11:42

ပအိုဝ်းအမျိုးသား "မော်" (စာဟောဆရာ) ဓလေ့

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်နေကြသည့် တိုင်းရင်းသားလူမျိုးများ အများစုမှာ ဗုဒ္ဓဘာ သာဝင်များ ဖြစ်ကြပြီး၊ လူမျိုးအလိုက် မိမိတို့၏စာပေ၊ စကား၊ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုစသည့် မိရိုးဖလာရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ရှိကြပါသည်။ စာပေ၊ စကား၊ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုစသည့် ကိုယ်ပိုင်ယဥ်ကျေးမှုရှိကြသည့်တိုင်းရင်းသားများအနက် ပအိုဝ်းတိုင်းရင်းသားလည်းပါဝင်ပေသည်။ ပအိုဝ်းတိုင်းရင်းသား လူဦး ရေ၏ ၉၅ ရာခိုင်နှုန်းခန့်မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ မိဘဘိုးဘွားအစဉ်အဆက်ကပင် ဗုဒ္ဓဘာသာ ၀င်များဖြစ်ကြသောကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာ သာသနာကို အလေးအမြတ်ထား၍ သက်ဝင်ယုံကြည် ကိုးကွယ်ကြသည်မက ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရန်အတွက် သာသနာပြုလုပ်ငန်းများ တွင်လည်း အားကြိုးမာန်သက် ဆောင်ရွက်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် သာသနာပြုလုပ်ငန်းဆောင်ရွက်ရာတွင် "ပအိုဝ်းမော်ဟွိုး" ဟုခေါ်သည့် ကွက်စိပ် ဓမ္မကထိကပုဂ္ဂိုလ်တို့သည်လည်း အဓိကနေရာတွင် ပါဝင်ကြပါသည်။ "မော်" ဆိုသည်မှာ မြန်မာဝေါဟာရ အားဖြင့် "အတတ်ပညာ" ဟုခေါ်ပြီး။ "ဟွိုး"ဆိုသည်မှာ "ဟောပြောခြင်း" ဟုအဓိပ္ပာယ်ရပါသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ "မော်" ဓလေ့၏ အတတ်ပညာမှာလည်း အမျိုးမျိုးရှိသည်။ ယင်းတို့မှာ
၁) မော်ဟွိုး .... ကွက်စိပ်ဓမ္မကထိက ဗုဒ္ဓတရားဟောသောပုဂ္ဂိုလ်
၂)မော်ဟော်လိတ်... ပအိုဝ်းဘာသာဖြင့်ပြန်ဆိုထားသော ဇာတ်နိပါတ်တော်များနှင့် တရားစာများကို ဟောတတ် ပြောတတ်သူ၊ စာဟောဆရာ
၃) မော်လူ ... နတ်ကိုးကွယ်၍ ဗေဒင်ကဲ့သို့သော အတတ်ပညာကို ဟောပြောတတ်သူ
၎) မော်တရျား ... ပယောဂ ကုဆရာ
၅) မော်မူး... လက်သည်မ စသည်တို့ဖြစ်ပါသည်။

ယခုဖေါ်ပြလိုသည်မှာ သာသနာပြုလုပ်ငန်းတွင် အကျွမ်းဝင်သော "မော်ဟွိုး" ၏ အကြောင်းအရာပြင်ဖြစ်သည်။ "မော်ဟွိုး" ဆိုသည့် ကွက်စိပ်ဓမ္မကထိကတရားဟော ပုဂ္ဂိုလ်တို့သည် လူပုဂ္ဂိုလ်များသာ ဖြစ်သော်လည်း ဗုဒ္ဓဘာ သာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ဆောက်ရွက်မှုရှိသဖြင့် ဘုန်းတော်ကြီး ရဟန်း တို့၏ လက်သုံးတော်အဖြစ် အသိအမှတ်ပြုကြသည်။

"မော်" ဆရာတို့သည် ကာယကမ္မ၊ ၀စီကမ္မ၊ မနောကမ္မစသည့်အမှုတို့၌ ယဉ်ကျေးသိမ်မွေ့ကြသည်။ စကား အရာ၌လည်း ကြွယ်ဝသူများဖြစ်ကြသည်။ ရိုးရာ ဘာသာ သာသနာ ယဉ်ကျေးမှု ထိန်းသိမ်းရာ၌ အရေးပါအရာ ရောက်သောသူများလည်း ဖြစ်ကြပါသည်။

အဆိုပါ ပအိုဝ်းမော်ဟွိုး တို့သည် လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ခန့် ခရာဇ်နှစ် ၁၈၃၀ မတိုင်မီကပင်ပေါ် ပေါက်ခဲ့ဟု ပညာကြွယ်ဝသောမော်ဟွိုးနှင့် လူကြီးများမှ ဆိုကြသည်။

မော်ဟွိုး ပုဂ္ဂိုလ်တို့သည် တောင်ကြီးမြို့နယ်အတွင်းရှိ မိုင်းပျိုးဒေသမှ စတင်ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်းတွင်၊ နောင်ဟိုင်း၊ ဆီဆိုင် (သထွုံလေး) ခွီဒေသများသို့ တဆင့်ပြီးတဆင့်ပြန်ပွားလာခဲ့သည်။ ထို့နောက်တွင်တဒေသမှ တဒေသသို့ပြန့်ပွားလာခဲ့ရာ နောက်ဆုံးတွင် ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာဒေသ အနှံ့အပြားတွင် မော်ဟွိုး များ ပြန့်နှံ့သွားတော့သည်။ ယခုထက်တိုင် ပအိုဝ်းမော်ဟွိုး ဓမ္မကထိကပုဂ္ဂိုလ် နှစ်ရာကျော်ခန့်ရှိပြီး သူတို့ ၏ဓမ္မတေးသံများလည်း ဆွတ်ပျံ့ဝေဆာလျက်ရှိနေပါသည်။

မော်ဟွိုးတို့သည် လောကုတ္တရာ စာပေများကို လေ့လာဖတ်မှတ်၍ သူ့ဘာသာအလိုအလျောက် မော်တစ်ဦး ဖြစ်လာနိုင်ဖွယ်မရှိပါ။ ၀ါရင့်မော်ဆရာကြီးတစ်ဦးဦးထံသို့ တပည့်အဖြစ်ချဉ်းကပ်၍ မော်ပညာများကို အပင်ပန်း ခံကာ အားသွန်ခွန်စိုက် ကြိုးစားသင်ယူမှသာလျင် မော်တစ်ဦးဖြစ်နိုင်ပါသည်။ မော်ပညာကို သင်ယူသော ပုဂ္ဂိုလ် များသည် ၀ါသနာအထုံနည်းပါးသောပုဂ္ဂိုလ်များအတွက် အောင်မြင်မှုလမ်းမရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မော်ပညာသင်ယူစဉ် မိမိဆရာထံ၌ ၀တ်ကြီးဝတ်ငယ် ဆောင်ရွက်ဘွယ်ကိစ္စတို့ကို ပင်ပန်းစွာဆောင် ရွက်ပေးရ ပါသည်။ ဆရာခြေရင်းတွင် အနီးကပ်လုပ်ကျွေးရပါသည်။ မာန်မာနတရားကို အမြဲနှိမ့်ချရပါသည်။ မော်ပညာသင် ယူရာ၌ သင်ယူခများမပေးရသော်လည်း လူတိုင်းမသင်ယူနိုင်ပေ။ ငွေကြေးဓနပြည့်စုံသူတို့မှာ ဥစ္စာမာနကြောင့် ဆရာ့ထံတွင် အလုပ်အကျွေးမပြုလိုသဖြင့် ၀ါသနာအလွန့်အလွန်ရှိသောသူတို့သည်သာလျင် မော်ပညာကို တတ်မြောက်နိုင်ရန် အလားအလာရှိပါသည်။

မော် ပညာကို မသင်ယူခင် ပရိတ်ကြီး၊ ရှင်ကျင့်ဝတ်၊ သိင်္ဂါလောဝါဒ၊ လောကနီတိ၊ သဒ္ဒါ၊ င်္သဂြိုလ်စသည့် အခြေခံ ပညာရပ်များကို ရှေးဦးစွာတတ်ထားဖို့လိုပေသည်။ ထို့နောက်မှ ၀ါရင့်မော်ပညာရှိသူထံသို့ ချဉ်းကပ်၍ တပည့်ခံ ယူကာ မိမိဆရာအား ၀တ်ကြီးဝတ်ငယ်ဆောင်ရွက်ဘွယ်ကိစ္စအ၀၀တို့ကို အနီးကပ်လုပ်ကျွေးရင်း မော်ပညာကို ဆက်လက်သင်ယူရပါသည်။

မော်ပညာဆိုသည်မှာ အနန္တော အနန္တငါးပါးတို့ကို ရှိခိုးတိုင်တည်ရန် ဓမ္မလင်္ကာ၊ သူရဿတီကို တိုင်တည်ရန် အလင်္ကာစာပေများနှင့် ဓမ္မပဒ၊ ငါးရာငါးဆယ်နိပါတ်တော်၊ ဇိနတ္ထပကာသနီကျမ်း၊ သံဝေကဒီပနီ၊ မဟာဗုဒ္ဓ၀င် စသည့် ပိဋ္ဋကတ်ကျမ်းစာအမျိုးမျိုးတို့ကိုအတွင်းကျကျလေ့လာသင်ယူရပါသည်။ ကိုယ်အမူအရာနှင့် အနှိမ့်အမြင့် အတိုအရှည် ဒီဃ၊ ရဿ၊ ဂရုသံ၊ လဟုသံစသည်တို့ကို ပီသအောင်လေ့ကျင့်ယူရပါသည်။ ဤမျှတတ် မြောက်ရုံဖြင့် မော်ဆရာ မဖြစ်နိုင်သေးပေ။ ငါးပါးသီလ ခိုင်လုံအောင်စောင့်ထိန်းရသေးသည်။ မူးယာဇ်သေစာ သောက်စားခြင်း သူများအသက်သတ်ခြင်းစသည့် ငါးပါးသီလမလုံခြုံပါက မည်မျပြင်ပညာတတ်စေကာမူ မော်ဆ ရာဟု မည်သူမျအသိအမှတ်ပြုတော်မည်မဟုတ်တော့ပေ။ ထို့ကြောင့် မော်ပုဂ္ဂိုလ်တို့သည် ငါးပါးသီလကို ခါးဝတ် ပုဆိုးကဲ့သို့အမြဲစောင့်ထိန်းကြပြီး ဗြဟ္မာစိုရ်တရားလေးပါးကို လိုက်နာလေးစား၍ မာန်မာနနှိမ့်ချခြင်း၊ ဣနြေ္ဒ သိက္ခာရှိရှိဖြင့် သွားလာခြင်း၊ လူတကာကိုယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံခြင်း စသည့်မော်ဥပဒေတို့ကို အမြဲလိုက်နာရပါသည်။

ဓမ္မကထိကမော်တစ်ဦးဖြစ်လာသည့်အခါ ဆေးမင်ကြောင်များကိုလည်း ထိုးရသေးသည်။ ဘုရားငါးဆူ၊ သူရ ဿတီ၊ မေတ္တာဓာတ်ပွင့်စသည့်ဆေးမင်ကြောင်များကို ရင်ဘတ်၊ လက်မောင်းစသည့်နေရာများတွင် ကတိသစ္စာ ခံယူ၍ ထိုးထားကြသည်။ ဤသို့ဆေးမြင်ကြောင်များထိုးထားရခြင်းသည် ကာမေသုမိစ္ဆာစာရ၊ သုရာမေရယ စ သည့်အကျင့်သီလများ မဖေါက်ပြားနိုင်စေရန် အတွက်ဖြစ်ပါသည်။

ဓမ္မကထိကမော်တစ်ဦးဖြစ်ပြီးသည့်အခါ လိုအပ်သောမော်တို့၏အသုံးကိရိယာများမှာ ပိုးခေါင်းပေါင်းတစ်ထည်၊ မော်ခမောက် (မော်ပုဂ္ဂိုလ်များ သုံးရန်အတွက် နှီးစသည်ဖြင့်ပျော့ပြောင်းစွာ ယက်လုပ်ထားသောခမောက် ဦးထုပ်တစ်မျိုး)၊ ပအိုဝ်းအ၀တ်အစားသန့်သန့်ပြန့်ပြန့်တစ်စုံ၊ ခြေအိပ်တစ်စုံ၊ ချွေးသုတ်ရန်သ ဘက်တစ်ထည် စသည်တို့ဖြစ်ပါသည်။

မော်တို့၏အခြေခံပညာနှင့် တရားစာအနည်းအကျဉ်းတတ်မြောက်လျင် ရှေးဦးစွာ ဆရာရှေ့တွင်၎င်း၊ မိမိနေ အိမ်၌၎င်း တရားဟော လေ့ကျင့်ရပါသည်။ ထို့နောက် ဆရာနှင့်လိုက်၍ ပွဲကြီးပွဲငယ်များတွင် တရားဟောရ ပါသည်။ ဓမ္မကထိကအရာ၌ကျွမ်းကျင်လိမ္မာရင့်ကျက်လာသောအခါ ဗုဒ္ဓသာသနာပြုလုပ်ငန်းအတွက် အားထားရ သော မော်ဟွိုးတစ်ဦးဖြစ်လာပါတော့သည်။

မော်ဟွိုးတို့၏တရားဟောပွဲများမှာ ရဟန်းခံရှင်ပြုပွဲ၊ ကျောင်းကန်ဇရပ်ရေစက်ချပွဲ၊ ဆွမ်းသွပ်ပွဲစသည့် သာရေး၊ နာရေးပွဲများတွင် ပွဲဒါယကာတို့၏ ပင့်ဖိတ်ချက်အရ ယင်းပွဲများနှင့် ဆက်စပ်သောတရားများကို ချီးမြင့်ဟော ကြားကြရသည်။ ရဟန်းခံ ရှင်ပြုပွဲစသည့် ပွဲကြီးများမှာ မော်ပုဂ္ဂိုလ်သုံးဦး လေးဦးပူးပေါင်း၍ အလှည့်ကျ တရား ဟောရပါသည်။ ဆွမ်းသွပ်ပွဲ အိမ်တက်မင်္ဂလာပွဲ စသည့်ပွဲငယ်များမှာ မော်တစ်ဦးနှစ်ဦးမျှသာ ဟောရပါသည်။ မော်ပုဂ္ဂိုလ်တစ်ဦးတရားဟောရာတွင် သုံးနာရီ လေးနာရီမျ ကြာသည်။ သူတို့၏တရားဟောခြင်းသည် သုံးလေး နာရီခန့်အချိန်ကြာသော်လည်း တရားနာပရိတ်သတ်တို့ ငြီးငွေ့ခြင်း၊ ပျင်းရိအိပ်ငိုက်ခြင်းမရှိပဲ စိတ်ဝင်စား လျက်ရှိကြသည်၊ ဤသို့ဖြစ်ရခြင်းမှာ ပအိုဝ်းတိုင်းရင်းသားတို့၏ ဒါနပြုပွဲ၊ အလှူပွဲများတွင် ဇာတ်သဘင်၊ အငြိမ့်စ သည့်ပျော်ပွဲရွှင်ပွဲပါဝင်လေ့မရှိသဖြင့် တရားနာခြင်းအမှုကိုသာ ပျော်ပွဲ ရွှင်ပွဲအဖြစ် ဖြစ်နေသောကြောင့် မည်မျှ ပင်အချိန်ကုန်ကြန့်ကြာသော်လည်း ငြီးငွေ့ခြင်းမဖြစ်ကြပေ။ အချို့ပွဲများတွင် တစ်ရက်နှင့်တည၊ နှစ်ရက်ဆက် တိုက် သုံးရက် စသဖြင့် နေ့စဉ်ညဆက် တရားပွဲများ ရှိကြသည်။
မော်ပုဂ္ဂိုလ်များ တရားဟောရာ၌ .....
၁) အနန္တောအနန္တငါးပါး (ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ) တို့ကို ရှိခိုးခြင်း၊
၂)မတ်တတ်ရပ် အနန္တောအနန္တဂုဏဆုပတ္တနာကို အမွန်းတင်ဂုဏ်တော်ဖွင့်လင်္ကာနှင့် သူရဿတီကို တိုင်တည်ခြင်း၊
၃)ပြုလုပ်ဆဲအလှူပွဲနှင့် ဆက်စပ်သောအကြောင်းအရာများကို တရားခေါင်းစဉ်တပ်၍ အကျိုးအကြောင်း ရှင်းပြ ခြင်း၊
၎) တရားဟောခြင်း၊
၅) ၀တ္ထုသက်သေသာဓကတို့ကို ကွက်စိပ်အောင် ထုတ်ဖေါ်ဟောပြောခြင်း၊
၆) တရားဟော အနုမောဒနာပြု၍ အဆုံးသတ်ခြင်းဟူ၍ အပိုင်း (၆) ပိုင်းပါဝင်၏။ မော်ဟွိုး တရားပြီးဆုံး၍ အလှူပွဲ၏နောက်ဆုံး အစီအစဉ်အရ ဘုန်းတော်ကြီးများက တရားချီးမြင်ံဟောကြားပေးရသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် တောင်ယာအလုပ်ခွင်ထဲတွင် နေ့စဉ်အချိန်ကုန်နေရသဖြင့် ဗဟုသုတစာ ပေများ နှင့် အမြဲကင်းကွာနေရ၏။ လေ့လာဖတ်မှတ်ရန်လည်း အချိန်သိပ်မရှိကြသဖြင့် ဗဟုသုတနည်းပါး၍ နေကြရ သည်။ သို့သော်လည်းပဲ မော်ပုဂ္ဂိုလ်တို့သည် အလှူပွဲများတွင် အလုပ်သမားများ၏ဗဟုသုတစာအုပ်အဖြစ် အမြဲ တရားဟောပေးနေသဖြင့်၊ ဗဟုသုတတိုးပွားပြည့်စုံကြ၏။ ပညာရေး၊ လူမှုရေးစသည်တို့ကို သဘောသက် ၀င်လာကြ၏။
ပအိုဝ်းတိုင်းရင်းသားတို့ ကျင်းပသောပွဲများသည် ဗုဒ္ဓဘာသာနှင့် မကင်းကွာသဖြင့် ဗုဒ္ဓတရားတော်များကို အမြဲ ကြားနေကြရ၏။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် အနန္တော အနန္တကျေးဇူးဂုဏ်ကိုသိတတ်ခြင်း၊ ရတနာ သုံးပါးကိုကြည်ညိုခြင်း၊ ဖြူစင်ရိုးသားခြင်း၊ မှန်ကန်ဖြောင့်မတ်သောစိတ်ထားရှိခြင်း၊ ဗြဟ္မာစိုရ်တရားလက် ကိုင် ထားကြခြင်း၊ စေတနာ သဒ္ဓါဗလဖြင့် ပြည့်စုံခြင်းနှင့် ဒါနဘာဝနာများကျင့်ကြံ ပြုလုပ်ခြင်း စသည့်ဗုဒ္ဓသာသနာကို ချီးမြောက်ကြလေသည်။ အလေးအမြတ်ပြုကာ ကြည်ညိုကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ ဤကဲ့သို့ဗုဒ္ဓသာသနာအတွက်အားတက်ဖွယ်ဖြစ်ရခြင်းမှာ ပအိုဝ်းရဟန်းသံဃာတို့၏ လက်ရုံးတော်ဖြစ်သည့် နိဗ္ဗ္ဗာန်ဆော်ဓမ္မကထက "မော်ဟွိုး" တို့၏ ကျေးဇူးနှင့်မကင်းနိုင်ပေ။ ထို့ကြောင့် ကွက်စိပ် ဓမ္မကထိက "ပအိုဝ်းမော်ဟွိုး" တို့သည် တော်ပေါ်ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းတွင် အရေးပါသောအခန်း ကဏ္ဍတွင် ပါဝင်ပါသည်။ ။
မှတ်ချက်။ ။ "ဒဲဉ်သီးလက်ဆောင်း" စာစောင်မှ ခွန်အာကာ ရေးသားထားသည့်စောင်းပါးကို ကောက်နှုတ်ဘာ သာပြန်ထားပါသည်။
ဆက်ဖတ်ရန်...
11:33

ပအိုဝ်းအမျိုးသားနေ့သိမှတ်စရာ

အမျိုးသားနေ့ဆိုသည်မှာ လူမျိုးတစ်မျိုး (သို့မဟုတ်) နိုင်ငံတစ်နိုင်ငံထဲမှာရှိသည့် ပြည်သူလူထုတို့၏ ဘ၀ရပ် တည်နေနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျိုးစားရုန်းကန်နေရသည့် ကာလအတွင်း သမိုင်းတနေရာမှာ ကြုံတွေ့ခဲ့ရသည့် မမေ့နိုင်သောနေ့တစ်နေ့ဖြစ်သလို လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာအဖြစ် ထူးခြားတဲ့ နေ့တစ်နေ့ လည်းဖြစ်ပါသည်။
ထို့နည်းတူစွာ ဒီနေ့ဒီအချိန်အခါမျိုးရောက်လာတိုင်း ကျွန်တော်တို့ပအိုဝ်းအမျိုးသားများအားလုံးအတွက် အထွဋ် အမြတ်ထားသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်၍ အသိကိုယ်စီဖြင့် ရောက်လေရာအရပ်တိုင်းမှာ ကိုယ့်နည်းကိုယ့် ဟန်ဖြင့် ဂုဏ်ယူပွဲတွေ ပြုလုပ်ကျင်းပကြသည်။

တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရသည့်အကြောင်းမှာ--
ဘီစီ (၆) ရာစု၊ မဟာသက္ကရာဇ် (၂) ခုနှစ်၊ တပေါင်းလပြည့်နေ့၊ စနနေ့တွင် နေထွက်စ လ၀င်ခါနီးအချိန်မှာ ရာဇာသက္ကမင်းကြီးနှင့် ကလျာဏဒေ၀ီမိဖုရားတို့၏ ရင်သွေးရတနာ သူရိယစန္ဒာမင်းသားကို ဖွားမြင်ခဲ့ ပါသည်။ သူရိယစန္ဒာမင်းသားသည် ခမည်းတော် နတ်ရွာစံပြီးနောက် တိုင်းပြည်ကိုမင်းအဖြစ် ဆက်ခံခဲ့သည်။ သူရိယ စန္ဒာမင်းကြီးလက်ထက်မှာ သုဝဏ္ဏဘူမိပြည် ပိုမိုဖွံ့ဖြိုးတိုးတက်လာသည့်အပြင်၊ မဇ္ဈိမဒေသဘက်၌ ဂေါတမ မြတ်စွာဘုရားလည်း ပအိုဝ်းတိုင်းပြည်ကို ကြွရောက်ခဲ့သည်။
သူရိယစန္ဒာမင်းကြီးသည် ပအိုဝ်းတမျိုးသားလုံး၏ ဂုဏ်ရောင်၊ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သည့် မင်းကောင်း မင်းမြတ်ဖြစ်၍ သူရိယစန္ဒာမင်းမြတ်၏မွေးနေ့ဖြစ်သည့် "တပေါင်းလပြည့်နေ့" ကို "ပအိုဝ်းအမျိုးသားနေ့" အဖြစ် သတ်မှတ်ခဲ့ကြသည်။
"ကျောင်,ထို" အစည်းအဝေးနဲ့ ပအိုဝ်းအမျိုးသားနေ့"
၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်မှ ဒီဇင်ဘာလ (၂၆) ရက်နေ့အထိ အမျိုးသားခေါင်းဆောင်ကြီး သထုံဦး လှဖေဦးဆောင်သည့် ပထမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံ (လုံးဒါ) ကျင်းပချိန်အတွင်းမှာ တက်ရောက် လာသော ညီလာခံကိုယ်စားလှယ်များဆန္ဒအရ သူရိယစန္ဒာမင်းကြီး မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ဆုံးဖြတ်ချက်တရပ်ချခဲ့ကြသည်။

၁၉၇၇ ခုနှစ် နှစ်လယ်လောက်တွင် "ကျောင်,ထို" အရေးပေါ်အစည်းအဝေး၌ လုံးဒါညီလာခံမှ ဆုံးဖြတ်ချက် ချထားသည့် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့အတွက် အစည်းအဝေးကျင်းပပြီး ပြန်လည်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ထိုအစည်းအဝေးမှ ရရှိလာသည့်အကျိုးရလာဘ်သည် လာမည့် ၁၃၃၉ ခုနှစ်၊ တပေါင်းလပြည့် (၁၉၇၈ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့) တွင် ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့ကို ကန်တော်ကြီးမြို့နယ် "နောင်ယာသဲုင်," ကွင်းတွင် ကျင်းပပြုလုပ်ရန်အတွက် ထပ်မံဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။ ကျောင်,ထိုအရေး ပေါ်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရကြောင့် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ပွဲတော်အား ဒေသပေါင်းစုံ ပအိုဝ်းအမျိုးသားများအားလုံး စတင်စုပေါင်းကျင်းပလာရခြင်း ဖြစ်ပါသည်။

ပအိုဝ်းအမျိုးသားနေ့ပွဲတော် ရည်မှန်းချက်
၁) မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး
၂) အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရေး
၃) အမျိုးသားယဉ်ကျေးမှု မြှင်တင်ရေး
၎) ပအိုဝ်းတစ်မျိုးသားလုံး၏ အနာဂါတ်ပိုမို ဖွံ့ဖြိုးတိုးတက်ရေး
၅)ပအိုဝ်းတစ်မျိုးသားလုံးအတွက် ခိုင်မာသည့် အမျိုးသားစာပေ တမျိုးတည်းသာ ပြဌာန်းနိုင်ရေး စသည်တို့ ဖြစ်သည်။
မှတ်ချက်။ ။ ခွန်ဝိဇ္ဇာရေးသားထားသည့်မူးရင်းပအိုဝ်းဘာသာမှ ခွန်အောင်မြတ်မှ ကောက်နှုတ် ဘာသာပြန် ထားသည်။
ဆက်ဖတ်ရန်...
11:20

ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာ "ဆွမ်းစာဂ" အစီအစဉ်

ပအိုဝ်းတိုင်းရင်းသားဘာသာစကားဖြင့် "ဆွမ်းစာဂ" ဟုခေါ်ဆိုခြင်းအဓိပ္ပါယ်မှာ သံဃာတော်များနှင့် သက်ကြီး ရွယ်အိုများကို ကပ်လှူသောဆွမ်းဟု အဓိပ္ပါယ်ရပါသည်။ ၀ါတွင်းသုံးလအတွင်း ဥပုတ်ရက်များတွင် သက်ကြီးရွယ် အိုများသည် ရွာဦးရှိဘုန်းကြီးကျောင်းသို့ အလှူအဒါန်းပြု၊ တရားနာပြီး သီလဘာဝနာနှင့် ဥပုဒ်သီလစောင့် တည်ရန် ထိုဘုန်းကြီး၏ ဇရပ်၌ပင် အိပ်စက်ကြပါသည်။
နောက်တနေ့ နံနက်တွင် ဘုန်းကြီးကျောင်းတွင်အိပ်ပြီး ဥပုဒ်သီလစောင့်တည်သည့် အဖိုးအို အဖွားအိုများနှင့် ကျောင်းတွင်းရှိ ရဟန်းသံဃာများကို ဆွမ်းဟင်း ဆွမ်းထမင်းများကို ကျေးရွာအတွင်းရှိ အပျိုလူပျိုများကို ချက်ပြု၍ ကပ်လှူကြပါသည်။

ဥပုဒ်သီလရက်မတိုင်မီ သုံးလေးရက်အလိုတွင် နီးရာငါးရက်တစ်ကြိမ်ဈေးသို့ သွား၍ ပန်းများ၊ ဟင်းသီး ဟင်း ရွက်များ၊ လှူဖွယ်ပစ္စည်းများနှင့် ချက်ပြုစရာ တိုလီမိုလီများကို အပျိုလူပျိုများမှ တာဝန်ခွဲ၍ ၀ယ်ယူကြပါသည်။

လပြည့်လကွယ်နေ့များ၏ နံနက်ပိုင်းတွင် ဘုန်းကြီးကျောင်းတက်ကြ၍ ဘုန်းကြီးကျောင်းမှပြန်လာပြီးနောက်၊ ရွာတွင်းရှိ အပျိုလူပျိုများသည် ဆန်ဆေးခြင်း၊ ကြသွန်နွှာခြင်း၊ ငရုပ်သီးထောင်းခြင်း၊ ရေခပ်ခြင်းစသည့် ဆွမ်းချက်ရန် ပြင်ဆင်မှုများပြုလုပ်ကြပါသည်။

ညနေစောင်း နွားကျောင်းပြန်လာသည့်အချိန်သို့ရောက်သော် အပျို လူပျိုများသည် ဘုန်းကြီးကျောင်းသို့ တဖန်ပြန်သွားကား ကျောင်းထိုင်ဘုန်းကြီးကို နောက်နေ့အာရုဏ်ဆွမ်းစားရန်အတွက် ဖယောင်းတိုင်များ ပန်းစည်းများ ဆက်ကပ်၍ ပင့်ဖိတ်ရပါသည်။

ထို့နောက် ဥပုဒ်သည်အဖိုးအို၊ အဖွားအိုတို့ထံသို့ သွားပြီး တစ်ဦးခြင်းကို ဖယောင်းတိုင်နှင့် ပန်းစည်းများ ပေး၍ ပင့်ဖိတ်ရပြန်သည်။ ထိုသို့ ပင့်ဖိတ်ရာတွင်လည်း ရွာတွင်းလူပျိုခေါင်းဆောင်ဖြစ်သူမှ ပင့်ဖိတ်ခြင်းစကားလင်္ကာကို တိုင်ပြီး ကျန်သည့်အခြားသောအပျိုလူပျိုများမှ လိုက်ဆိုရသည်။ ပြီးလျင် မိမိတို့အိမ်သို့ ပြန်ကာ ထမင်းစား သောက်ပြီး "ဆွမ်းစာဂ" ချက်ပြုတ်မည့်အိမ်တွင် လာရောက်စုစည်းကြပါသည်။

မောင်ရီပျိုးစချိန်တွင် "ဆွမ်းစာဂ" ချက်ပြုတ်မည့် လူပျိုများမှ အိုးစည်ဗမောင်းတီးပြီး အချက်ပေးပါသည်။ ဗုံ မောင်းသံကြားလျင် အပျိုများသည် ရောင်စုံချယ်သထားသောချစ်စရာမျက်နှာများနှင့် ထမင်းအိုး ဟင်းအိုးများ ကိုယ်စီဖြင့် ရောက်လာကြပါသည်။ ည (၈) နာရီခန့်တွင် အိုးစည်ဗုံမောင်းတီးပြီး ပျော်ရွှင်စွာထမင်းဟင်းများကို ချက်ပြုတ်ကြသည်။

(၁၀) နာရီခန့်သို့ရောက်သော် ပအိုဝ်းလို "ငေါဝ်းကဲ" ဟုခေါ်သော ပအိုဝ်းရိုးရာစကားထာကို အပျိုနှင့် လူပျို များကို သူနိုင် ကိုယ်နိုင် အသံဆွဲပြီး အပြန်အလှန်ဆိုကြသည်။ ဤသို့စကားထာဆိုရာတွင် အလွတ်တန်း ကဗျာ ဖြင့်ဖြစ်စေ၊ ကာရန်ကဗျာဖြင့်ဖြစ်စေ၊ ဂရုသံ လဟုသံ အသံအနှိမ့်အမြင့် ပုံစံအမျိုးဖြင့် ဆိုကြသည်။

မိုးလင်းချိန်ရောက်သော် ထမင်းတောင်း၊ ဟင်းတောင်းများကို ယူပြီး ဘုန်းကြီးကျောင်းသို့သွားကာ ဘုန်းကြီးကို ဆွမ်းကပ်သူက ဆွမ်းကပ်၊ ဥပုဒ်သည် အဖိုးအဖွားများကို ကျွေးမွေးသူက ကျွေးမွေးနှင့် အလွန်ပျော်စရာ ကောင်း ပါသည်။

ဤသို့ဖြင့် လပြည့် လကွယ်ဥပုဒ်နေ့များ၏ အလှူဒါနလုပ်ငန်းများ ပျော်ရွှင်စွာပြုလုပ်ကြသည်။ ၀ါတွင်းသို့ ရောက် လျှင် လပြည့်လကွယ် ဥပုဒ်နေ့များ၌ ဤကဲ့သို့ကောင်းမှုကုသိုလ်ပြုလုပ်သော ပအိုဝ်းတိုင်းရင်းသားတို့၏ ပျော်စ ရာ ရိုးရာ "ဆွမ်းစာဂ" အစီအစဉ်များနှင့် ပအိုဝ်းရိုးရာ အိုးစည်ဗုံမောင်းသံများကို လွမ်းဆွတ်သတိရမိတော့သည်။
ဆက်ဖတ်ရန်...
11:15

ပအိုဝ်းရိုးရာသီတင်းကျွတ်ပွဲတော်

ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည့် ပအိုဝ်းလူမျိုးတို့သည်၊ ၀ါဆိုလဆုတ် (၁) ရက်နေ့ညမှ သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့အထိကို ၀ါတွင်း (၃) လ ဟု သတ်မှတ်ထားပါသည်။ ၀ါတွင်း (၃) လအတွင်း ဂေါတမ မြတ်စွာဘုရားသည် သာဝတိံသာနတ်ပြည်တွင် သီတင်းသုံးနေထိုင်ပြီး၊ နတ်များကို ဗုဒ္ဓတရားဟောကြား ပေးတော်မူသော အချိန်လည်းဖြစ်သည်ဟု ယုံကြည်လက်ခံကြသည်။
သာဝတိံသာနတ်သားတို့အား တရားတော်များဟောကြားတော်မူပေးပြီးနောက်၊ သီတင်းကျွတ်လပြည့်နေ့၊ နံနက်အာရုဏ်မတက်မီအချိန်၌ မြတ်စွာဘုရားသည် သာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းတက်တော်မူ ခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် လောက (၃) ဘုံဖြစ်သော လူ့ဘုံ၊ နတ်ဘုံ နှင့် ငရဲဘုံအကြောင်းတို့အား လူသား များကို ဟောကြားဆုံးမတော်မူပြီး လူသားအားလုံးတို့၏ စက္ခုအာရုံကိုလည်း ဖွင့်ပေးသည်ဟု ပအိုဝ်းလူမျိုးမှ ယုံကြည်သက်ဝင်ကြသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်ကြသည့် ပအိုဝ်းလူမျိုးများသည်၊ ဗုဒ္ဓမြတ်စွာဘုရား လူ့လောကသို့ မဆင်းတက်မီ သီတင်းကျွတ်လပြည့်နေ့မတိုင်မီ အဖိတ်နေ့တွင်၊ ရွာအလည်နှင့် မိမိတို့အိမ်ရှေ့ ၀ါရံတာတို့၌ ပအိုဝ်းလို "တောင်ပွတ်" ခေါ် ဘုရားစင်များ တည်ဆောက်ပြီး၊ လယ်ယာ ခြံထွက် သစ်သီး ၀လံ သစ်နှံများ ပန်းမျိုးစုံများတို့ကို ချိတ်ဆွဲပူဇော်ကြသည်။ ယင်းဘုရားစင်ကို ပအိုဝ်းအခေါ်အားဖြင့် "တောင်ပွတ်" ဟုခေါ်သည်။ သီတင်းကျွတ်လပြည့်နေ့ နံနက် အာရုဏ်မတက်ခင်တွင် ဆီမီး၊ ဖယောင်းတိုင်၊ အမွေးတိုင်းတို့ကို ထွန်းညှိပြီး ဆွမ်းတော်များပါ ဆက်ကပ်လှူဒါန်းတော်မူကြသည်။

အကြောင်းမှာ မြတ်စွာဘုရား ဆင်းတက်တော်မူသော အချိန်ကို ရည်စူးပြီးဆက်ကပ်လှူဒါန်းခြင်းဖြစ်ပါသည်။ ဤကဲ့သို့ ပူဇော်ဆက်ကပ်သည့်အကျိုးတို့ကြောင်း တနှစ်တာလုံးအတွက် အစားဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း၊ အ၀တ်ဆင်းရဲခြင်းမှ လွတ်ကင်းပြီး ပျော်ရွှင်ချမ်းမြေ့သည့် ဘ၀သို့ ရောက်ရှိစေနိုင်ကြောင်းကို ယုံကြည်ကြသည်။

အချို့သောကျေးရွာများတွင် ၀င်္ကဘာများ ဆောက်လုပ်ကြပြီး ၀င်္ကဘာအလယ်ဗဟိုတွင် ဘုရားစေတီပုထိုးများ၊ ဘုရားစင်များ တည်ထား၍ ဆွမ်းတော်၊ ရေချမ်း၊ ပန်း၊ ဆီမီးများ စသည်တို့ကို ကပ်လှူပူဇော ထွန်းညှိရန် အဆင့်ဆင့် လှည့်ပတ်ဝင်ရပါသည်။

ဝါတွင်း (၃) လပတ်လုံး ဥပုဒ်နေ့များတွင် ဘုန်းကြီးကျောင်း၌ ဥပုဒ်စောင့်တည်ကြသော သက်ကြီးရွယ်အို များသည် သီလအောင်ပွဲ အထိမ်းအမှတ်အဖြင့် တတ်နိုင်သလောက် အလှူငွေများထည့်ဝင်ကာ ပဒေသာပင် များကို ပြုလုပ်ကြပြီး နေ့လည်ပိုင်းတွင် ရွာတွင်းရှိလူငယ် လူရွယ်များကို အဆိုပါ ပဒေသာပင်များကို စီတန်းလှည့် လည်ကြပါသည်။ ပဒေသာပင်များကို ထမ်းပြီး ဘုန်းကြီးကျောင်း လက်ယာရစ်၍ သုံးပတ် ပတ်ပါသည်။ သုံးပတ် ပတ်ပြီးသောအခါ လှူဖွယ်ပစ္စည်များကို အတူတကွရေစက်ချ တရားနာကြပါသည်။

ထို့ပြင် လူငယ်မောင်မယ်များသည် ညနေပိုင်းတွင် မိဘဆွေမျိုးများနှင့် သက်ကြီးရွယ်အို အဘိုးအဘွားများကို မုန့်များ လှူဖွယ်ပစ္စည်းများဖြင့် သွားရောက်လှူဒါန်း ကန်တော့ကြပါသည်။ အဘိုးအဘွားများကို လှူဒါန်းကန် တော့ကြပြီးနောက် ညစာစားသုံးပြီး အပျိုများက မီးပုံးကိုယ်စီ ထွန်းညှိကာ ရွာအလည်တွင် လာရောက်စုကြပါသည်။ လူပျိုများကလည်း ပအိုဝ်းရိုးရာအိုးစည်ဗုံမောင်းများကို ပြင်ဆင်ပြီး ပျော်ရွှင်စွာ တီးမှုတ် ကခုန်ကြပါ သည်။

မီးပုံးရွာလှည့်ရန်အတွက် ပြင်ဆင်မှုပြုလုပ်ရာတွင် ရွာတွင်းအပိုင်းလိုက် ခွဲ၍ တာဝန်ခွဲယူလုပ်ကိုင်ကြသည်။ အချို့က ထမ်းစင်များပြုလုပ်ပြီး မီးပုံးကို အလှဆင်ကြသည်။ တချို့က ၀ါးတန်းရှည်ကို လူများကိုင်နိုင်ရန်အတွက် လက်ကိုင်ဝါးတန်းများကို တပ်ဆင်ပြီး ၀ါးတန်းရှည်ပေါ်တွင် မီးပုံးများကို ချိတ်ဆွဲကာ အလှဆင်ကြပါသည်။ တချို့ကမူ မီးပုံးများကို အုပ်ထဲတွင်ထည့်ကာ ဦးခေါင်းပေါ်တွင် ရွက်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်ကြပါသည်။

မီးပုံးများလှည့်လည်သည့်အခါ ရွာလည်မှ စ၍ ဘုန်းကြီးကျောင်းသို့ ဗိုမောင်းများ တီးခတ်၍ ကခုန်ပြီး ပအိုဝ်းရိုးရာ စကားထာများဖြင့် လူငယ်ခေါင်းဆောင်တစ်ယောက်ယောက်မှ တိုင်ပြီး ကျန်သည့်လူများ လိုက်ဆို၍ မြူးထူးစွာ လှည့်ပတ်ကြသည်။

မီးပုံများလှည့်ရာတွင် အဖိတ်နေ့ည၊ လပြည့်ညနှင့် လပြည့်ကျော်တစ်ရက်နေ့ည စသဖြင့် စုစုပေါင်း သုံးည လှည့် ပတ်ပါသည်။ ဤသို့ဖြင့် ကျွနိုပ်တို့ ပအိုဝ်းရိုးရာသီတင်းကျွတ်ပွဲတော်ကို ကျင်းပကြသည်ဖြစ်ရာ အဝေးတနေရာမှ သီတင်း ကျွတ်ပွဲတော်နှင့် မီးပုံလှည့်ပွဲမှ ပအိုဝ်းရိုးရာဗိုမောင်း၊ ပအိုဝ်းရိုးရာစကားထာနှင့် ပအိုဝ်းရိုးရာ "ငေါဝ်း ရျော့" သံများ ကို ပြန်လည်ကြားရောင်ပြီး လွမ်းဆွတ်တမ်းတ သတိရမိပါတော့သည်။
ဆက်ဖတ်ရန်...
11:08

ပအိုဝ်းအမျိုးသား သနပ်ဖက်လုပ်ငန်း

သနပ်ဖက်သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် သောက်သုံးနေကြသည့် ဆေးပေါ့လိပ်၏ လိပ်ထားသည့် သစ်ရွက် ဖြစ်သည်။ သနပ်ဖက်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က မြန်မာနိုင်ငံ ကိုလိုနီလက်အောက်ကျရောက်သည့် အချိန်တွင် စတင်လုပ်ကိုင်လာသည်ဟု ယူဆရသည်။ ၎င်းကို ရှမ်းပြည်တောင်ပိုင်း နမ်းစန်၊ ပင်လုံ၊ လွယ်လွိုင်၊ ဟိုပုံး၊ တောင်ကြီး၊ ရပ်ဆောက် စသည့် မြို.နယ်များတွင် ထွက်ရှိသည်။ သနပ်ဖက်ကို ပအိုဝ်းတိုင်းရင်းသား အများစုက စိုက်ပျိုးလုပ်ကိုင်ကြသည်။
သနပ်ဖက်ထုတ်လုပ်သည့် လုပ်ငန်းသည် တဆယ့်နှစ်ရာသီလုံးလုံး လုပ်ရပါသည်။ ထိုလုပ်ငန်းကို လုပ်ကိုင်သည့် မိသားစု တစ်စုသည် အနည်းဆုံး လူသုံးဦး၏ လုပ်အားကို လိုအပ်ပါသည်။ နိုဝင်ဘာလမှ ဇန္န၀ါရီလ ကာလတွင် သနပ်ဖက်ခြံ လုပ်သားများသည် သနပ်ဖက်ပင်ကြား ပေါင်းပင်များကို ပေါက်ပြားဖြင့် ပေါက်ရပါသည်။ ထိုကာလ တွင် ဆီးနှင်းများ ကျသည့်အချိန်ဖြစ်၍ မြေကြီးမမာသဖြင့် ခြံပေါက်ရာတွင် လွယ်ကူသည်။ တချိန်တည်းတွင် သနပ်ဖက်ရွက် ပေါင်းရန်အတွက် လိုအပ်သည့် လောင်စာထင်းများ ကိုလည်း တစ်နှစ်စာ ခုတ်ဖြတ် သိုလှောင် ထားကြရသည်။ ဖေဖော်ဝါရီလတွင် တော၌ပုံထားသော ထင်းများကို အိမ်သို. လူအား လှည်းအားများဖြင့် သယ်ကြ ရသည်။
မတ်လမှ မေလ ကာလတွင် သနပ်ဖက်ပင်ကို ခုတ်ပြီး ကိုင်းပင်များ ပြန်ပေါက်လာသည့် ကာလဖြစ်သည်။ ဒေ သ၏ ရာသီဥတုပေါ်မူတည်ပြီး သနပ်ဖက်ပင်ကို မတ်လနှင့် ဧပြီလတွင် သနပ်ဖက် အပင်ဟောင်း၏ ပင်စည်ကို မြေကြီးမှ အထက် တစ်ပေကြားတွင် ခုတ်ဖြတ်ရသည်။ ခုတ်ဖြတ်ပြီး ကျန်ရှိသော ငုတ်တိုများမှ ထွက်လာမည့် ကိုင်းပင်များကို ပိုးအန္တရယ်မှ ကာကွယ်နိုင်ရန် တချို့က ပိုးသတ်ဆေးရည်ဖျော်ပြီး အ၀တ်စဖြင့် ထိုငုတ်တိုများကို လိုက်သုတ်ထားကြသည်။ တချိန်တည်းတွင် ကိုင်းပင်များ ပေါက်အားသန်အောင် အပင်ကြားကို ပေါက်ပြားဖြင့် တဖန်ပြန်ပေါက်ပေးရသည်။

ဧပြီလတွင် အပင်ငုတ်တိုမှ အသစ်ပြန်ပေါက်လာသော တပေခန်. အရွက်ကိုင်းပင်များကို အားကောင်းမည့် တစ် ပင်ကို ရွေးချယ်ချန်ထားပြီး ကျန်သည့် အပင်များအားလုံးကို နုတ်ထုတ်ပေးရသည်။ ထိုအချိန်မှ စပြီး သနပ်ဖက် ရွက်ခူးပြီးသည့်အထိ တစ်ပတ်တစ်ကြိမ် ပုံမှန် ပိုးသတ်ဆေးဖြန့်ပေးရသည်။ မေလတွင် ငုတ်တိုမှ ချန်ထားသော အပင်သည် နှစ်ပေ သုံးပေခန့်ရှိလာသောအခါ ၎င်း၏ ရွက်ကြားမှ ပေါက်လာသော အကိုင်းများကို နှုတ်ထုတ် ပေးရသည်။ မနုတ်ထုတ်ပါက အရွက်သေးစေသည့်အပြင် အပင်၏ ကြီးထွားမြင့်မားသန်စေသည့်အားကိုလည်း နည်းစေသည်။

ဇွန်လမှ စက်တင်ဘာလကာလတွင် သနပ်ဖက်ရွက်များကို ခူးပြီး ပေါင်းရသည့်ကာလဖြစ်သည်။ သနပ်ဖက် ပေါင်း/လျော်သည့်ကာလသည် သနပ်ဖက်ပင်ကြား၌ ပေါက်လာသည့် ပေါင်းပင်များကိုလည်း နှစ်ကြိမ်သုံးကြိမ် ဓါးရှည်ဖြင့် ရှင်းပေးရသည်။ သနပ်ဖက်ပင်တစ်ပင်ကို ပျမ်းမျှအားဖြင့် လေးကြိမ်ခူးရပါသည်။ အပင်တစ်ပင်ကို တစ်ကြိမ်ခူးပါက ခြောက်ရွက်ဝန်းကျင်ခူးရပါသည်။ ခြံမှ ခြင်းတောင်းဖြင့် သယ်ယူလာသော သနပ်ဖက်ရွက်များ ကို ဓါးဖြင့် သနပ်ဖက်ရွက်၏ အညာနှင့် အကြောများကို ဖယ်ထုတ်ပေးရသည်။ တရွက်စီဖယ်ထုတ် သည့်အ ချိန်တွင် သုံးမျိုးသုံးစားဖြင့် တစ်ခါတည်း ခွဲထားကြသည်။ အရွက်သေး အရွက်ကြီး ပိုးစား၍ ပေါက်သည့်အရွက် စသည်ဖြင့် ခွဲထားကြသည်။ ၎င်းအညာအကြောများ ဖယ်ထားပြီးသောအရွက်များကို ဖိုမှ သပ်ဆင်ထားသော ဒယ်အိုးပြားကြီးများပေါ်တွင် ခရုပတ်ပုံစံဖြင့် စီထဲ့ပြီး သဲအိပ်အ၀ိုင်းဖြင့် ဖိထား၍ ပေါင်းထားရသည်။ ပေါင်းထားပြီး ဖက်ခြောက်များကို ခြင်းတောင်းထဲ့ တဖန် ခရုပတ်ပုံစံ ပြန်ထဲ့ရသည်။ ၎င်းကို မြို.ပေါ်ရှိ သနပ်ဖက်ပွဲရုံသို့ တင်သွင်းကြသည်။ တချို့ပွဲစားများက ရွာထိလိုက်ဝယ်ကြသည်လည်း ရှိသည်။

သနပ်ဖက်စိုက်ပျိုးလုပ်ကိုင်မှုကို အန္တရယ်ပေးသော အရာသည် မိုးသီးများ၊ လေမုန်တိုင်းများ၊ ပိုးမွှားများဖြစ်သည်။ ထိုကြောင့် သနပ်ဖက်တောင်သူများသည် ရာသီဥတု အခြေအနေကို ခန်းမှန်းရန်အတွက် တောတွင်းရှိ သစ်ပင် ပန်းပင် အမျိုးမျိုးကို ကြည့်ပြီး ခန်းမှန်းကြသည်။ တိမ်ညိုများဖြင့် မိုးအုံလာပါက မိုးသီးများပါလာတတ်သည်ဟု ယုံကြည်ကြပြီး ထိုအခြေအနေမျိုးကို ကြုံတွေ့ပါက မိုးမရွာခင်အချိန်တွင် တူမီးသေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်ဖောက်ကြသည်။ ၎င်းလုပ်ရပ်သည် မိုးသီးအန္တရယ်ကျရောက်မလာအောင် ကာကွယ်သည့် သဘောဖြစ်သည်။ မိုးရွာချိန်မိုးသီးကျချိန်တွင် သေနတ်ပစ်ဖောက်မှု မပြုလုပ်တော့ပါ။ အကယ်၍ ပစ်ဖောက်ပါက မိုးသီးကို ကြိုဆိုသည့် သဘောဖြစ်သွားပြီး မိုးသီးများ ပိုမိုရွာချသည်ဟု ယူဆကြသည်။ လေတိုက်မှုအား ပြင်းထန်ပါက သနပ်ဖက်ရွက်များကို ပျက်စီးစေသည်။ တောင်စောင်းဒေသရှိ သနပ်ဖက်ခြံများတွင် လေန္တရယ်ကို ကာကွယ်နိုင် ရန်အတွက် အသစ်ပင်ကြီးများဖြင့် ခြံစည်းရိုးပေါ်တွင် စိုက်ထားကြသည်။

သနပ်ဖက်၏ အကျိုးဆက် သနပ်ဖက်ကုန်ကြမ်းမှ ထွက်လာသော ဆေးပေါ့လိပ်ကို သောက်သုံးသူတိုင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်။ သို့သော်လည်း ဓါတ်တုပစ္စည်းဖြင့် ပြုလုပ်ထားသော စီးကရက်လောက် မပြင်း ပါ။

သနပ်ဖက်ကုန်ကြမ်းသည် ပြင်ပသို့ တင်ပို့မှုမရှိသဖြင့် ပြည်တွင်းသာ သုံးစွဲသောကြောင်း ပြည်တွင်းအလုပ် လက်မဲ့ပြသာနာကို များစွာဖြေရှင်းပေးသည်။ မြို.ပေါ်ရှိ ပွဲရုံများသို့ တင်သွင်းသော သနပ်ဖက်များသည် ဆေးပေါလိပ် လိပ်ရန်အတွက် အရွယ်နှင့် အမျိုးအစားကို ပြန်ခွဲပေးရသည်။ ၎င်းသည် လက်မှုလုပ်ငန်းဖြစ်သဖြင့် လိုအပ်သောလုပ်အားများကို မြို့ပေါ်ရှိ အမျိုးသမီးအများစုက ၀င်ရောက်လုပ်ကိုင်ကြသည်။ ပြည်မသို. တင်ပို.ရန် အတွက် သနပ်ဖက်ထဲ့ရန် လိုအပ်သော ခြင်းတောင်းများ၊ ၀ါးခြမ်းများ၊ ကုန်တင်ကုန်ချ လုပ်အားများကို မြို.ပေါ် ယောင်္ကျားအများစုက ၀င်လုပ်ကြသည်။ ထို့အပြင် မြင်းခြံ၊ ပဲခူးသို့ ရောက်ရှိနေသော သနပ်ဖက်ကုန်ကြမ်းများကို ဆေးလိပ်အဖြစ်သို့ လိပ်ရန်အတွင် တစ်ရွက်ခြင်း ဖြတ်ညပ်ရခြင်း၊ လိပ်ရခြင်း စသည်ဖြင့် လိုအပ်သည့် လုပ်အားများကို အလုပ်သမားအများအပြားခေါ်ယူရပါသည်။

ဤသနပ်ဖက်ဆေးပေါ့လိပ်လုပ်ငန်းကြောင့် အညာဒေသတွင် စိုက်ပျိုးလုပ်ကိုင်နေကြသော ဆေးရွက်ကြီးလုပ် ငန်းလည်း ၎င်းတို့ကုန်ကြမ်းများကို ဆေးလိပ်ခုံသို့ တင်ပို့ကြသည်။ နှစ်ပေါင်းများစွာ သနပ်ဖက်လုပ်ငန်းကို အရောင်းအ၀ယ် ပြုလုပ်နေသော ပွဲစားများ၏ အဆိုအရ လူတစ်ယောက်က သနပ်ဖက်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ရင် ပြည်မရှိ အလုပ်လက်မဲ့ပြသာနာ သုံးယောက်ကို ဖြေရှင်းပေးနိုင်သည်ဟု ဆိုသည်။ ဖက်ကြမ်းဆေး ပေါ့လိပ်ထက် ကျန်းမာရေးကို ပိုထိခိုက်စေ သည့် စီးကရက်လုပ်ငန်းသည် စက်ဖြင့်ထုတ်လုပ်သောကြောင့် လူ့လုပ်အားနည်းနည်းသာ လိုအပ်သဖြင့် ထွက်လာသည့် အကျိုးအမြတ်သည် ကုမ္ပဏီပိုင်ရှင်သာ ခံစားရသည်။ သနပ်ဖက်ဆေးပေါ့လိပ်လုပ်ငန်းသည် လက်မှုလုပ်ငန်းဖြစ်သဖြင့် ၎င်းမှ ထွက်လာသည့်အကျိုးအမြတ်သည် များစွာသော အလုပ်သမားများကို ပါခွဲဝေ ခံစားစေကို တွေ.ရသည်။

မှတ်ချက်။ ။ ဤဆောင်းပါးအား ဗွာသရား မှ ပြန်လည်ကူးယူ ဖေါ်ပြခြင်းဖြစ်သည်။
ဆက်ဖတ်ရန်...
10:57

ပအိုဝ်းရိုးရာ မောင်းကြီးဆိုင်းအက

ကိုအောင်ကျော်။ ။ မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အစီအစဉ်မှာ ဒီအပတ် တင်ဆက်ပေးမှာကတော့ ပအိုဝ်းလူမျိုးရဲ့ ရိုးရာအတီးအကထဲမှာ မပါမဖြစ် ပါတဲ့ မောင်းမွူးချုန် ဆိုတဲ့ မောင်းကြီးဆိုင်းအက အကြောင်းပဲ ဖြစ်ပါတယ်။ ပွဲလမ်းသဘင်ရှိတဲ့အခါမှာ မောင်းကြီးဆိုင်းဟာ ရှေ့ကနေ ဦးဆောင်ပြီး တီးကြ ရပါတယ်။ ဒီအကြောင်းကို ကျနော်အောင်ကျော်နဲ့ မစံပယ်က တင်ဆက်သွားပါမယ်။
ကိုအောင်ကျော်။ ။ မောင်ကြီးဆိုင်းကို တီးတာရော ကပြတဲ့အခါမှာ ဘ၀မှာ အတော် အတန်ရင့်ကျက်တည်ငြိမ်ကြတဲ့ အသက် လေးဆယ်ကျော် ငါးဆယ်ဝန်းကျင် အရွယ် အမျိုးသားတွေက တီးကမှပဲ လိုက်ဖက်တာပါ။
မစံပယ်။ ။ ဟုတ်ပါတယ် ပအိုဝ်းရိုးရာ မောင်ကြီးဆိုင်းဟာ အေးချမ်းသာယာ ခြင်းနဲ့ တည်ငြိမ်ခြင်း သန္တရသကို ဖော်ကျူးတဲ့ ဂီတသံစဉ်ဖြစ်ပါတယ်။ တီးခတ်တဲ့အခါမှာ လည်း တခြားရိုးရာ မောင်းဆိုင်းတွေလို မြန်မြန်တီးလို့ မရပါဘူး။ အချိန်ယူပြီး လေးလေးပင်ပင် တည်ငြိမ်မှုနဲ့ ဖြည်းဖြည်းညင်ညင်သာသာ တီးခတ်ရပါတယ်။

ကိုအောင်ကျော်။ ။ မောင်းကြီးဆိုင်းကို တီးခတ်တဲ့အခါမှာ လူ ၁၀ ယောက်လောက် လိုပါတယ်။ မောင်းကြီးဆိုင်းမှာ ပါဝင်တဲ့ တူရိယာတွေကတော့ အကြီးဆုံးမောင်း အချင်း ၂ ပေ ၂ လက်မ မောင်းကနေ အငယ်ဆုံး ခြောက်လက်မ ရှိတဲ့ မောင်းအကြီး အလတ် အသေး ကြီးစဉ်ငယ်လိုက် မောင်း ၇ လုံးပါပါတယ်။ နောက်ပြီး လင်းကွင်းကြီးတလုံး၊ နှစ်ဖက်ပိတ်စည် တစ်လုံးနဲ့ စည်းတစုံ ဖြစ်ပါတယ်။ အဲလို တီးခတ်တဲ့နေရာမှာ လင်းကွင်းကြီး တီးခတ်သူက အဓိက ကျတယ်လို့ ရှေးမီနောက်မီ တဲ့ ဆရာတော် ဦးသီရိဓမ္မက မိန့်ကြားပါတယ်။

ဦးသီရိဓမ္မ။ ။ ဆရာတော် ပအိုဝ်းလိုမိန့်ကြားတာကတော့ လင်းကွင်းက အဲဒီနေရာမှာ အဓိက အချက်ဖြစ်တယ်။ လင်းကွင်းတီး တဲ့က ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ရ မယ်။ မောင်းတွေကို လူတိုင်းတီးတတ်ပေမယ့် လင်းကွင်းကို မတီးတတ်ကြဘူး။ လင်းကွင်းတီး တဲ့သူက စည်းချက်မညီရင် မောင်းတွေ တီးတဲ့ အခါမှာလည်း တယောက်တသံစီ ထွက်ကုန်တယ်လို့မိန့်တာပါ့။ သူက မောင်းလတ်နဲ့ မတူဘူး။ မောင်းလတ်က ကြိုက်သလို တီးလို့ရတယ်။ အဲဒါက အဓိက ဗုံသမား။ မောင်းကြီးဆိုင်းမှာက လင်းကွင်းသမားက အဓိက အချက်ဖြစ်တယ်။ ဥပမာ ဘုန်းကြီးကျောင်းတက်တာဆိုရင် ကျောက်းလှေခါးရောက်တာနဲ့ ကွတ်တိအဲမှာ အပြီးရပ်ရတယ်။ တီးလို့မတတ်တဲ့သူတွေဆို ရှေ့ကို ကျော်သွားတာတို့ မရောက်ခင် ပြီးသွားတို့ ဖြစ်တာပေါ့။ အဓိက ပန်းတိုင်ကို မရောက် ဘူး ပစ်မှတ်ကို မမှန်ဘူး အဲလိုပေါ့။ အဲလိုဖြစ်ရင် သူများတွေ ရယ်စရာ ဖြစ်တာပေါ့။ ကျောင်းလှေကားရင်းအထိ တီးမယ်ဆိုတဲ့ အချက်နဲ့ချိန်တီးနိုင်ရမယ်။ လှေကားရင်းကနေ ကျောင်းထဲဝင်ခါနီးမှာ အဆုံးသတ်ရတယ်။ မောင်းကြီးဆိုင်းမှာက အဲဒီလင်းကွင်းသားက အဓိက ဖြစ်တယ်လို့ ဆရာ တော်က မိန့်ကြားပါတယ်။

မစံပယ်။ ။ ရိုးရာမောင်းဆိုင်းအကမှာ ပါဝင်ကပြသူတွေကတော့ အကကို သီးခြား လေ့ကျင့်သင်ယူတာတွေ မရှိပါဘူး။ မောင်းဆိုင်းရဲ့ စည်းဝါးချက်အတိုင်း ခေါင်း၊ ခြေ၊ လက်တွေကို လက်ကွက် ကဟန်နဲ့အညီ လူတိုင်း အလွယ်တကူ ဆင်နွဲကပြနိုင်ပါတယ်။ တချို့ သက်ကြီးပိုင်းတွေဆိုရင် ရိုးရာသိုင်းကွက်တွေနဲ့ ပုံဖော်ပြလေ့ရှိတယ်လို့ ဆရာတော် ဦးသီရိဓမ္မက မိန့်ကြားပါတယ်။

ဦးသီရိဓမ္မ။ ။ ဦးသီရိဓမ္မ ရှင်းပြတာကတော့ မောင်းကြီးဆိုင်းမှာတော့ ကတာ ဖြည်းဖြည်းညင်ညင်သာသာ ကတာ။ သက်ကြီးရွယ်အိုတွေဆိုတော ကတဲ့အခါမှာ ကကွက် တွေကို ဖြည်းဖြည်းမှန်မှန်ပဲ ကတယ်။ စကားထာဆိုတဲ့အခါမှာ ဖြည်းဖြည်းလေးပဲ။ ကတဲ့အခါ လက်မြောက်တာတို့ ကဟန် တွေလည်း အမြင့်ကိုပဲ ပင့်ပြီး ကတယ်။ သိုင်းအကဆိုလည်း ဗန်ရှည်ပေါ့ ၁၂ ကွက် အကပေါ့။ ဗန်တိုမဟုတ်ဘူး။ မောင်းကြီးနဲ့ကတော့ သိုင်းကွက်နဲ့ဆို ၄ ကွက်၊ ၈ ကွက်၊ ၁၂ ကွက် ၁၆ ကွက် အဲလို ဗန်ရှည်အကနဲ့ ကကြတာ။ လက်ဟန် ခြေဟန်လည်း ဖြည်းဖြည်းနဲ့ ပင့်ပြီး ကကြတာပေါ့။ အရင်တုန်းကတော့ အဲလိုပဲ ကကြတယ်။ လို့ ဆရာတော် ငယ်ငယ်တုန်းက မြင်ခဲ့ဖူးတဲ့ မောင်ကြီးဆိုင်းအကကို ရှင်းပြသွားတာပါ။

ကိုအောင်ကျော်။ ။ မောင်းကြီးဆိုင်းအကဟာ စည်းလုံးညီညွှတ်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း တွေကို ရိုးရာအနုပညာရဲ့ ပရိယာယ် သဏ္ဍာန်တမျိုးနဲ့ ရယူနိုင်ကြတယ်လို့ ပအိုဝ်း လူမျိုးတွေက ယုံကြည်ကြပါတယ်။ နောက်ပြီး မောင်ကြီးဆိုင်းအကဟာ အသက်အရွယ်ရပြီး လူကြီးပိုင်းတွေက ကပြလေ့ရှိတဲ့ ရိုးရာအလှူ ပဒေသာပင်ကို ထမ်းပြီး ကပြရတဲ့ လူစုလူဝေး အကလည်း ဖြစ်ပါတယ်။ ရဲရင့်တည်ကြည်ခြင်း၊ ခန့်ညားခြင်း၊ ကျက်သရေ ရှိခြင်းတွေကို သရုပ်ဖော်ပါတယ်။

မစံပယ်။ ။ မောင်ကြီးဆိုင်းအကဟာ ပွဲလမ်းသဘင်ရှိတဲ့အခါတွေမှာ ရှေ့ဆောင် ပြီး တီးခတ်ကပြရတဲ့အတွက် ပအိုဝ်းလူတွေ အထွဋ်အမြတ်ထားတဲ့ ရိုးရာအက ဖြစ်ပါတယ်။

ဆရာတော် ဆက်မိန့်ကြားတာကတော့ မောင်းကြီး မောင်းဆိုင်းဆိုတာက တကယ့်တို့ ပအိုဝ်းထုံးစံ စစ်စစ်ဖြစ်တယ်။ တခြားကနေ လာတာမဟုတ်ဘူး။ ဆွမ်းတော်ကြီးလောင်းတာပဲ ဖြစ်ဖြစ်၊ ရှင်ပြုရဟန်းခံပွဲမှာပဲ ဖြစ်ဖြစ် မောင်းကြီးဆိုင်းသမားက ရှေ့က ဦးဆောင်ရကပြရတယ်။ မောင်းလတ်က ဒုတိယ၊ သက်ကြီးပိုင်းက ပထမပေါ့။ ကတဲ့နေရာမှာလည်း ၀ိုင်းပြီး အတူတူကကြတာ။ တီးခတ်တာလည်း ဖြည်းဖြည်းမှန်မှန်ပဲ ကတဲ့အခါမှာလည်း ဖြည်းဖြည်းမှန်မှန်ပဲ ကကြတယ် ဆရာတော်ကလို့ မိန့်ကြားတာပါ။

ကိုအောင်ကျော်။ ။ မောင်းကြီးဆိုင်းအကဟာ ရဟန်းခံရှင်ပြုပွဲ၊ ဥပုသ်စာဂပွဲ၊ သီတွင်းကျွတ်လ ဆီမီးပူဇော်ပွဲ၊ တန်ဆောင်တိုင် ကထိန်သင်္ကန်းကပ်လှူပွဲ၊ နှစ်သစ်ကူး အတာ တက်ပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲ၊ ဘုရားထီးတင်ပွဲ ဗုဒ္ဓပူဇနိယပွဲတော်နဲ့ တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ ပွဲတွေမှာ ကပြလေ့ရှိပါတယ်။

မစံပယ်။ ။ ဒီအကဟာ မြို့ကြီးတွေမှာ ရက်ကြီးခါကြီးရောက်တဲ့အခါမှ တီးခတ်က ကြပေမယ့် တောရွာတွေမှာတော့ နေရာအနှံ့တွေမှာ ဥပုသ်နေ့ရောက်တိုင်း မောင်းကြီးဆိုင်းသံဟာ ဒီနေ့အထိ ကြားနေရဆဲပါ။ သောတရှင်အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ။
ဆက်ဖတ်ရန်...
21:10

တောင်၊ မြောက် ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်

မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားပိုင်နက် လူနေထူထပ်တဲ့ ကျွန်းပေါ်ကို အမြောက်နဲ့ တရစပ် ပစ်ခတ်ခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ်က ပြန်လည် ပစ်ခတ်နေကြသလို ဂျက်တိုက်လေယာဉ်တွေ ဝေဟင်မှာ ပျံသန်း ကာကွယ်နေကြပါပြီ။
နှစ်ဘက်အကြား ဒီတိုက်ခိုက်မှုဟာ အပြင်းထန်ဆုံးဖြစ်ပြီး တောင်ကိုရီးယား စစ်သား ၂ ယောက် သေဆုံး၊ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒါ့အပြင် အဲဒီ ယုံဗြောင်း (Yeonpyeong) ကျွန်းက လူနေအိမ် အတော်များများ မီးသင့်ပြီး အရပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ကျွန်းသူ ကျွန်းသား ၁,၀၀၀ ကျော်ကို အရေးပေါ် ခိုလှုံရေး စခန်းတွေကို ရွှေ့ပေးခဲ့ရပါတယ်။

တောင်ကိုရီးယား သမ္မတ အီမြောင်ဘက်ခ် (Lee Myeung-bak) က အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ပြီး နှစ်ဘက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကို ဟန့်တားနိုင်ရေး လုံခြုံရေးရာ ၀န်ကြီးတွေ၊ တခြား တာဝန်ရှိသူတွေနဲ့ တိုင်ပင်နေပါတယ်။

မြောက်ကိုရီးယားရဲ့ အခုလို တိုက်ခိုက်မှုဟာ စစ်ရေးအရ ရန်လိုမှုကို ပြတ်ပြတ်သားသား ပြသလိုက်တာဖြစ်ပြီး ဆက်ပြီး တိုက်နေမယ်ဆိုရင် ဒီ့ထက်မက ပိုဆိုးနိုင်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေး လိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ အခုလို ရန်လိုတဲ့ လုပ်ရပ်ကို ရပ်တန်းက ရပ်ပါလို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပြီး တောင်ကိုရီးယားနိုင်ငံကို ကာကွယ်ရေး အမေရိကန် ပြည်ထောင်စုက တာဝန်ယူထားတာကို ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ကမ်းခြေနဲ့ ၈ မိုင်အကွာ ပင်လယ်ဝါအတွင်းက ယုံဗြောင်းကျွန်းပေါ်မှာ တောင်ကိုရီး ယားက နှစ်စဉ်လုပ်နေကျ စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတဲ့ အချိန်မှာ အခုလို တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ကန့်ကွက်နေပါတယ်။

တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှု အတွင်းမှာ လေ့ကျင့် ပစ်ခတ်မှုတွေဟာ ပင်လယ်ဝါဘက်ကို ဦးတည် ပစ်ခတ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဘက်ကို မပစ်ခတ်ခဲ့ဘူးလို့လည်း တောင်ကိုရီးယား စစ်တပ်က ပြောပါ တယ်။ VOA NEWS
ဆက်ဖတ်ရန်...
20:06

ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် တွေ့ဆုံခွင့်ရ

ချင်းမိုင် (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်က ၁ဝ နှစ်ကျော် ကွဲကွာခဲ့သော သားငယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ကို ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်၌ ယနေ့ နံနက် သွားရောက်ကြိုဆိုခဲ့သည်။ ၃၃ နှစ်အရွယ် ကိုထိန်လင်းသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ယခုလ ၃ ရက်နေ့တွင် ပြည်ဝင်ခွင့် ဗီဇာ တောင်း ဆိုခဲ့ပြီးနောက် ယမန်နေ့က မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာရရှိခဲ့ခြင်း ဖြစ်သည်။ သားနှင့် တွေ့ဆုံခွင့်ရသည့်အပေါ် မည်သို့ခံစားရပါသလဲဟု သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က “ပျော်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ကိုထိန်လင်းက သူ၏ ဘယ်ဘက်လက်မောင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံပုံကို ဆေးမင်ကြောင် ထိုးထားကြောင်း မိခင်ကို ပြသရာ ဒေါ်အောင်ဆန်းစုကြည်က ပြုံး၍ ကြည့်ခဲ့သည်။

အာဏာပိုင်များက လေဆိပ်အထူးလုံခြုံရေး နေရာမှနေ၍ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းစေခဲ့သည်။ သူမကို အန်အယ်ဒီ လုံခြုံရေးလူငယ် ၂ဝ ခန့်က လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။ ကိုထိန်လင်းသည် မိခင် နှင့်အတူ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်၌ နေထိုင်သွားမည်ဖြစ်သည်။ ရွှေတိဂုံဘုရားသို့ သား အမိ နှစ်ဦး ဘုရားဖူးသွားရန် စီစဉ်ထားသော်လည်း မည်သည့်နေ့တွင် သွားရောက်မည်ကို မသိရသေးကြောင်း အန် အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသား မိုက်ကယ်လ် အဲရစ္စနှင့် ၁၉၇၂ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သား ၂ ဦး မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နာမကျန်းဖြစ်နေသော မိခင် ဒေါ်ခင်ကြည်ကို ပြုစုရန် ဒေါ်အောင် ဆန်းစု ကြည်က မြန်မာပြည်သို့ ပြန်လာခဲ့ရာ နိုင်ငံတဝှန်း လူထုအုံကြွမှုကြီးနှင့် ကြုံပြီး လူထုခေါင်းဆောင် ဖြစ်လာခဲ့ သည်။

၁၉၉၉ ခုနှစ် ကင်ဆာဝေဒနာ ခံစားနေရသော ခင်ပွန်းသည် မစ္စတာ မိုက်ကယ်လ်အဲရစ်က မကွယ်လွန်မီ ဇနီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ပြည်ဝင်ခွင့် ဗီဇာတောင်းဆိုခဲ့သော်လည်း စစ်အစိုးရက ငြင်း ဆန်ခဲ့သည်။ Mizzima News
ဆက်ဖတ်ရန်...
20:03

North command tells KIO to close liaison offices

Chiang Mai (Mizzima) – The Burmese Army’s Northern Command has ordered the Kachin Independence Organisation to close its 16-year-old liaison offices, a liaison officer says. After the ceasefire agreement was reached between the regime and the KIO in 1994, the latter opened 22 liaison offices in Kachin and Shan States with consent of the former at which policy matters were discussed.
Military Affairs Security officer Lieutenant Colonel Thet Pone from the command’s base in Kachin State capital Myitkyina last week called the ethnic Kachin armed ceasefire group’s main liaison office in the city and told its staff to close all such offices in Kachin and Shan states, the KIO liaison officer told Mizzima.

“Closing the liaison offices suggests we don’t need to deal with them [junta officials or military] any more. So we shall close them all. It suggests the junta has withdrawn from the ceasefire agreement reached between us,” the KIO officer said.

“After the ceasefire, we set up a liaison office at each battalion headed by an officer at the rank of battalion commander … we’d had incidents in which we arrested each other so we opened these offices to deal with such problems. Now the election has been conducted and they [the military] have to transfer power to a new government. So I think they [the KIO] withdraw all these offices lest they are exposed to the new military regime,” he said.

Prior to establishment of the offices, there were also firefights between the two sides, the liaison officer added.

The KIO at a central committee meeting on Saturday resolved to close the nine offices in Kachin State and two in Shan State. Instructions had already been passed to the offices to close, a KIO spokesman said.

The Kachin ethnic group rejected junta demands to bring its Kachin Independence Army (KIA) under Burmese Army control within its Border Guard Force (BGF) and it had yet to meet recently appointed Northern Command chief Brigadier General Zeyar Aung, so all lines of communication were being closed off.

Reached for comment on the Kachin situation, Karen National Union (KNU) joint general secretary Major Hla Ngwe said the junta’s order to close the liaison offices increased the chances of war breaking out between the two.

“Its meaning is so clear. They [the junta, can] take the pre-emptive move of launching war at any time of their choice. Even before this order, they had raided KIO outposts and arrested KIA members. Moreover they built up their troops in KIO-controlled areas throughout this period. This suggests growing tension between them and events could even lead to the breakout of renewed hostilities. We’ve had such precedents … before so we gathered and discussed all eventualities,” Hla Ngwe said.

The KNU is a part of six-member alliance called the Committee for the Emergence of Federal Union that includes the KIO.

Under the alliance agreement, if one member was attacked by the military regime, all other members would co-operate by escalating fighting in areas under their control, even though they would be unable to send reinforcements directly to the initial conflict zone, he said.

Other alliance members are the Shan State Army North, Karenni Nationality Progressive Party, New Mon State Party and Chin National Front. The bloc’s chairman is KIO vice-chairman Major General En Ban La.

Local sources said the regime had built up a 1,000-strong force near the Kasone region in areas controlled by KIA Brigade 2 east of Namti in Mogaung Township, since last week.

The KIO has been under increasing military pressure to adopt the BGF proposal in the past few months, with travel and weapons bans imposed on members.

The Tanai Township Peace and Development Council had pressed the KIO last month to seek alternative premises for its liaison office in Tanai before this month. Mizzima News
ဆက်ဖတ်ရန်...