဆန်အဟောင်းကို ၀ယ်တယ်။ ပြီးရင် အကျိုးရောရင် ဆန်အသစ်နဲ့ ရောတယ်။ ဒီတော့ အစို ဓာတ်က မတူ တော့ဘူး။ ဒါကို သင်္ဘောတင်တဲ့ အချိန်ကျတော့ လမ်းမှာ မှိုတက်ရော”ဟု မြန်မာ ဆန်စပါးဈေး ကွက်တွင် ရိတ်သိမ်းချိန်လွန် ပညာနှင့် ပတ်သက်၍ အထူးပြုလေ့လာနေသူ တဦးက ပြောသည်။

ပြည်တွင်း ဆန်ဈေးမှာ ဘုရင့်နောင် ဈေးကွက်၌ ဆန်သစ်မပေါ်မီ၂၅ မှတ် ဆန် တတန် လျင် ကျပ် ၂ သိန်း ၉ သောင်း ရှိပြီး ဆန်သစ် ပေါ်ပြီး ယမန်နေ့ကဈေးမှာ ကျပ်၂ သိန်း ၇ သောင်းရှိကြောင်း၊ Export (ပြည်ပပို့) ဆန် ဈေး တတန်ကို ဒေါ်လာ ၃၉၀ ၀န်းကျင် (ကျပ် ၃ သန်း ၉ သောင်းခန့်)ရှိကြောင်း သိရသည်။

ပြည်ပ တင်ပို့မည့် ဆန်ကို အရည်အသွေးစစ်ဆေးနိုင်သော လက်မှတ်ရ ကုမ္ပဏီများတွင် စစ်ဆေးတင်ပြ ထောက် ခံချက် ရယူပြီးမှ တင်ပို့ရခြင်းဖြစ်ကြောင်း၊ မြန်မာ ပို့ကုန် ဆန်များကို ဆွန်ဇာလန်နိုင်ငံ အခြေစိုက် အရည်အသွေး စိစစ်ရေးအဖွဲ့ SGS က အများဆုံး စစ်ဆေးပေးခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။ ထိုသို့ တင်ပို့ရ သော်လည်း တနည်းနည်းဖြင့် အရည်အသွေးမီ ကြောင်း ထောက်ခံချက်ရရှိရန် ကြိုးစားကြလေ့ ရှိကြောင်းလည်း သိရသည်။

“ဒီက ကုန်သည်တွေက ပူးပေါင်းတာကို အင်မတန်ကျွမ်းကျင်တာကိုး။ အဓိက အရည်အသွေးညံ့လို့ ပြဿနာဖြစ် နေတာ”ဟု ၀ါရင့် ဆန်ကုန်သည် တဦးက ဆိုသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ဂါနာနိုင်ငံသို့ တင်ပို့သော၂၅ မှတ်ဆန် တန်ချိန် ၁၅၀၀၀ ကျော်မှာ အရည်အသွေး မမီ ဟု ဆိုကာ ငြင်းပယ်ခံခဲ့ရပြီး တရားစွဲဆို ရင်ဆိုင်ရန် အထိဖြစ်ခဲ့သေးသည်။

ယခုနှစ်တွင် စပါးရိတ်သိမ်းချိန်၌ မြန်မာနိုင်ငံအနှံ့ အချိန်အခါ မဟုတ် မိုးရွာသွန်းခြင်း၊ နှင်းများ လွန်စွာကျဆင်းခဲ့ ခြင်းများကြောင့် စပါး အလေအလွင့်များနိုင်ပြီး စပါးထွက်နှုန်း ကျဆင်းနိုင်ကြောင်း ပြည်တွင်း ဆန်စပါး သုတေသီ တဦးက ခန့်မှန်းသည်။

ဆန်တင်ပို့မှုနည်းပါးခြင်း၊ ဆန်အသစ်များ ဈေးကွက်အတွင်း ၀င်ရောက်လာခြင်းတို့ကြောင့် ရန်ကုန်ဆန်ဈေးကွက် အတွင်း ဆန်ကြမ်း ဈေးနှုန်းမှာ လတ်တလေကျဆင်းနေကြောင်း ဆန်ကုန်သည်များက ဆိုကြသည်။

၂၀၁၀ ခုနှစ် ဧပြီ မှ ဒီဇင်ဘာလ အကြား ဆန်တန်ချိန် ၃ သိန်းနီးပါး တင်ပိုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ News from Irrawaddy
ဆက်ဖတ်ရန်...
07:57

စည်းလုံးညီညွတ်ကြဖို့ ကရင်နှစ်သစ်ကူးမှာ KNU တိုက်တွန်း

ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ဟာ ကရင်ပြက္ခဒိန်အရ ကရင်တိုင်းရင်းသားတွေရဲ့ ၂၇၅၀ ပြည့် နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ ဒီလို နှစ်သစ်ကူး အခါသမယမှာ ကရင်လူမျိုးတွေဟာ လက်ရှိ စစ်အစိုးရအောက်မှာ ဖိနှိပ်မှု အမျိုး မျိုးကို ခံစားနေကြရပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာကြောင့် သူတို့ရဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင် စွာ လွတ်လွတ်လပ်လပ် မဆင်နွှဲနိုင်ကြဘူးလို့ KNU ကရင်အမျိုးသား အစည်းအရုံးက ပြောပါတယ်။ အပြည့်အစုံ ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီကနေ့ဟာ ကရင်လူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ် ဖြစ်တာကြောင့် အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ် သစ်ကူး ပွဲတော်ကို ဆင်နွှဲကြရမှာ ဖြစ်ပေမဲ့ လက်ရှိအခြေအနေမှာ ကရင်လူမျိုး အများစုဟာ စစ်အစိုးရရဲ့ ဖိနှိပ် ချုပ်ချယ်မှု အမျိုးမျိုးကို ခံစားနေကြရတာကြောင့် ဒီ နှစ်သစ်ကူးပွဲတော်ကို မဆင်နွှဲနိုင်ဘဲ ကိုယ့်အသက် လုံခြုံမှု ရရှိဖို့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်။

“ကျမတို့ ဒီနေ့ ကရင်နှစ်သစ်ကူးနေ့၊ ကရင်တွေအတွက် နေ့ထူးနေ့မြတ်တရက် ဖြစ်တာပေါ့။ ဒါပေမဲ့ တကယ် လူမျိုးတွေအတွက် လွတ်လွတ်လပ်လပ် နှစ်သစ်ကူးနေ့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အခွင့်အရေး မရဘူး။ သူတို့က ဒီနှစ်မှာ ရွာသူရွာသားတွေ နအဖ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်တွေ ပျက်စီးပြီး တိမ်းရှောင်နေတာ ဖြစ်တယ်။ ဒုက္ခသည်တွေလည်း ဖြစ်လာတယ်။ အခုဆို တော်တော် ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေခဲ့ရတဲ့ ဘ၀တွေ ရောက်နေတယ်။ အထူးသဖြင့် ဒီနှစ်မှာလည်း လူဦးရေ အများကြီး ဒီလို ခံစားနေရတယ်။ နယ်စပ်တ လျှောက်လုံးမှာ ကြည့်မယ်ဆိုရင်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘာမှ အခွင့်အရေး မရခဲ့ပါဘူး။ ဒီနှစ်မှာ ပျော်ရွှင်ရ မယ့်အစား သူတို့မှာ ဘ၀လုံခြုံမှု ရရှိဖို့အတွက် ကြိုးစားနေရတဲ့ အဖြစ်ပဲ ရှိတယ်။”

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေထဲမှာ ကရင်လူမျိုးတွေဟာလည်း လူမျိုးကြီးတမျိုးဖြစ်ပြီး တိုင်းသားလူမျိုး တမျိုးရဲ့ အင်္ဂါရပ်တွေ အားလုံး ရှိနေပါလျက်နဲ့ သူတို့ဟာ ရရှိသင့်တဲ့ အခွင့်အရေး မရဘဲ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံကို ခံစားနေကြရတယ်လို့ နော်စီဖိုးရာစိန်က ဆက်ပြောပါတယ်။

“ကျမတို့ ကရင်ဒေသဟာ မြန်မာနိုင်ငံမှာ လူမျိုးတမျိုး ဖြစ်နေတဲ့ အတွက်ကြောင့် ကျမတို့လည်း ဒီလူမျိုး ရရှိ ရမယ့် အခွင့်အရေးတွေလည်း ဘာမှမရဘဲနဲ့ လူထုတွေက အမျိုးမျိုး အဖိနှိပ်ခံရတယ်။ ရွာသူရွာသားတွေ ရှိနေတဲ့ တောရွာတွေမှာပဲ ဖြစ်ဖြစ်၊ ဒီမှာရှိနေတဲ့ ရွာသူရွာသားတွေရော အမြဲပဲ စစ်တပ်က မီးရှို့လိုက်၊ ရွာသူရွာသား တွေကို သတ်ဖြတ်လိုက်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်လိုက်၊ ဒါတွေကို ကျမတို့ ကရင်အမျိုးသားတွေက ခံစားနေ ရတာ ကြာလှပါပြီ။”

နှစ်သစ်ကူးကို ကြိုဆိုရင်း ဆုံးရှုံးနေတဲ့ ကရင်အမျိုးသားတွေရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြဖို့ နော်စီဖိုးရာစိန်က တိုက်တွန်းပါတယ်။

“ဒီနှစ် ကျမတို့ ကရင်အမျိုးသားတွေ နှစ်သစ်ကူး ရောက်ရှိတဲ့ အတွက်ကြောင့် အားလုံးကို ၀မ်းသာပြီး ကြိုဆို လိုက်တယ်။ ကရင်အမျိုးသားတွေ အားလုံးအတွက် နေ့ထူးနေ့မြတ်တရက် ဖြစ်နေတဲ့ အတွက်ကြောင့် ကျမတို့ ရှေ့ဆက်ပြီး နှစ်သစ်မှာ အမျိုးသား ညီညွတ်ရေးအတွက် ပိုမိုပြီး ထိရောက်စွာ သွားနိုင်ဖို့အတွက် ကျမတို့ ပြောချင်တယ်။”

KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အတွင်းရေးမှူး နော်စီဖိုးရာစိန် ပြောပြခဲ့တာပါ။

KNU ဥက္ကဋ္ဌ စောတာမလာဘောရဲ့ နှစ်သစ်ကူး သ၀ဏ်လွှာထဲမှာတော့ ကရင်လူမျိုးတွေ ဖိနှိပ်ခံနေရတဲ့ ဘ၀က လွတ်မြောက်ဖို့အတွက် KNU အနေနဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့ပေမဲ့ အချင်းချင်း သွေးစည်းညီညွတ်မှု မရှိတဲ့အတွက် ရည်မှန်းချက် ပန်းတိုင်ကို မရောက်နိုင်ဘဲ ဖြစ်နေရတယ်လို့ ဖော်ပြထားပါတယ်။

ကရင်လူမျိုးတွေ လွတ်မြောက်ဖို့အတွက် ကရင်တိုင်းရင်းသား တဦးချင်းစီမှာ တာဝန်ရှိတာကြောင့် အားလုံး စည်းလုံးညီညွတ်စွာနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့လည်း KNU ဥက္ကဋ္ဌ စောတာမလာဘောရဲ့ သ၀ဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

KNU အနေနဲ့ ဒီနှစ်သစ်ကူး ပွဲတော်တွေကို လုံခြုံမှုရှိတဲ့ နေရာအသီးသီးမှာ ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ရှိကြတဲ့ ကရင်တိုင်းရင်းသားတွေလည်း နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ် ကူးပွဲကို အတားအဆီး အနှောင့်အယှက်မရှိ ဆင်နွှဲနိုင်ခဲ့ကြတယ် ဆိုပေမဲ့ ကရင်ခေါင်းဆောင်ကြီး စောဘဦး ကြီးရဲ့ ပုံနဲ့ တခြား ကရင်ခေါင်းဆောင်တချို့ရဲ့ ပုံတွေကို အာဏာပိုင်တွေဘက်က အသုံးပြုခွင့် မပေးခဲ့ဘူးလို့ ရန် ကုန်မြို့က ကရင်အသိုင်းအ၀ိုင်းက ပြောပါတယ်။

ကရင်ပြည်နယ် ဖားအံမြို့ အနီးနားက တောင်ကလေးဒေသမှာတော့ နှစ်သစ်ကူးပွဲကို အားလုံး အေးအေးချမ်းချမ်း ဆင်နွှဲနိုင်ခဲ့ပေမဲ့ အခါတိုင်းနှစ်တွေလို မဟုတ်ဘဲ အာဏာပိုင်တွေဘက်က ဒီနှစ်မှာ သ၀ဏ်လွှာ ပေးပို့တာမျိုး မလုပ်ခဲ့ဘူးလို့ ဒေသခံတဦးက ပြောပြပါတယ်။ News from VoA
ဆက်ဖတ်ရန်...
08:18

ပင်လုံစိတ်ဓာတ် ကင်းမဲ့မှု တိုင်းရင်းသား ခေါင်းဆောင်တွေ ဝေဖန်

လွန်ခဲ့တဲ့ ၆၃ နှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက အခုချိန်ထိ နှစ်တွေ ကြာလာခဲ့ပေမဲ့ စစ်မှန်တဲ့ ပြည် ထောင်စုနိုင်ငံကို မတည်ထောင်နိုင်ခဲ့ဘူးလို့ ပြည်တွင်းက နိုင်ငံရေးသမား တချို့က သုံးသပ်ကြပါတယ်။ လွတ် လပ်ရေး ရပြီးကတည်းက အဆင့်ဆင့် ပြောင်းလဲလာတဲ့ အစိုးရလက်ထက် တလျှောက်လုံးမှာ ပင်လုံစိတ်ဓာတ်ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်တာ မရှိသေးသလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကလည်း အပြောသာရှိခဲ့ပြီး လက်တွေ့လုပ်ဆောင်ခြင်း မရှိဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
လွတ်လပ်ရေး အဓွန့်ရှည်ဖို့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ အရေးကြီးတယ်လို့ မနေ့က ကျ ရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုလိုက်တဲ့အပေါ် တိုင်းရင်းသား ခေါင်းဆောင်တွေက ဝေဖန်ခဲ့တာပါ။ လွတ်လပ်ရေးရဲ့ အခြေခံ ပင်လုံစိတ်ဓာတ်ကို တန်ဖိုးထား တယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ချင်တယ်ဆိုရင် အခု တိုင်းရင်းသား ဒေသတွေမှာ ဖြစ် နေတဲ့ တိုက်ပွဲတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆိုတာ ရှိမှာမဟုတ်ဘူးလို့ ထောက်ပြကြသလို မြန်မာ စစ်အစိုးရဟာ အပြောသာဖြစ်ပြီး လက်တွေ့ဖော်ဆောင်တာ ဘာမှမရှိဘူးလို့ တိုင်းရင်းသားခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးပူကျင့်ရှင်းထန်က ဆိုပါတယ်။

“တကယ်လို့များ ပြည်ထောင်စုကို တည်တံ့ခိုင်မြဲဖို့၊ တကယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အရေးကြီး တယ်လို့ ယုံကြည်တယ်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုရအောင် သူတို့က စည်းရုံးရေးကို တ ကယ်လုပ်သလား ဆိုတာ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ အဲဒါကြောင့် ဒီဥစ္စာတွေ မလုပ်ဘဲနဲ့ နှုတ်လောက်နဲ့ပဲ ပြော တာက မလုံလောက်ပါဘူး။

“ပင်လုံစိတ်ဓာတ်ကို ကျနော်တို့ ဒီအချိန်မှာ မရဘူးဆိုရင် ဒီဥစ္စာက ကျနော်တို့ စည်းရုံးရေး လုပ်ပါတယ်၊ အဲဒီ လိုဖြစ်ဖို့ အခု အောင်မြင်နေပါတယ် ဆိုတဲ့ သဘောမျိုးနဲ့ ပြောနေတဲ့ ဟာတွေကတော့ အမှန်တရား မဟုတ်ဘူး။ တကယ်လုပ်ဆောင်တာလည်း မဟုတ်ဘူး။ တကယ်လိုအပ်နေတာကို သိလျက်သားနဲ့ လုပ်တဲ့နေရာမှာ ဒီအတိုင်း မလုပ်ရင်တော့ ပြောတာသက်သက်ပဲ ဖြစ်တယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်တယ်။”

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြိုးပမ်းခဲ့ကြတဲ့ ပင်လုံစိတ် ဓာတ် ဆိုတာကိုလည်း အစိုးရ အမျိုးမျိုး ပြောင်းလဲ အုပ်ချုပ်လာခဲ့ပေမဲ့ လက်ရှိ အခုချိန်ထိ ပြဋ္ဌာန်း ဖော်ဆောင် တာ မရှိဘူးလို့ နောက်ထပ် တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ CRPP အဖွဲ့က အတွင်းရေးမှူး ဦးအေးသာ အောင်က ထောက်ပြပါတယ်။

“ပထစခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ အခု န၀တ၊ နအဖ ခေတ်အဆက်ဆက်သာ ပြောင်းခဲ့တယ်၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးတာ မရှိတဲ့အတွက်ကြောင့် ဒီနေ့ လက်နက် ကိုင် ပဋိပက္ခတွေလည်း မချုပ်ငြိမ်းသေးသလို တိုင်းရင်းသားများရဲ့ ရည်မှန်းချက်တွေကိုလည်း မဖော်ဆောင်ပေး နိုင်တဲ့ အတွက်ကြောင့် အခုလို ပြဿနာတွေ ဖြစ်နေတာ။ ဒီစာချုပ်ပါ အချက်အလက်အပြင် တိုင်းရင်းသားများနဲ့ သဘောတူခဲ့တဲ့ သဘောတူညီချက်တွေလည်း ရှိပါတယ်။ အပြောသက်သက်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးကို မရနိုင်ဘူး ဆိုတာ သက်သေပြနေတာပဲ။

“ဒါကြောင့် တကယ့် တိုင်းရင်းသား စည်းလုံးမှုကို ဖော်ဆောင်ဖို့ဆိုရင် ပင်လုံသဘောတူညီချက်ကို လက်တွေ့ အားဖြင့် အကောင်အထည်ဖော်ဖို့ လိုမယ်၊ အဲဒီ သဘောတူညီချက်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြ ဋ္ဌာန်းမှသာလျှင် တကယ် လက်တွေ့ အကောင်အထည် ဖော်ရာလည်း ရောက်မယ်လို့ ကျနော့်အနေနဲ့ ပြောချင် တယ်။”

မြန်မာနိုင်ငံမှာ ပင်လုံစာချုပ်ရဲ့ တိုင်းရင်းသားတွေ သဘောတူညီချက်ကို အကောင်အထည် မဖော်နိုင်ခဲ့လို့ အခု ချိန်ထိ တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခတွေ မချုပ်ငြိမ်းသေးတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“အခု လတ်တလောမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့အတွက် နအဖက တိုက်တွန်းပေမဲ့ တိုင်းရင်းသား တွေက ဒီနယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ကို လက်မခံဘူးလေ။ ဘာကြောင့် လက်မခံလဲ ဆိုတော့ န၀တ၊ နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း တိုင်းရင်းသားများက လက်မခံသလို ဖွဲ့စည်းပုံမှာလည်း တိုင်းရင်းသားများရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးထားတာ မရှိတဲ့အတွက်ကြောင့် အခုထက်ထိ နယ်ခြား စောင့်တပ် သို့မဟုတ် ပြည်သူ့စစ် သို့မဟုတ် လက်နက် ဖြုတ်သိမ်းဖို့ကို တိုင်းရင်းသားများက လက်မခံတာ ဖြစ်ပါ တယ်။

“တိုင်းရင်းသားများနဲ့ တကယ် ပြေလည်ဖို့၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့၊ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ဖို့ဆိုရင် တကယ့် ပင်လုံ သဘောတူညီချက်ကို အကောင်အထည် ဖော်မှသာလျှင် ရနိုင်မယ်လို့ ကျနော့်အနေနဲ့ကတော့ ယုံကြည် တယ်။” CRPP အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့် မြတ်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုတခု ဖြစ်လာဖို့အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူနိုင်ဖို့ ကိစ္စကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတာဖြစ်ပြီး ဒါကိုလည်း တိုင်းရင်းသား အဖွဲ့တွေက ကြိုဆို ထောက်ခံထားပါတယ်။ News from VOA
ဆက်ဖတ်ရန်...
08:08

ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ

စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင်အ ထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။ ယင်းကဲ့သို့ တယ်လီ ဖုန်းများကို ကြားဖြတ်ခိုးယူ နားထောင်ရန် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာဌာနက နည်းပညာပိုင်း အကောင် အထည်ဖော် ပေးရကြောင်း သိရသည်။
ဖုန်းများ ခိုးယူနားထောင်သည့် လုပ်ငန်းကို စရဖ အဖွဲ့ဝင် ၂၀ ကျော်နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ၁ ဦးတို့က အလှည့်ကျနှုန်း ၂၄ နာရီ တာဝန် ယူသွားရမည် ဖြစ်ကြောင်း၊ သို့ရာတွင် မည်သည့် နေရာတွင် အခြေစိုက်စခန်း ထားရှိမည်ကို ရွေးချယ်နေဆဲ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာ ၀န်ရှိသူက ဆိုသည်။

ဖုန်းများကို ခိုးယူနားထောင်ရာတွင် GSM နှင့် CDMA စသည့် မိုဘိုင်း ဖုန်းများသာပါဝင်ပြီး ကြိုးဖုန်းများ မပါဝင် ဟု သိရသည်။

ဖုန်း ခိုးယူနားထောင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ စရဖ က စာရင်းပေးထား သူများထဲတွင် နိုင်ငံရေး နယ်ပယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမှုဆောင် လူကြီးများအပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့နှင့် တသီးပုဂ္ဂလ လွှတ်တော်အမတ် တချို့တို့၏ ဖုန်းများလည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် နှင့် ဦးနေအောင်တို့အပြင် တခြားစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၆၀ ကျော်တို့၏ ဖုန်းနံပါတ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အနိုင်ရ လွှတ်တော်အမတ်များ ဖြစ်သည့် ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးဝင်းမြင့်၊ ဦးကိုကိုကြီးတို့၏ ဖုန်းနံပါတ်များလည်း ပါဝင်နေကြောင်း သိရသည်။

လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော် သူ၊ မဖြူဖြူသင်း၊ ဒေါ်ရွှေဇီးကွက်နှင့် အနုပညာနယ်ပယ်မှ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ချိုတူးဇော်၊ အဆိုတော် အနဂ္ဂ၊ ရန်ရန်ချန်း၊ ကျားပေါက်နှင့် တခြားဟစ်ပ်ဟော့ပ်အဆိုတော်အချို့တို့ ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောပြသည်။

၎င်းပြင် Eleven Media Group မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန်းထွဋ်အောင်၊ The Voice ဂျာနယ်မှ ဒေါက်တာ နေ၀င်းမောင်၊ 7Days သတင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း၊ Yangon Media Group မှ အယ်ဒီတာချုပ် ကိုကို (စက်မှုတက္ကသိုလ်) နှင့် နိုင်ငံခြား သတင်းထောက်များ ဖြစ်သော ဒေါ်အေးအေးဝင်း၊ ဦးအောင်လှထွန်းတို့၏ ဖုန်းများသည် လည်း ကြားဖြတ်နားထောင်မည့် စာရင်းတွင် ပါဝင်ကြောင်း တွေ့ရသည်။

တယ်လီဖုန်း ကြားဖြတ်နားထောင်မည့်သူများ စာရင်းတွင် ကြံ့ဖွံ့ပါတီအနိုင်ရ အမတ်များ၊ စစ်အစိုးရနှင့် နီးစပ် သော စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်နေသဖြင့် ယခုအစီအစဉ်နှင့် ပတ်သက်၍ စရဖ အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တိုက်ရိုက် ညွှန်ကြားခြင်း ဖြစ်နိုင်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူက ခန့်မှန်းပြော ဆိုသည်။

ယခင် ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အာဏာရှိစဉ် စစ်ထောက်လှမ်းရေး ခေတ်က ယင်းကဲ့သို့ တယ်လီဖုန်းများ ကြားဖြတ်ခိုးယူ နားထောင်သည့် အစီအစဉ် ရှိခဲ့သော်လည်း စစ်ထောက်လှမ်းရေး အဖွဲ့ဖျက်သိမ်းခဲ့သည့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် ယင်းအစီအစဉ် ပျက်ပြယ်သွားခဲ့သည်။

“အရင် စစ်ထောက်လှမ်းရေး ခေတ်တုန်းကတော့ တယ်လီဖုန်းက ရှားတယ်။ သူတို့ခိုးနားထောင်တာက အလုပ် ဖြစ်တယ်။ အခုနောက်ပိုင်းက ဖုန်းတွေက ပေါလာတော့ တော်တော်များများလည်း ဖုန်းတွေ ပြောင်းကိုင် လာတော့ သူတို့အစီအစဉ်က အောင်မြင်မယ် မထင်ဘူး” ဟု ဆက်သွယ်ရေး အရာရှိ တဦးက ပြောသည်။

မြန်မာ စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွ လှုပ် ရှားသူများကို အမြဲတစေ စောင့်ကြည့်နေလေ့ရှိပြီး တယ်လီဖုန်း မှတ်တမ်းများကို သက်သေခံချက်များပြုလုပ်ကာ တရားစွဲဆို၍ ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်လေ့ရှိသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး ကာလတွင်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ၊ သ တင်းစာ ဆရာများနှင့် ကျောင်းသားလူငယ်တို့၏ တယ်လီဖုန်း အလုံး ၂၀၀ ခန့်ကို အကြောင်းပြချက်မရှိဘဲ ပိတ် ပင်ခဲ့သည်။ News from Irrawaddy
ဆက်ဖတ်ရန်...
14:12

လွတ်လပ်ရေးနေ့ အကြို NLD ဈေးရောင်းပွဲ ကျင်းပမည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွှေဂုံတိုင် ရုံးချုပ်တွင် နိုင်ငံရေး အကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များအား ထောက်ပံ့နိုင်ရေး အတွက် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဈေးရောင်းပွဲ ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။ “ဇန်န၀ါရီ ၂ ရက်ကနေ ၄ ရက်နေ့ မနက်ပိုင်းအထိ ဈေးရောင်းပွဲ လုပ်သွားမယ်။ ၄ ရက်နေ့ နေ့ခင်းပိုင်းကစပြီး လွတ်လပ်ရေး နေ့အခမ်းအနားနဲ့ ဟောပြောပွဲတွေ ဆက်လုပ်သွားမယ်”ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။ အဆိုပါ ဈေးရောင်းပွဲတွင် မည်သူမဆို လာရောက်၍ ဈေးရောင်း ချနိုင်ကြောင်း၊ ရောင်းချရမည့် ကုန်ပစ္စည်းအပေါ် တွင်လည်း ကန့်သတ်ချက်မရှိကြောင်း သိရသည်။
NLD ရန်ကုန်တိုင်း အမျိုးသမီး အဖွဲ့ဝင် ဒေါ်ဝေေ၀သိန်း က“တရားဝင်ပစ္စည်းမှန်သမျှ ရောင်းချလို့ရတယ်။ အဲဒီ ကရတဲ့ အမြတ်ကိုနိုင်ငံရေးအကျဉ်းသားတွေနဲ့ HIV/AIDS ဝေဒနာရှင်တွေကို ပြန်လှူဖို့ပါ။ ဒီလို ဈေးရောင်းပွဲ ကျင်းပရတာကလည်း သူတို့အတွက် ရန်ပုံငွေ ရှာတဲ့ သဘောပါ”ဟု ပြောသည်။

ထိုဈေးရောင်းပွဲတွင် လာရောက်ရောင်းချမည့်သူများသည် ၂၀၁၀ ဒီဇင်ဘာ ၃၀ ရက်နေ့နှင့် ၃၁ ရက်နောက် ဆုံးထား၍ ရွှေဂုံတိုင် ရုံးချုပ် ဗဟို အမျိုးသမီးအဖွဲ့ဝင် မအေးအေးမာ ထံသို့ လာရောက်စာရင်းပေးနိုင်ကြောင်း သိရှိရသည်။

“ပါတီရုံးချုပ်အတွင်းနဲ့ ရှေ့မျက်နှာစာမှာ ဆိုင်ခန်းတွေ ဖွင့်ပြီး ရောင်းချသွားမယ်။ တိုင်းနဲ့ပြည်နယ်က အဖွဲ့ဝင် တွေလည်း လာရောင်းကြမယ်။ အစားအသောက် ၊ အ၀တ်အထည် ၊ အမှတ်တရပစ္စည်း အစုံပါမယ်”ဟု ဦးအုန်း ကြိုင်က ပြောသည်။

NLD ပါတီသည် ၁၉၉၄ ခုနှစ်မှစတင်ကာ နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့မှု ပေးခဲ့ပြီး ယခုအခါ ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ထောက်ပံ့ငွေ ပိုမိုပေးအပ်နိုင်ရေးအတွက် ယခုကဲ့သို့ ဈေးရောင်းပွဲတော် ကျင်း ပ၍ ရန်ပုံငွေ ရှာရခြင်းဖြစ်ကြောင်း သိရသည်။

NLD လူမှုအထောက်အကူပြုအဖွဲ့မှ မဖြူဖြူသင်း ဦးဆောင်သည့် NLD လူငယ်များကလည်း ၂၀၀၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး လုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို စစ်အစိုးရက အာဏာလွဲအပ်ခြင်းမရှိဘဲ၂၀၁၀ ရွေးကောက် ပွဲ ထပ်မံကျင်းပ ခဲ့ရာ NLD ပါတီက ထိုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLDနှင့်အခြား ၁၀ ပါတီကို စက်တင်ဘာ ၁၄ ရက်တွင် တရား မ၀င်တော့ကြောင်း ကြေညာခဲ့ရာ NLD ပါတီက ၄င်း၏ တရားဝင်မှုအတွက် နအဖ စစ်အစိုးရကို တရားရင် ဆိုင်လျက် ရှိသည်။ News from Irrawaddy
ဆက်ဖတ်ရန်...
14:07

Burma 2011: Asian Friends Will Fill Junta Pockets

BANGKOK — The New Year seems likely to bring more foreign trade, more tourists and more lopsided development for Burma, with much of the financial benefits filling the bank accounts of junta leaders and their business cronies. These are the predictions of a number of expert observers who have been looking into their crystal balls at what 2011 offers the military run country.
The first quarter of 2011 will see continuing hesitation from both the United States and the European Union on the future of economic sanctions following the November elections and freeing from house arrest of Aung San Suu Kyi, while Asian neighbors will step up a business-as-usual policy.

China and Thailand will remain the biggest foreign investors, with an intensification of gas, oil and hydroelectric dam projects.

Probably the biggest single new business development will be the start of a major port-industrial complex in and around Tavoy (Dawei) on Burma’s deep southeast coast. The Thai-led multibillion dollar project will likely see additional investment commitments from South Korean and Japanese firms.

“The new political facade of an elected parliament and the privatization of some state-owned enterprises to military-friendly business tycoons will bring a veneer of change for the better, but the wealth will remain largely in the same hands,” said a trade official at a Western embassy in Bangkok, speaking on condition of anonymity.

This view is supported by long-time Burma analyst Sean Turnell, a professor of economics at Macquarie University in Sydney, Australia and editor of Burma Economics Watch.

“There will be the same old carve up of the gas revenues, and other ‘rents’ to be distributed to the regime and its cronies, whatever the political hats they may be wearing these days,” Turnell predicted for The Irrawaddy.

“I expect more Chinese dominance of the economy, some upswing in tourism, but overall, and in the absence of great change, more slippage of Burma into the economic backwater it has become this past 50 years,” he said.

The Economist Intelligence Unit’s (EIU) January assessment of Burma in 2011 is: “Recent political developments are not expected to have any immediate impact on the economy.”

The latest EIU report predicts that the new government is likely to continue to run a substantial fiscal deficit in 2011-12 and maintain a highly overvalued official exchange rate, with the central bank too ready to print money to finance the government deficit.

“Although it is possible that technocrats may be appointed to important positions in a new cabinet, there is unlikely to be any immediate improvement” in government, said the EIU.

While policy toward the Burmese regime in Washington, most European capitals and Australia will remain primarily hostile, the Naypyidaw government will get the support of “important allies” in Asia, notably China, India and Asean, said the EIU assessment.

China will continue with its construction of oil and gas pipelines from the Bay of Bengal into its southwest Yunnan province, as well as completion of a deep-draft port on Burma’s central coast specifically to transship crude oil from Africa and the Middle East.

Thailand’s state-owned PTTEP oil and gas explorer will invest further in its major new gas find at Block M-9 in the Gulf of Martaban, assessed as holding at least 50 billion cubic meters. Most of the gas will be piped to Thailand when production starts after 2013.

Thai state funds will also be invested in a new 160 kilometer road planned to begin in the first half of 2011, connecting Thailand’s border town of Kanchanaburi with the Burmese coast town of Tavoy.

The Thai construction giant Italian-Thai Development Company reached an agreement in November with the state Myanmar Port Authority to build a large port at Tavoy. Thai, Japanese, Chinese and South Korean firms have expressed interest in developing an industrial estate there with refining, petrochemicals manufacture and steel making backed by a 600 megawatt power station.

“Tavoy could become a major development in the coming years if Thailand can maintain good relations with the Burmese authorities, but I doubt if much will happen in 2011 beyond work on the connecting road,” forecast Collin Reynolds, an energy industries consultant in Bangkok.

Turnell thinks there is a possibility of discontent in 2011 among some senior army officers following the political-economic carve up connected with the November elections.

“One issue will be the potential discontent within the ruling clique: the 'new' military officers without the revenues supplied to their predecessors by the now privatized assets and enterprises. And on the flip side the disappointed former officers now without their uniforms, in parliament or elsewhere, but who were not compensated for their loss of the economic privileges an officer's cap bestowed.”News from Irrawaddy
ဆက်ဖတ်ရန်...