19:22

ကိုယ့်သမိုင်း ကိုယ်မသိတဲ့ အဖြစ်မျိုးမရောက်ဖို့

ကရင်နီပြည်မှာ ယခု ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်ကနေ ၁၈ရက်နေ့အထိ ကယားဒေး (ကယားပြည် နယ်နေ့) ပွဲတော် ကျင်းပပြုလုပ်တာကို တွေ့ရှိရပါတယ်။ ကယားဒေးပွဲကို ကျင်းပတာ ၅၉ ကြိမ်မြောက် ရှိသွားပေ မယ့်လို့ ကယားဒေးပွဲကျင်းပရတဲ့ အကြောင်းရင်းကို ယခုတက်လာတဲ့ လူငယ်လူရွယ် အနည်းအကျဉ်းသာ သိရှိထားကြပြီး အများစုကတော့ ပျော်ပွဲရွှင်ပွဲတခုလိုသာ သတ်မှတ်ကြပါတယ်။
တစ်နေ့ထက်တစ်နေ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ကရင်နီသမိုင်းဟာလည်း မှုန်ရီလာ လို့ ပျောက်ကွယ် လုနီးပါး ရှိနေပါတယ်။ ခေတ်လူငယ်တွေများ လေ့လာမှုအားနည်းလို့လား ဒါမှမဟုတ် ကိုယ့်သမိုင်းအဖြစ် မှန်တွေကို လေ့လာသင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ပိတ်ပင်ထားခြင်းခံနေရလို့လား ဆိုတဲ့ မေးခွန်းတွေထုတ် ရတော့မှာပါ။

ကရင်နီပြည်မှာ ယခု ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်ကနေ ၁၈ရက်နေ့အထိ ကယားဒေး (ကယားပြည် နယ်နေ့) ပွဲတော် ကျင်းပပြုလုပ်တာကို တွေ့ရှိရပါတယ်။ ကယားဒေးပွဲကို ကျင်းပတာ ၅၉ ကြိမ်မြောက် ရှိသွားပေ မယ့်လို့ ကယားဒေးပွဲကျင်းပရတဲ့ အကြောင်းရင်းကို ယခုတက်လာတဲ့ လူငယ်လူရွယ် အနည်းအကျဉ်းသာ သိရှိ ထားကြပြီး အများစုကတော့ ပျော်ပွဲရွှင်ပွဲတခုလိုသာ သတ်မှတ်ကြပါတယ်။

ကရင်နီပြည်မှာ နေထိုင်တဲ့ လူငယ်တွေအဖို့ ကရင်နီသမိုင်းအဖြစ်မှန်ကို လွတ်လွတ်လပ်လပ် သင်ယူခွင့်မရ ကြပါဘူး။ စာသင်ကျောင်းတွေမှာလည်း ကယားဒေး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့ သမိုင်းအဖြစ်မှန်တွေကို လည်း သင်ကြားခွင့်မပြုပဲ အစိုးရက ပိတ်ပင်ထားတယ်လို့ ဆိုကြပါတယ်။

ကယားဒေးပွဲ ကျင်းပတိုင်းမှာလည်း ကယားဒေး ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်း အဖြစ်အမှန်တွေကို ထင် ဟပ်စေမယ့် အကြောင်းအရာတွေ ဖုံးဖိထားခြင်းခံရတယ်ဆိုတဲ့အကြောင်း ပွဲတော်ကို လည်ပတ်ခဲ့ဖူးသူ ကရင်နီ လူငယ်တစ်ဦးက ယခုလိုပြောပါတယ်။

“အဲဒါတွေတော့ မတွေ့ဘူး ကယားပြည်နယ်မှာ ဘာတွေဖြစ်နေလဲ ဘာတွေ ထင်ရှားလဲ ပြီးတော့ ဘာတွေ ထွက်နိုင်လဲပေါ့နော ပြခန်းတွေမှာဆို သူတို့ရဲ့ လယ်ထွန်စက်တွေ ကြော်ငြာတယ် မြန်မာနိုင်ငံက ထုတ်တဲ့ ဟာတွေ ကြော်ငြာတာ တွေ့တာပေါ့နော”

မြန်မာနိုင်ငံမှာ နေထိုင်သူတွေ အများစုဟာ ကရင်နီပြည်ကို ကယားပြည်နယ်လို့ ပိုအသိများကြပေမယ့် ထိုင်းမြန်မာ နယ်စပ်မှာ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိနေကြတဲ့ ကရင်နီလူမှု အသိုင်းအ၀ိုင်းထဲမှာတော့ ကရင်နီပြည်လို့ ခေတ်ကာလ အဆက်ဆက်က သုံးစွဲတဲ့အတိုင်း ခေါ်ဝေါ်နေကြဆဲပါ။

ဒီလိုကွဲပြား ခေါ်ဆိုနေကြရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ကရင်နီ စောဖျာအမျိုးနွယ်ထဲမှ လက်ရှိ ကျန်ရစ် နေသေးတဲ့ ကရင်နီ အမျိုးသား ခေါင်းဆောင် ခူးထဲဘူးဖဲက ယခုလို ရှင်းလင်းချက်ပေးပါတယ်။

“ကရင်နီဆိုတာ ရှေးကတည်းက သမိုင်းအရ ရှိတဲ့ စကားလုံး။ ကယားဆိုတာ ၁၉၅၂ ခုနှစ်မှ ဗမာပြည် လွတ် လပ်ရေး ရရှိပြီးတဲ့နောက် သူတို့ ခေါ်တာ။ ဗမာက ကျနော်တို့ကို ကရင်နီကနေ ကယားလို့ ပြောင်းလဲခေါ်တာ ဘယ်သူက သွားသဘောတူရမှာလဲ။ သူတို့က ကျနော်တို့ သမိုင်းကို ပျောက်ကွယ်သွားအောင် လုပ်ချင်တော့ ကယားလို့ ပြောင်းသွားတယ်။ ကျနော်တို့ သမိုင်းအရ အခုချိန်ထိ ကရင်နီလို့ ခေါ်လာတာ အဲဒီအ တွက်ကြောင့် ပဲ ဖြစ်တယ်။ အခုချိန်ထိ တိုက်ခိုက်ကြတာလည်း အဲဒီအတွက်ကြောင့်ပဲ ဖြစ်တယ်လေ”

ကရင်နီသမိုင်းအကြောင်း လေ့လာသိရှိထားတဲ့ သူတဦးလဲဖြစ် ပြည်ထောင်စု တိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အဖွဲ့ရဲ့ ဥက္ကဌလဲဖြစ်တဲ့ ခွန်းမားရ်ကိုဘန်က “ကရင်နီကို ကယား ဘာဖြစ် လို့ ပြောင်းသလဲဆိုတော့ ကယားကို ပြောင်းလိုက်တဲ့ အခါက ကရင်နီဆိုတဲ့ သီးခြားလွတ်လပ်တဲ့ သမိုင်းကို ဖဆဖလ က ဖြောက်ချင်လို့ ဖြစ်တယ်” လို့ ပြောပါတယ်။

ကရင်နီကနေ ကယားပြောင်းလဲခေါ်ဆိုရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ကျောင်းသား လူငယ်တဦးက “အဖိုးကြီး အဖွားကြီး ပြောတာတော့ ကြားဖူးတယ် ပြီးတော့စာအုပ် အဟောင်းစုတ်စုတ်ြပဲပြဲ တစ်အုပ်မှာဖတ်ဖူးတယ်” လို့ဆိုပါတယ်။

လူငယ်တွေအနေနဲ့ ကယားဒေးပွဲကို ကျင်းပရတဲ့ အကြောင်းရင်းတွေကို စာသင်ကျောင်းတွေ မှာ လေ့လာ ခွင့်မရတဲ့အတွက် သက်ကြီးရွယ်အိုတွေကို မေးမြန်းပေမယ့် ကယားဒေးပွဲ ကျင်းပရတဲ့ အကြောင်းရင်းကို တိတိ ကျကျ မသိပဲ ရှိနေပါတယ်။

“အဲလိုမျိုး ကယားဒေး ဖြစ်ပေါ်လာပုံ တိတိကျကျကိုတော့ သူတို့မသိတော့ဘူးပေါ့နော ဘိုးဘွားတွေက သူတို့ ဘယ်လိုပြောလဲဆိုရင် ဒီ ကယားဒေး လုပ်ရတဲ့အကြောင်း ဟိုးအရင်တုန်းကတော့ ရှိခဲ့တာပေါ့နော ဒါတော့ ငါတို့က မသိတော့ဘူးပေါ့ ဒါပေမယ့် တစ်ချို့တွေကလည်း ကယားဒေးဘာကြောင့် လုပ်ရတာလဲလို့ မေးလို့ ရှိရင် သူတို့က ကယားပြည်နယ်နေ့ကို အထိမ်းအမှတ်ပြုလို့ ကယားဒေးပွဲ လုပ်ရတာဖြစ်တယ်” လို့ ၎င်းက ဆက်ပြီး အဖိုးအဖွားတွေရဲ့ စကားအရ ပြန်လည်ပြောတာ ဖြစ်ပါတယ်။

ကရင်နီပြည်မှာ ၁၀ တန်းအထိ ကျောင်းတက်ခဲ့ဖူးတဲ့ လူငယ်တစ်ဦးက “စာထဲမှာ သင်တာက မြန်မာသမိုင်းနဲ့ ကမ္ဘာ့သမိုင်းလောက်ပဲကော” လို့ပြောပါတယ်။

ကရင်နီသမိုင်းနဲ့ ပတ်သက်ပြီး ထိုင်းမြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းတွေမှာသာ အလယ်တန်းကနေ ၉ တန်းအထိ လေ့လာခွင့်ရတယ်ဆိုပေမဲ့လို့ ရေရှည်မှာ ဒီကရင်နီ သမိုင်းဘာသာရပ်တွေ လေ့ လာသင်ကြားနိုင် လိမ့်မယ်လို့ မဆိုနိုင်ပါဘူး။

ကရင်နီဒုက္ခသည်တွေမှာ ကရင်နီသမိုင်းကို သင်ရတယ်ဆိုပေမယ့် တတိယ နိုင်ငံကို လျှောက်တဲ့ စီမံ ကိန်းကြောင့်စခန်းထဲက ကျောင်းသားလူငယ်တွေ လေ့လာဆည်းပူးနိုင်ဖို့ အခွင့်အလမ်းဟာလည်း မရှိ သလောက် ဖြစ်နေပြန်ပါတယ်။

ဒုက္ခသည်စခန်းထဲမှာ နေထိုင်သူ တွေအများစုဟာ နှစ်ပေါင်းများစွာ ဒုက္ခသည်ဘဝဖြင့် နေထိုင်ရတဲ့ အဖြစ်ကို ငြီးငွေ့လာတဲ့အတွက် တတိယနိုင်ငံကို လျှောက်ဖို့ ပိုစိတ်ဝင်စားကြတဲ့ အတွက်ကြောင့်ပါ။

ကရင်နီသမိုင်းတွေ တစ်စထက်တစ်စ ပပျောက်လာတာဟာ စစ်အစိုးရတွေ သွယ်ဝိုက်တဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးနှောက်ယှက်နေတာဖြစ်တယ်လို့ ကရင်နီ တော်လှန်ရေးအဖွဲ့အစည်းက ဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ကျင်းပပြုလုပ်ခဲ့တဲ့ ၅၈ ကြိမ်မြောက် ကယားဒေးပွဲရဲ့ မိန့်ခွန်းတွေမှာ ကရင်နီကိုယ်စားပြု ရပ်မိရပ် ဖတွေ မပါပဲ စစ်တပ်ကသာ နေရာယူပြီး တပ်မတော်တွေရဲ့ ကောင်းကြောင်းတွေကိုသာ ၀ါဒဖြန့် ဟောပြော ခဲ့ပါတယ်။

ကယားဒေးပွဲကို ကျင်းပတိုင်းမှာလည်း များသောအားဖြင့် ကရင်နီလူငယ်တွေဟာ ပျော်ပွဲရွှင်ပွဲလို သတ်မှတ်ကြပြီး ကယားဒေးဖြစ်ပေါ်လာတဲ့ အကြောင်းရင်းထက် လာရောက် သီဆိုဖျော်ဖြေပေးမယ့် နာမည်ကြီးမြန်မာ အဆိုတော်တွေနဲ့ ပွဲအတွင်း လောင်းကစားတွေကိုသာ ပိုမိုစိတ်ဝင်စား နေကြတာကို တွေ့ရပါတယ်။

“အခုကျနော်တို့ လူငယ်တွေက ကယားဒေးပွဲဟာ ပျော်ပွဲရွှင်ပွဲ လို့ပဲ မြင်တယ်လို့ပဲ တွေ့ရှိရတယ်ပေါ့လေ” လို့ ကရင်နီကျောင်းသားသမဂ္ဂ KSU ဥက္ကဌ မာတိယာလေးက ပြောပါတယ်။

ကယားဒေးဖြစ်ပေါ်လာတဲ့ အကြောင်းအရင်း အဖြစ်မှန်တွေကို လူငယ်တွေအကြား ပိုမိုသိရှိလာနိုင်ဖို့ “ကျနော်တို့ လူငယ်တွေအနေနဲ့ဆို ကျနော်တို့ သိဖို့သင့်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ ဒီပွဲကျင်းပပေးတဲ့ ကျနော်တို့ ဒီသက်ဆိုင်ရာ ပွဲကျင်းပသူကိုပေါ့လေ ကျနော်တို့ ဟို ဒီကယားဒေးနဲ့ ပတ်သက်ပြီး ဒီကယားဒေးနေ့ မှာ ဟောပြောပေးဖို့လိုတယ်။ ဒီကယားဒေးနဲ့ပတ်သက်တဲ့ သမိုင်းတွေကို ပန်းချီပြိုင်ပွဲပဲ ဖြစ်ဖြစ် အဲလိုမျိုး ညဏ် ရည်နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲမျိုးတွေ လုပ်ပေးဖို့သင့်တယ်” လို့ မာတိယာလေးက အကြံပြုပါတယ်။

မိသားစုစားဝတ်နေရေး အဆင်ပြေရေးတွေကိုသာ အစဉ်ရုန်းကန်ကြရတဲ့အတွက် ကရင်နီလူငယ် အနည်းစုတွေ သာ ကရင်နီသမိုင်းကို စိတ်ဝင်စားတော့တယ်လို့ ဆိုပါတယ်။

တဖက်မှာ ကိုယ့်သမိုင်းအဖြစ်မှန်တွေ ဖုံးဖိထားခြင်းခံနေရပေမဲ့လို့ ကရင်နီသမိုင်းကို လက်လှမ်းမှီပြီး သက်ရှိထင် ရှားကျန်ရစ်နေသေးတဲ့ မိဘဖိုးဘွားနဲ့ အမျိုးသားခေါင်းဆောင်တွေ ဆီကနေတဆင့် လေ့လာဖို့ အခွင့်အလမ်းတွေ ရှိနေပါသေးတယ်။ မနောက်ကျသေးပါဘူး။

ကိုယ့်ကိုယ်ကို ကရင်နီလူမျိုးလို့ ခံယူပါလျက် ကိုယ့်သမိုင်း ကိုယ်မသိတဲ့ အဖြစ်မျိုးမရောက်ဖို့ အရေးကြီးတဲ့ အတွက် ကရင်နီလူငယ်တွေအနေနဲ့ လက်လှမ်းမှီသလောက်တော့ ဝိုင်းဝန်းလေ့လာမှတ်သားကြပါစို့လို့ တိုက် တွန်းရင်း…
ဆက်ဖတ်ရန်...
19:31

ကရင်နီအမျိုးသားခေါင်းဆောင် ထဲဘူးဖဲ ကွယ်လွန်

ထဲဘူးဖဲသည်ကရင်နီ ပြည်သူလူထုတို့၏ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ကေအဲန်ပီပီ ဥက္ကဌ သက်တမ်းအား ၃ ကြိမ်တိုင်တိုင် ရွေးချယ်တင် မြှောက်ခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ၁၁ ကြိမ်မြောက် ကရင်နီအမျိုးသား ပါတီကွန်ကရက်တွင် ပါတီဥက္ကဌအဖြစ် ထပ်မံ ရွေးကောက်တင်မြှောက်ခြင်းကို ခံခဲ့ရပြီး ပါတီ ဥက္ကဌအဖြစ် လည်းကောင်း၊ ၀န်ကြီးချုပ် အဖြစ်လည်းကောင်း ယနေ့ ကွယ်လွန်ဆုံးပါး သွားသည့်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။
နာမကျန်း ဖြစ်နေသော ကရင်နီအမျိုးသားခေါင်းဆောင် ဆရာကြီး ထဲဘူးဖဲသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ဆေးရုံ၌ တပတ်ကြာ ဆေးကုသမှု ခံယူနေရာမှ ယနေ့ ညနေ ၃ နာရီ ၂၅ မိနစ် အချိန်တွင် ကွယ် လွန်သွားပါသည်။

လက်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဥက္ကဌလည်းဖြစ်၊ ကရင်နီနိုင်ငံတော်အစိုးရ ၀န်ကြီး ချုပ်လည်း ဖြစ်သည့် အသက် ၇၄ နှစ်အရွယ် ထဲဘူးဖဲသည် လည်ချောင်းကင်ဆာရောဂါကြောင့် ဆုံးပါးသွား ခဲ့ရကြောင်း ဆရာဝန်တို့၏ အတည်ပြုချက်ကို မိသားစုဝင်များက ကန္တာရ၀တီတိုင်း(မ်)ကို ပြောပြသည်။

“သူ့ရောဂါက ကင်ဆာလို့ ပြောတယ်။ သူက ဆေးရုံ ရောက်သွားတာ နောက်ကျသွားတယ်။ ချင်း မိုင်ဆေးရုံထိ ရောက်သွားတယ်လေ။ သူဟာက အခြေအနေ တော်တော်ဆိုးလို့ သူ့ဦးနှောက်ထဲအထိ ပိုးရောက် တယ်တဲ့။ သူ့ရောဂါ ဖြစ်တာ ကြာပြီ။ ဒါပေမဲ့ ကျမတို့ကို မပြောပြဘဲ နေခဲ့တယ်” ဟု ထဲဘူးဖဲ၏ စတုတ္ထမြောက် သမီးဖြစ်သူ မော်သဲမာက ပြောပါသည်။

ထဲဘူးဖဲသည် ကရင်နီ ပြည်သူလူထုတို့၏ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ကေအဲန်ပီပီ ဥက္ကဌ သက်တမ်းအား ၃ ကြိမ်တိုင်တိုင် ရွေးချယ်တင် မြှောက်ခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ၁၁ ကြိမ်မြောက် ကရင်နီအမျိုးသား ပါတီကွန်ကရက်တွင် ပါတီဥက္ကဌအဖြစ် ထပ်မံ ရွေးကောက်တင်မြှောက်ခြင်းကို ခံခဲ့ရပြီး ပါတီ ဥက္ကဌအဖြစ် လည်းကောင်း၊ ၀န်ကြီးချုပ် အဖြစ်လည်းကောင်း ယနေ့ ကွယ်လွန်ဆုံးပါး သွားသည့်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။

ထဲဘူးဖဲသည် ၁၉၆၀ ခုနှစ်က ရန်ကုန် တက္ကသိုလ်မှာ နိုင်ငံရေး သိပ္ပံဘွဲ့ ရယူခဲ့ပြီး ကရင်နီစာပေ တီထွင်ခဲ့ရာ မဆလ အစိုးရမှ လက်မခံဘဲ ပိတ်ပင်ခဲ့သည့်အတွက် ကရင်နီတော်လှန်ရေးအဖွဲ့ ဖြစ်သည့် ကေအဲန်ပီပီထဲသို့ ၀င်ရောက်လာခဲ့ပြီး စာပေအား ဆက်လက်တီထွင် လာခဲ့သည်။

“သူဆုံးသွားတာ စောလွန်းတယ်။ အခုမှ အသက် ၇၄ နှစ်ဘဲ ရှိသေးတယ်။ အမှန်ဆို ၈၀၊ ၈၀ ကျော်အထိ နေသင့်သေးတယ်။ သူလုပ်စရာတွေ အများကြီး ရှိသေးတယ်။ အခု သူလုပ်နေတဲ့ ကရင်နီအ ဘိဓါန်တောင်မှ A ကနေ R အထိပဲ ရောက်သေးတယ်။ ဘယ်သူ ဆက်လုပ်မလဲ မသိဘူး” ဟု မော်သဲ မာက ပြောပါသည်။

ထဲဘူးဖဲသည် ကရင်နီပြည် ဖရူဆိုမြို့နယ် ကေးလျား ကျေးရွာတွင် အဖခွီးဆူရယ်နှင့် အမိမော်ဖိုးမာတို့မှ ဖွားမြင်ခဲ့သော ပဉ္စမမြောက်သား ဖြစ်သည်။ ခွီးဆူရယ်သည် ခွီးစောဖျာ ကေးဖိုးဒူ၏ စတ္ထုထမြောက် သား ဖြစ်သည်။

ရန်ကုန် တက္ကသိုလ် ကျောင်းသားကဒ်နှင့် တက္ကသိုလ် အရံတပ်ရင်း ကဒ်ပြားတို့တွင် ဖေါ်ပြထားသော ဆရာ ကြီး၏ မွေးနေ့ သက္ကရာဇ်မှာ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ဟု ရေးသားဖေါ်ပြထားသည်။ သို့သော် ဆရာကြီး ကတော်နှင့် မိသားစုတို့၏ ပြောပြချက်အရ ဆရာကြီး၏ မွေးနေ့ အမှန်မှာ ၁၉၃၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ကြောင်း၊ အဆိုပါ မွေးနေ့မှာ ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့နှင့် တိုက်ဆိုင်နေသည့် အတွက် ကျောင်းတက်ချိန်၌ မွေးနေ့ အမှန်အား ပြောင်းလဲပစ်ခြင်း ခံရကြောင်း ဆရာကြီး သက်ရှိ ထင်ရှားစဉ်က မိသားစုအား ပြောပြခဲ့ဖူးသည်။

ကေအဲန်ပီပီမှလည်း သမိုင်းမှတ်တမ်းများ ပြုစုရာ၌ ဆရာကြီး၏ မွေးနေ့ အမှန်သည် ၁၉၃၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ဖြစ်သည်ကို ပြန်လည်အသိအမှတ် ပြုမည်ဟု ဆိုထားသည်။

ဆရာကြီး ထဲဘူးဖဲ၏ ရုပ်ကလပ်အား လာမည့် တနင်္လာနေ့တွင် ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေ ကရင်နြီ ပည်တွင်း တနေရာ၌ သွားရောက်သဂြိုလ်သွားမည် ဖြစ်သည်။
ဆက်ဖတ်ရန်...
08:28

တီကျစ်ကျောက်မီးသွေးသတ္တုတွင်း၏ အကျိုးဆက်များ စာအုပ် ဒေါင်းလုပ်


ရှမ်းပြည်တောင်ပိုင်း ပင်လောင်း မြို့နယ် တီကျစ်ရှိ ကျောက်မီးသွေး သတ္တုတွင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်စက် ရုံကြောင့် လေ နှင့် ရေထုညစ် ညမ်းကာ လူ ၁၂,ဝဝဝ နီးပါး၏ စိုက်ပျိုးရေး လုပ်ငန်းနှင့် ကျန်းမာရေး တို့ကို ခြိမ်းခြောက်လျက် ရှိသည်။ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)နှင့် ချိုစွူ လှုပ်ရှားမှု ကွန်ယက် (Kyoju Action Network- KAN) က ယနေ့ ထုတ်ဝေသည့် “အဆိပ်သင့် တိမ်များ” အမည်ရ အစီရင်ခံစာတွင် ယင်းသို့ ရေးသားထားသည်။ download center
အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံမှ ပြဒါး၊ ခဲ၊ အာဆင်းနစ် ဓာတ်များပါဝင်သည့် ကျောက်မီးသွေးပြာမှုန် တန် ၁၀၀- ၁၅၀ခန့် ထုတ်လုပ်လျက်ရှိကြောင်းလည်း သိရသည်။

ယခင်နှစ်များမှ စတင်၍ ပြာမှုန်များကို ဒေသခံလမ်းများပေါ်တွင် ခင်းစေသည့်အတွက် ဒေသခံ ၅၀ ရာ ခိုင်နှုန်းကျော်မှာ အရေပြားရောဂါ ခံစားနေရကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

“ချောင်းကရေနဲ့ ကောင်းကင်က တိမ်တွေမည်းမှောင်လာတယ်၊ ဒီအဆိပ်သင့် ညစ်ညမ်းတဲ့ မြေယာထဲမှာ ကြီးပြင်းလာမယ့် နောက်နောင် ကျနော်တို့ မျိုးဆက်တွေ ဘာဖြစ်သွားနိုင်မလဲ” ဟု PYO အဖွဲ့မှ ခွန်ချန်ကီက ဆိုသည်။

စက်ရုံမှ လွင့်လာသည့် အဆိပ်သင့် ပြာမှုန်များသည် ဒေသတွင်းလမ်းများပေါ်နှင့် ရေတွင်းရေကန်များထဲသို့ ကျရောက် စီးဝင်ကြသည့်အတွက် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေကြောင်း၊ ၊ ပြာမှုန့်များမှ အဆိပ်ဓာတ် သည် မြေအောက်ရေကိုပါ အဆိပ်သင့်စေကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

ကျောက်မီးသွေးတွင်းမှထွက်လာသည့် မြေစာပုံများသည် တောင်ကြီးများသဖွယ်မြင့်တက်လာပြီး ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အပြင် ကျောက်မီးသွေးတွင်းကို နက်သည်ထက်နက်ရန် တူးသည်နှင့် အ မျှ မြေအောက်ရေ ကြောများကို ထိခိုက်ကာ သတ္တုတွင်းအတွင်း ရေလျှံမှုများ ဖြစ်ပေါ်လာကြောင်းလည်း ပါရှိသည်။

၂၀၀၁ ခုနှစ် စက်တင်ဘာလတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက စက်ရုံတည်ဆောက် ရန် နေရာရွေး ချယ်ပေး ခဲ့ပြီး စိုက်ပျိုးမြေ ဧက ၁၀၀ ကျော်ကို သိမ်းယူရန်အမိန့်ပေးခဲ့ကြောင်းလည်း သိရသည်။

သတ္တုတွင်းတွင် လုပ်ကိုင်ဆောင်ရွက်သူသည် မြေယာပိုင်ဆိုင်သူထံမှ စီမံကိန်း မစတင်မီ ခွင့်ပြုချက်ရယူရ မည် ဟု မြန်မာနိုင်ငံ သတ္တုတွင်း ဥပဒေ (၁၉၉၄)တွင် ရေးသားထားသော်လည်း စိုက်ပျိုးမြေဧက ၅၀၀ ကျော်ကို သိမ်းယူကာ လိုင်ခါးနှင့် တောင်ပို့လ ကျေးရွာများကို အတင်းအကျပ် ပြောင်းရွှေ့ စေခဲ့ကြောင်း၊ မိသားစု တခု လျှင် အများဆုံး လျော်ကြေးငွေ ၁၇၀၀၀၀ ကျပ်ကိုသာ ရရှိခဲ့ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

ကျောက်မီးသွေးတွင်းနှင့် စက်ရုံကို တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း (CHMC)က ရှမ်းရိုးမနဂါးနှင့် ဧဒင်အုပ်စု ကုမ္ပဏီတို့က ဖက်စပ်ဆောင်ရွက်ခဲ့ပြီး စက်ရုံအတွက် အမေရိကန် ဒေါ်လာ ၄၂. ၉၃ သန်းရင်းနှီး မြုပ်နှံခဲ့ကြောင်လည်း ဆိုသည်။

“မြန်မာပြည်မှာက အစိုးရလုပ်ချင်သလို လုပ်လို့ရတယ်၊ တရားဥပဒေမစိုးမိုးဘူး၊ ဒါကြောင့် တရုတ်တွေ က မြန် မာပြည် ကို စိတ်ဝင်စားတယ်၊ ဒီစီမံကိန်းဟာ တကယ်တော့ ဒေသခံလူထုအတွက် မဟုတ်ဘူး၊ တရုတ်တွေ အတွက်သာ ဖြစ်တယ်” ဟု ခွန်ချန်ကီ ကဆိုသည်။

ကျောက်မီးသွေးလျှပ်စစ်စက်ရုံမှ တနှစ်လျှင် ကျောက်မီးသွေး ၆၄၀၀၀၀ တန်အသုံးပြုနေပြီးလျှပ်စစ် မီဂါဝပ် ၁၂၀ ကိုထုတ်လုပ်မည်ဖြစ်သည်။

ယင်းလျှပ်စစ်ဓာတ်အားကို ယင်းဒေသရှိ နဂါးဘိလပ်မြေစက်ရုံသို့ တင်ပို့ပေးနေပြီး ပင်းပက် သံရည်ကြို စက်ရုံသို့ တင်ပို့ ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျောက်မီးသွေး သတ္တုတွင်းမှလည်း နေ့စဉ် လစ်ဂနိုက်နှင့် ဘစ်တူမိနပ်စ် ကျောက်မီးသွေး အမျိုးအစား တန်ချိန် ၂၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး လစ်ဂနိုက်ကျောက်မီးသွေးသည် ကာဗွန်ဒိုင် အောက်ဆိုဒ် အများဆုံးထွက်သည့် ပတ်ဝန်းကျင် အညစ်ညမ်းဆုံး ဖြစ်စေနိုင်သည့် ကျောက်မီးသွေးလည်းဖြစ်သည်။

အဆိုပါ စက်ရုံနှင့် သတ္တုတွင်းသည် အင်းလေးကန်၏ ၁၃ မိုင် အကွာ ရေဝေရေလဲဒေသအတွင်း တည်ရှိသည့် အပြင် အင်းလေးကန်အတွင်းသို့ စီးဝင်နေသည့် ဘီလူးချောင်းသည် စက်ရုံမှ စွန့်ပစ်ပစ္စည်း များကြောင့် ရေထုညစ်ညမ်း စေကြောင်းလည်း ဆိုသည်။

အင်းလေးကန်ရေခန်းခြောက်ရသည့် အကြောင်းအရင်းသည် ယင်းစက်ရုံ သတ္တုတွင်းများနှင့် ဆက်စပ်မှု ရှိကြောင်း လည်း ခွန်ချန်ကီက ပြောသည်။

“ဒီစီမံကိန်းမှာ စစ်အစိုးရ ခေါင်းဆောင် မောင်အေးနဲ့ အကျိုးတူ ကုမ္ပဏီတွေ ပါဝင် ပတ်သက်နေလို့ အင်းလေး ကန် ရေးခန်းတော့ အစိုးရက ဒီကိစ္စကို မပြောဘူး” ဟု ခွန်ချန်ကီက ဆိုသည်။

ကုမ္ပဏီများက ကျောက်မီးသွေးကို မြေအောက်ဥမင် စနစ်ဖြင့် ထုတ်လုပ်နေသောကြောင့် ကျေးရွာ လူထုများ မှာ မြေပြိုကျမည့် အရေးကို စိုးရိမ်နေကြောင်း တူးဖော်ရရှိသည့် ကျောက်မီးသွေးများကို တွင်းဘေးနှင့် လယ်မြေ ကွက် များတွင် ဖြစ်သလို ပုံထားသည့်အတွက် မြေဆီအရည်အသွေးကို ပျက်စီးစေကြောင်းလည်းသိရသည်။

“အင်းလေးကန် ပျက်စီးမှာကို စိုးရိမ်လို့ထုတ်တာပါ၊ အင်းနဲ့ ပင်လောင်းက လွှတ်တော်အမတ်တွေ လွတ်တော်မှာ သယ်သွားနိုင်အောင်လည်း မရရတဲ့ နည်းလမ်းရှာပြီးပို့သွားမယ်” ဟုလည်း ခွန်ချန်ကီက ပြောသည်။

အင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အင်းလေးကန် စိမ်းလန်းစိုပြေရေးကို အရေးပေးဆောင်ရွက် သွား မည် ဖြစ်ကြောင်း ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အကြီးစားကျောက်မီးသွေးသိုက် (၁၆) ခုရှိပြီး ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတ ခုဖြစ်သည့် အီတာလျံထိုင်း ကုမ္ပဏီနှင့် ထားဝယ်ရေနက် ဆိပ်ကမ်းဆောက်လုပ်ရန်ချုပ်ဆိုခဲ့သည့် သဘောတူ စာချုပ်တွင် အရှေ့တောင်အာရှ၏ အကြီးဆုံး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံကို ထားဝယ်အနီး တည်ဆောက်ရန် စီမံထားကြောင်းလည်း သိရသည်။

PYOသည် ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပင်းပက်သံသတ္တုတွင်းနှင့် အမှတ် ၅ သံမဏိစက်ရုံ နေရာတို့ကို လေ့လာသုတေသနပြုကာ “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ KAN သည် ၂၀၁၀တွင် ဒေသခံများ ကိုယ်တိုင်ကိုယ်ကျ သဘာဝအရင်းအမြစ်ကို ထိန်း သိမ်းခြင်းစွမ်းရည် မြင့်မားလာစေရန် စတင်တည်ထောင်ခဲ့သည်။
ဆက်ဖတ်ရန်...
20:03

အမေရိကန်လွှတ်တော်မှာ ဟူကျင်တောင်း ဝေဖန်ခံရ

တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ဟာ လူ့အခွင့်အရေးဆိုင်ရာ၊ စီးပွားရေးနဲ့ မြောက်ကိုရီးယားအရေး အပါအ၀င် အတိမ်းအစောင်း မခံတဲ့ ကျယ်ပြန့်တဲ့ ပြဿနာရပ် အတော်များများနဲ့ ပတ်သက်ပြီး ကြာသ ပတေးနေ့ က အမေရိကန် လွှတ်တော်မှာ သူ့ကို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တရုတ်နိုင်ငံက လူ့အခွင့် အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး သူနဲ့တကွ အတူလက်တွဲပြီး တာဝန် ထမ်းဆောင်နေ တဲ့ လွှတ်တော်အမတ်တွေ အကြား စိုးရိမ် စိတ်ပူမှုတွေ တိုးလာနေတာကို တင်ပြခဲ့တယ်လို့ အမေရိကန် အောက် လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘေးနား (John Boehner) က ပြောပါတယ်။
တရုတ်သမ္မတ ဟူကတော့ သူ့နိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ ရှိလာစေဖို့အတွက် အများကြီး လုပ်ဆောင်ရဦးမှာ ဖြစ်ကြောင်း၊ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့အတူ ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတ ဟူက နောက်ပိုင်းမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို မိန့်ခွန်း ပြောကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေး ဟာ တနေ့တခြား ကြီးထွားလာနေပေမဲ့ မသေချာ၊ မရေရာမှုတွေ အများအပြား ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စီးပွားရေး သေသေချာချာ နာလန်ထူလာစေဖို့အတွက် တရုတ်နိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံ လက် တွဲဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

နှစ်နိုင်ငံကြားက အတိမ်းအစောင်း မခံတဲ့ ပြဿနာရပ်တွေကို ကိုင်တွယ်ရာမှာ သဘောထား ကြီးကြီးနဲ့ အပြန် အလှန် လေးလေးစားစား ဆောင်ရွက်ဖို့ လိုအပ်ပြီး မကိုင်တွယ်တတ်ရင် နှစ်နိုင်ငံ ရေရှည် ပုံမှန် ပြဿနာတွေနဲ့ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

ဥပမာ တိဘက်နဲ့ ထိုင်ဝမ်ပြဿနာမျိုးတွေ ဖြစ်ပြီး တရုတ်နိုင်ငံက သူ့ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေပိုင်ဆိုင် မှုဆိုင်ရာ စိုးရိမ်မှုတွေကို ဖြစ်လာစေတယ်လို့ ဆိုပါတယ်။ News from VoA
ဆက်ဖတ်ရန်...
12:16

တီကျစ်မိုင်းကြောင့် လူ ၂ ထောင် အရေပြားရောဂါဖြစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ တီကျစ် ကျောက်မီးသွေး သတ္တုတွင်း စီမံကိန်းကြောင့် ရေနှင့် လေထု ညစ်ညမ်းမှုဖြစ်ကာ လူဦးရေ ၂,ဝဝဝ ခန့် အရေပြား ယားယံသည့် ဝေဒနာ ခံစားနေရကြောင်း ပအိုဝ်းလူငယ် အဖွဲ့နှစ်ခုက ထုတ်ပြန် သော အစီရင်ခံစာတစောင်က စွပ်စွဲလိုက်သည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ကျောက်မီး သွေးစီမံကိန်းကြောင့် အနီးရှိ တီကျစ်နှင့် ဆည်ခေါင်းကျေးရွာများမှ ရွာခံလူ ၄,ဝ၈ဝ အနက် ထက်ဝက်ခန့် အရေပြားပေါ်တွင် အယားဖုများပေါက်သည့် ဝေဒနာ ခံစားနေရသည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်တွင် ယနေ့စတင် ဖြန့်ချိသော “အဆိပ်သင့်တိမ်များ” အမည်ရှိ အစီရင်ခံစာတွင် ပါရှိသည်။
“ဓာတ်ငွေ့တွေ အနံ့ဆိုးတွေရယ်၊ နောက် ကျောက်မီးသွေးတွင်းက စွန့်ပစ်ထားတဲ့ အညစ်အကျေးတို့ မြေဇာတို့က ရွာထက်မြင့်နေတယ်။ အဲဒီကရတဲ့ အနံ့တွေကြောင့် လူတွေ ကြာတော့ ဒီရောဂါလက္ခ္ခဏာတွေ ပေါ်လာတာ” ဟု စစ်အစိုးရ အတိုက်အခံ ပအိုဝ်းလူငယ်အစည်းအရုံး (ပီဝိုင်အို) အတွင်းရေးမှူး ခွန်ချန်ကီက သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားသွားသည်။

မြန်မာနိုင်ငံရှိ ကျောက်မီးသွေးတွင်း ၁၆ ခုအနက်မှ အပွင့်စနစ်ဖြင့် ထုတ်ယူရာတွင် အကြီးဆုံး တီကျစ် ကျောက် မီးသွေးတွင်းမှ နေ့စဉ်တန်ချိန် ၂,ဝဝဝ ခန့်ထွက်သည်။

အင်းလေးကန်မှ ၁၃ မိုင်အကွာတွင် တည်ရှိသော တီကျစ်စီမံကိန်းကို တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းက ၂ဝဝ၂ တွင် စတင်လည်ပတ်နေပြီး မြန်မာနိုင်ငံမှ ဧဒင်အုပ်စုနှင့် ရှမ်းရိုးမနဂါး ကုမ္ပဏီများက ဖက်စပ်ဆောင်ရွက်ကြသည်။

ကျောက်မီးသွေးထုတ်လုပ်မှုမှ ပြာမှုန် နေ့စဉ် တန်ချိန် ၁ဝဝ အနည်းဆုံး ထွက်နေကာ ကျောက်မီးသွေးမိုင်းနှင့် လျှပ်စစ်စက်ရုံတို့မှ ထွက်ရှိသော စွန့်ပစ်အညစ်အကြေးများ ဘီလူးချောင်းတွင်း စီးဝင်နေသည်ဟု အစီရင်ခံစာ တွင် ပါရှိသည်။

စီမံကိန်းအနီး ၅ မိုင်ဝန်းကျင်အတွင်း၌ ကျေးရွာ ၂၅ ရွာရှိကာ လူဦးရေ ၁၁,၅၉၂ ဦး နေထိုင်ကြပြီး ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ပီဝိုင်အိုက သတိပေးလိုက်သည်။

စီမံကိန်းစတင်စဉ်က အိမ်ခြေ ၂၄ လုံးရှိ တောင်ပို့လနှင့် လိုင်းခါးရွာတို့ကို ကုမ္ပဏီများနှင့် အာဏာပိုင်များက အဓမ္မ ရွှေ့ပြောင်းပစ်ခဲ့သည်။

ထို့နောက် စီမံကိန်း တိုးချဲ့လာခဲ့ပြီး ဒေသခံများ၏ လယ်ယာမြေများကိုပါ သိမ်းယူ လုပ်ကိုင်လာသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

ကျောက်မီးသွေးမိုင်းကြောင့် လေထု ညစ်ညမ်းမှု ဒဏ်ခံနေရသဖြင့် အရေပြားပေါ်တွင် ယားနာဖုများ ပေါက်သည့် ဝေဒနာခံစားနေရသည်ကို မိမိတို့ ကြားသိထားရကြောင်း အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဝင်းမြင့်က မဇ္ဈိမသို့တယ်လီဖုန်းမှ ပြောသည်။

စီမံကိန်းနေရာများမှ စီးထွက်သည့် ညစ်ညမ်းရေများသည် တီကျစ်ချောင်းထဲမှနေ၍ အထက်ဘီလူးချောင်း၊ ထိုမှတဆင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ ထိန်းသိမ်းရမည့် အမွေအနှစ် ဥယျာဉ်များ စာရင်းဝင် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးကန်ဖြစ်သည့် အင်းလေးကန်ထဲ စီးဝင်နေကြောင်း အစီရင်ခံစာက ဖေါ်ပြသည်။

“အင်းလေးကန် ရေရှည်တည်တံ့ရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဟာ ကျနော်တို့ အင်းပါတီရဲ့ ပထမ ဦးစားပေး လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်ကို ထိခိုက်လာမယ့် လုပ်ငန်းအားလုံးကို ကာကွယ်သွားမှာ ဖြစ်ပါ တယ်” ဟု ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ယင်းဒေသတွင် ပအိုဝ်း လူမျိုးများ အများဆုံးနေထိုင်ကြပြီး ရှမ်း၊ မြန်မာ၊ တောင်ရိုး လူမျိုးများလည်း နေထိုင် ကြကာ အာလူး၊ဆန်၊ စပါး၊ လက်ဖက်၊ ဂေါ်ဖီ၊ ငရုတ်များ စိုက်ပျိုးကာ အသက်မွေးကြသည်။

ပအိုဝ်း လူငယ် အစည်းအရုံးနှင့် ချိုစွူ လှုပ်ရှားမှု ကွန်ယက်တို့သည် ဖေဖော်ဝါရီလကတည်းက တီဂျစ် စီမံကိန်းကို စောင့်ကြည့်နေခဲ့သည်ဟု ဆိုသည်။
ဆက်ဖတ်ရန်...
12:11

Shan Coal Mine Affecting Local Health, Report Says


In recent years, ash has been known to cover roads and some 50 percent of the local population suffers from skin infections, the report says. “Our skies and waters are turning black,” said Khun Chankhe of the PYO. “What future is there for our children who are growing up in a toxic wasteland?”
The agriculture and health of nearly 12,000 people living within a five-mile radius of Burma’s largest coal mine and coal-fired power plant are threatened with air and water pollution, according to a report titled “Poison Clouds” that was complied by the Pa-Oh Youth Organization (PYO) and the Kyoju Action Network (KAN).

According to the report, the power plant, which is located near Tigyit in Pinglaung Township in southern Shan State, releases 100 to150 tons of toxic ash containing mercury, lead and arsenic into the atmosphere every day

In recent years, ash has been known to cover roads and some 50 percent of the local population suffers from skin infections, the report says.

“Our skies and waters are turning black,” said Khun Chankhe of the PYO. “What future is there for our children who are growing up in a toxic wasteland?”

The residue from the coal mine is piling up so high that the dumps have become like hills and are blocking the flow of water, as well as creating pollution and stagnant lakes. Toxic fly ash that is dumped on coal mine waste piles or spread on local roads is also running off into local water sources, some of which eventually flows into Inle Lake, the report states.

The Burmese military regime’s Vice-Snr-Gen Maung Aye chose the site for the power plant in 2001, and instructed local military officials to confiscate more than 100 acres of local farm lands, said the 54-page report.

However, some 500 acres of land were seized. Three hundred and twenty-one families from Lai Khar and Taung Pola villages each received a maximum of 170,000 kyats (US $170) compensation for forced relocation.

However, the Myanmar Mines Law of 1994, Chapter 5, Section 4, states that “the holder of a permit for mineral production within an area under the Ministry's administrative control or which does not lie within the Mineral Reserve Area or Gemstone Tract, shall carry out such production only after coordinating and receiving agreement from the individual or organization having the right of cultivation, right of possession, right of use and occupancy, beneficial enjoyment, right of succession or transfer of the said land.”

The plant uses 640,000 tons of coal per year to produce 600 Gigawatts of power with a capacity of 120 Megawatts.

The China National Heavy Machinery Corporation, along with Eden Group of Myanmar and Shan Yoma Nagar, implemented the project in 2002 under the supervision of the Energy Ministry with an investment of $42.93 million.

Chit Khaine, the founder of Eden Group, is on the EU sanctions list under the category, “Persons Who Benefit from Government Economic Policies and Other Persons Associated with the Regime.”

“The project is for the sake of China, not for the local communities. The local people don’t receive sufficient electricity from the plant,” said Khun Chankhe.

Electricity produced from the power plant is sent to the nearby Nagar cement plant. A proposal is being considered to supply electricity to another mining project, the Pangpet iron factory near Hopone and the Taunggyi highway, which is run by Russian and Italian companies, the report said.

The Tigyit coal mine also produces nearly 2,000 tons of lignite and sub-bituminous coal every day. Lignite, a soft brown coal, produces the most carbon dioxide emissions per unit of energy than any other type of coal.

The plants and the mine are located within the watershed that is 13 miles from Burma’s famous Inle Lake in Shan State. River waters polluted by the mine and waste from the power plant are flowing into the lake via the Balu Creek, the report says.

Khun Chanke said that this is one of the main reasons why Inle Lake is drying up.

Residue piles from the mine are now towering above the homes of 3,000 people, blocking streams and contaminating fields. The coal is extracted through an underground tunnel system which runs beneath tea farms—another major concern for villagers who live in constant fear of landslides and land collapses, said the report.

“We issue the report today with concern for Inle Lake,” said Khun Chanke on Thursday.

“We also wish to call on the elected candidates from Inle and Pinglaung region to discuss this issue in Parliament.”

The Inn National Development Party has previously said that the party will focus on the environmental issues of Inle Lake.

There are over 16 large-scale coal deposits in Burma. The Italian-Thai Development Plc, a large Thai construction firm, signed a multi-billion dollar deal with Burma in November for the development of a deep sea port in Dawei (Tavoy). The project includes plans for Southeast Asia’s largest coal-fired power plant that will build in Dawei where 18 villages have been ordered to move to make way for the project, said the PYO/ KAN report.

PYO was set up in 1998 and says it is “striving for peace and justice in Burma through empowering youth.” It published a report, “Robbing the Future,” in June 2009 after two years of research at the site of Burma’s largest iron mine and the Pangpet No. 5 Steel Mill in Shan State.

KAN was set up in 2010 and says its aim is “strengthening communities’ capacity to protect their natural resources.”
ဆက်ဖတ်ရန်...
12:08

ကျောက်မီးသွေး သတ္တုတွင်းကြောင့် ဒေသခံများ ထိခိုက်

ရှမ်းပြည်တောင်ပိုင်း ပင်လောင်း မြို့နယ် တီကျစ်ရှိ ကျောက်မီးသွေး သတ္တုတွင်းနှင့် လျှပ်စစ်ဓာတ်အားထုတ် စက်ရုံကြောင့် လေနှင့် ရေထုညစ်ညမ်းကာ လူ ၁၂,ဝဝဝ နီးပါး၏ စိုက်ပျိုးရေး လုပ်ငန်းနှင့် ကျန်းမာရေး တို့ကို ခြိမ်းခြောက်လျက် ရှိသည်။
ပအိုဝ်းလူငယ် အစည်းအရုံး (PYO)နှင့် ချိုစွူ လှုပ်ရှားမှု ကွန်ယက် (Kyoju Action Network- KAN) က ယနေ့ ထုတ်ဝေသည့် “အဆိပ်သင့် တိမ်များ” အမည်ရ အစီရင်ခံစာတွင် ယင်းသို့ ရေးသားထားသည်။ အဆိုပါ လျှပ်စစ် ဓာတ်အားထုတ်စက်ရုံမှ ပြဒါး၊ ခဲ၊ အာဆင်းနစ် ဓာတ်များပါဝင်သည့် ကျောက်မီးသွေးပြာမှုန် တန် ၁၀၀- ၁၅၀ခန့် ထုတ်လုပ်လျက်ရှိကြောင်းလည်း သိရသည်။
ယခင်နှစ်များမှ စတင်၍ ပြာမှုန်များကို ဒေသခံလမ်းများပေါ်တွင် ခင်းစေသည့်အတွက် ဒေသခံ ၅၀ ရာခိုင်နှုန်း ကျော်မှာ အရေပြားရောဂါ ခံစားနေရကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။ “ချောင်းကရေနဲ့ ကောင်းကင် က တိမ်တွေမည်းမှောင်လာတယ်၊ ဒီအဆိပ်သင့် ညစ်ညမ်းတဲ့ မြေယာထဲမှာ ကြီးပြင်းလာမယ့် နောက်နောင် ကျနော်တို့ မျိုးဆက်တွေ ဘာဖြစ်သွားနိုင်မလဲ” ဟု PYO အဖွဲ့မှ ခွန်ချန်ကီက ဆိုသည်။

စက်ရုံမှ လွင့်လာသည့် အဆိပ်သင့် ပြာမှုန်များသည် ဒေသတွင်းလမ်းများပေါ်နှင့် ရေတွင်းရေကန်များထဲသို့ ကျ ရောက် စီးဝင်ကြသည့်အတွက် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေကြောင်း၊ ၊ ပြာမှုန့်များမှ အဆိပ်ဓာတ်သည် မြေ အောက်ရေကိုပါ အဆိပ်သင့်စေကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

ကျောက်မီးသွေးတွင်းမှ ထွက်လာသည့် မြေစာပုံများသည် တောင်ကြီးများသဖွယ်မြင့်တက်လာပြီး ရေစီးဆင်း မှုကို အဟန့်အတားဖြစ်စေသည့် အပြင် ကျောက်မီးသွေးတွင်းကို နက်သည်ထက်နက်ရန် တူးသည်နှင့်အမျှ မြေ အောက်ရေ ကြောများကို ထိခိုက်ကာ သတ္တုတွင်းအတွင်း ရေလျှံမှုများ ဖြစ်ပေါ်လာကြောင်းလည်း ပါရှိသည်။

၂၀၀၁ ခုနှစ် စက်တင်ဘာလတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက စက်ရုံတည်ဆောက်ရန် နေရာရွေးချယ် ပေးခဲ့ပြီး စိုက်ပျိုးမြေ ဧက ၁၀၀ ကျော်ကို သိမ်းယူရန်အမိန့်ပေးခဲ့ကြောင်းလည်း သိရသည်။

သတ္တုတွင်းတွင် လုပ်ကိုင်ဆောင်ရွက်သူသည် မြေယာပိုင်ဆိုင်သူထံမှ စီမံကိန်း မစတင်မီ ခွင့်ပြုချက်ရယူရ မည်ဟု မြန်မာနိုင်ငံ သတ္တုတွင်း ဥပဒေ (၁၉၉၄)တွင် ရေးသားထားသော်လည်း စိုက်ပျိုးမြေဧက ၅၀၀ ကျော်ကို သိမ်းယူကာ လိုင်ခါးနှင့် တောင်ပို့လ ကျေးရွာများကို အတင်းအကျပ် ပြောင်းရွှေ့ စေခဲ့ကြောင်း၊ မိသားစု တခုလျှင် အများဆုံး လျော်ကြေးငွေ ၁၇၀၀၀၀ ကျပ်ကိုသာ ရရှိခဲ့ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

ကျောက်မီးသွေးတွင်းနှင့် စက်ရုံကို တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း (CHMC) က ရှမ်းရိုးမနဂါးနှင့် ဧဒင်အုပ်စု ကုမ္ပဏီတို့က ဖက်စပ်ဆောင်ရွက်ခဲ့ပြီး စက်ရုံအတွက် အမေရိကန် ဒေါ်လာ ၄၂. ၉၃ သန်းရင်းနှီး မြုပ်နှံခဲ့ကြောင်လည်း ဆိုသည်။

“မြန်မာပြည်မှာက အစိုးရလုပ်ချင်သလို လုပ်လို့ရတယ်၊ တရားဥပဒေမစိုးမိုးဘူး၊ ဒါကြောင့် တရုတ်တွေက မြန်မာ ပြည် ကို စိတ်ဝင်စားတယ်၊ ဒီစီမံကိန်းဟာ တကယ်တော့ ဒေသခံလူထုအတွက် မဟုတ်ဘူး၊ တရုတ်တွေ အတွက် သာ ဖြစ်တယ်” ဟု ခွန်ချန်ကီ ကဆိုသည်။

ကျောက်မီးသွေးလျှပ်စစ်စက်ရုံမှ တနှစ်လျှင် ကျောက်မီးသွေး ၆၄၀၀၀၀ တန်အသုံးပြုနေပြီးလျှပ်စစ် မီဂါဝပ် ၁၂၀ ကိုထုတ်လုပ်မည်ဖြစ်သည်။

ယင်းလျှပ်စစ်ဓာတ်အားကို ယင်းဒေသရှိ နဂါးဘိလပ်မြေစက်ရုံသို့ တင်ပို့ပေးနေပြီး ပင်းပက် သံရည်ကြို စက်ရုံသို့တင်ပို့ ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျောက်မီးသွေး သတ္တုတွင်းမှလည်း နေ့စဉ် လစ်ဂနိုက်နှင့် ဘစ်တူမိနပ်စ် ကျောက်မီးသွေး အမျိုးအစား တန်ချိန် ၂၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး လစ်ဂနိုက်ကျောက်မီးသွေးသည် ကာဗွန်ဒိုင် အောက်ဆိုဒ် အများဆုံးထွက်သည့် ပတ်ဝန်းကျင် အညစ်ညမ်းဆုံး ဖြစ်စေနိုင်သည့် ကျောက်မီးသွေးလည်းဖြစ်သည်။

အဆိုပါ စက်ရုံနှင့် သတ္တုတွင်းသည် အင်းလေးကန်၏ ၁၃ မိုင် အကွာ ရေဝေရေလဲဒေသအတွင်း တည်ရှိသည့် အပြင် အင်းလေးကန်အတွင်းသို့ စီးဝင်နေသည့် ဘီလူးချောင်းသည် စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် ရေထု ညစ်ညမ်း စေကြောင်းလည်း ဆိုသည်။

အင်းလေးကန်ရေခန်းခြောက်ရသည့် အကြောင်းအရင်းသည် ယင်းစက်ရုံ သတ္တုတွင်းများနှင့် ဆက်စပ်မှုရှိ ကြောင်း လည်း ခွန်ချန်ကီက ပြောသည်။

“ဒီစီမံကိန်းမှာ စစ်အစိုးရ ခေါင်းဆောင် မောင်အေးနဲ့ အကျိုးတူ ကုမ္ပဏီတွေ ပါဝင် ပတ်သက်နေလို့ အင်းလေး ကန် ရေးခန်းတော့ အစိုးရက ဒီကိစ္စကို မပြောဘူး” ဟု ခွန်ချန်ကီက ဆိုသည်။

ကုမ္ပဏီများက ကျောက်မီးသွေးကို မြေအောက်ဥမင် စနစ်ဖြင့် ထုတ်လုပ်နေသောကြောင့် ကျေးရွာ လူထုများမှာ မြေပြိုကျမည့် အရေးကို စိုးရိမ်နေကြောင်း တူးဖော်ရရှိသည့် ကျောက်မီးသွေးများကို တွင်းဘေးနှင့် လယ်မြေ ကွက် များတွင် ဖြစ်သလို ပုံထားသည့်အတွက် မြေဆီအရည်အသွေးကို ပျက်စီးစေကြောင်းလည်းသိရသည်။

“အင်းလေးကန် ပျက်စီးမှာကို စိုးရိမ်လို့ထုတ်တာပါ၊ အင်းနဲ့ ပင်လောင်းက လွှတ်တော်အမတ်တွေ လွတ်တော်မှာ သယ်သွားနိုင်အောင်လည်း မရရတဲ့ နည်းလမ်းရှာပြီးပို့သွားမယ်” ဟုလည်း ခွန်ချန်ကီက ပြောသည်။

အင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အင်းလေးကန် စိမ်းလန်းစိုပြေရေးကို အရေးပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အကြီးစားကျောက်မီးသွေးသိုက် (၁၆) ခုရှိပြီး ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတခုဖြစ်သည့် အီတာလျံထိုင်း ကုမ္ပဏီနှင့် ထားဝယ်ရေနက် ဆိပ်ကမ်းဆောက်လုပ်ရန်ချုပ်ဆိုခဲ့သည့် သဘောတူ စာချုပ်တွင် အရှေ့တောင်အာရှ၏ အကြီးဆုံး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံကို ထားဝယ်အနီး တည်ဆောက်ရန် စီမံထားကြောင်းလည်း သိရသည်။

PYOသည် ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပင်းပက်သံသတ္တုတွင်းနှင့် အမှတ် ၅ သံမဏိစက်ရုံ နေရာတို့ကို လေ့လာသုတေသနပြုကာ “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” အစီရင်ခံစာကို ထုတ် ပြန်ခဲ့သည်။ KAN သည် ၂၀၁၀တွင် ဒေသခံများ ကိုယ်တိုင်ကိုယ်ကျ သဘာဝအရင်းအမြစ်ကို ထိန်းသိမ်းခြင်း စွမ်းရည် မြင့်မားလာစေရန် စတင်တည်ထောင်ခဲ့သည်။
ဆက်ဖတ်ရန်...
21:14

ပအိုဝ်းပြည်သူတစ်ဦးရဲ့ ရင်ဖွင့်သံ အပိုင်း(၁)

ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဆိုတဲ့စကားတွေကရော ဘယ်မှာသွားထားမှာလဲ။ တို့ပြည်သူတို့အနေနဲ့ စဉ်းစားဖို့အချိန်တန်နေပါပြီ။ အခုမှ မဟုတ်ပါဘူး အရင်ကတည်းကပါ အဖက် ဖက် ကချွှတ်ချုံကြနေတဲ့ အချိန်မှာ ပိပိပြားနေအောင် ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေဟာ တို့ပြည် သူတွေပဲဆိုတာကိုလည်း အားလုံးနားလည် သဘောပေါက်ထားပြီးသားဖြစ်ပါတယ်။
နှစ်တွေလတွေပြောင်းလဲ ခဲ့ပေမယ့် ယနေ့မြန်မာပြည်ကြီး မပြောင်းလဲနိုင်သေးတာ ဘာကြောင့်လဲ ဘယ် သူတွေကြောင်လဲလို့ ပြန်လည်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည့် အကြောင့်တွေနှင့် အခြေခံအဓိက ဆက်စပ်နေတဲ့ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရက သာဖြစ်ပါတယ်။ အရာရာတိုင်းမှာ နိုင်ငံတော် စစ်အာဏာရှင်အစိုးရလက်ထဲတွင်သာ ရှိနေပါရောလား။ ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဆိုတဲ့စကားတွေကရော ဘယ်မှာသွားထားမှာလဲ။ တို့ပြည်သူတို့အနေနဲ့ စဉ်းစားဖို့အချိန် တန်နေပါပြီ။ အခုမှ မဟုတ်ပါဘူး အရင်ကတည်းကပါ အဖက် ဖက် ကချွှတ်ချုံကြနေတဲ့ အချိန်မှာ ပိ ပိပြားနေအောင် ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေဟာ တို့ပြည် သူတွေပဲဆိုတာကိုလည်း အားလုံးနားလည် သဘောပေါက်ထားပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးကို လုပ်ကြမယ့်သူတွေ၊ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့လူတွေ အားလုံး စနစ်ကြီးတစ်ခုလုံးပြောင်းလဲဖို့ အချိန်တန်ပါပြီ။ တစ်ခေတ်ပြီးတစ်ခေတ် စနစ်ကြီးကလည်း နာမည် သာပြောင်းသွားပေမယ့်၊ အုပ် ချုပ်ပုံစနစ်က ဘာမှပြောင်းမသွားဘူး။ နှစ်ပေါင်းများစွာ သူ့ကျွှန်ခံလာရတဲ့ဘဝနှင့် ဘဝတူဖြစ်ခဲ့တဲ့ တချိန်တုန်းကတော့ သူကဖြူတယ်၊မဲတယ်၊အဆင့်တန်းနှိပ်တယ်၊မြင့်တယ် ဆိုတာမျိုးကိုမခွဲခြားပဲ လူမျိုးဘာသာ သသာနာတို့နှင့်အတူ တတန်းတည်းရှိခဲ့တဲ့ဘဝကို ပြန်သတိရကြည့်ပါ။ တိုင်းရင်း သားလူမျိုး တိုင်းမှာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေရှိပါတယ်။ လူမျိုးတမျိုးရဲ့ ဂုဏ်အင်္ဂါလက္ခဏာ လည်း ပြီးပြည့်စုံအောင် ရှိပါတယ်။ လူမျိုးတမျိုးရဲ့ သမိုင်း၊ရာဇဝင်နှင့် ဘာသာ၊စာပေ၊ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးစံစသည့် ဂုဏ်အင်္ဂါ အရည်အချင်းလည်း ရှိပါတယ်။ တချိန်တုန်းက တခြားသော လူမျိုးတွေနဲ့လည်း တတန်းတည်း တန်းတူညီ တူရှိမှုနှင့် စည်းလုံးညီညွတ်မှုဟူသော စကားနှင့်အညီ သူ့ကျွှန်ကိုအတူခံ၊ပြန်လည်တွန်းလှန်ခြင်းလည်း အတူ တူပဲ။ ဘာဖြစ်လို့ ခေတ်တ ခေတ်ပြောင်းသွား တော့မှ တန်းတူတဲ့အခွင့်အရေးကို မရတော့တာ လဲ၊ နိုင်ငံတကာက အော်နေတဲ့ လူ့အခွင့် အရေး တွေ၊ တကမ္ဘာလုံးက ဝိုင်းပြီးအသိအမှတ်ပြုနေကြတဲ့ အခွင့် အရေးတွေဟာ တို့မြန်မာနိုင်ငံမှာ မရှိ တော့ဘူးလား၊ မရနိုင်တော့ဘူးလား၊ ဒီလို့နဲ့ပဲ ပြည်သူတွေကို ပိ ပိပြားအောင် နှိပ်စက် နေတော့ မှာလား၊ တကယ်တမ်းကျတော့ ခင်ဗျားတို့ ကျနော်တို့အော်နေတဲ့ ဒီမိုကရေစီ ဆိုတာ ကျနော် တို့ပြည်သူလူထုတွေရဲ့ လက်ထဲမှာပဲရှိတာပါ၊ ဒါတွေကိုဘာဖြစ်လို့ တို့ပြည်သူတွေက ရဲ့ရဲ့ဝံ့ဝံ့ကြီး မထုတ်ဖော်ရဲ ကြ တော့တာလဲ၊ ဘာကြောင့်လည်း၊ ဘယ်သူတွေက အရောင်ပြောင်းပြီး ဆေးဆိုး လိုက်တာလဲ။ တိုင်းသူပြည်သားတိုင်းမှာ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ရှိပေမယ့်၊ လုပ်လို့မရခဲ့ဘူး၊ လိုခွင့်မ ရခဲ့တာ ဘာကြောင့်၊ ဘယ်သူတွေကြောင့်လဲဆိုတာ ထင်ထင်ရှားရှားသိဖို့လိုနေပါပြီ။ လွတ်လပ်ရေး မရခင်တုန်း က လွတ်လပ်ရေး ကိုရဖို့ လူမျိုးတမျိုးတည်းတိုက်ယူတာ မဟုတ်ဘူးဆိုတာကိုလည်း တို့ပြည်သူတရပ်လုံး အသိပါပဲ။ နိုင်ငံရေး အရနှင်ရော စစ်ရေးအရနှင့်ပါ တပေါင်းတစုတည်း တည် ဆောက်ပြီး ဘယ်လူမျိုးကြီးဝါဒကိုမှ အခြေမခံပဲ ရရာလက်နက်ဆွဲကိုင်ပြီး နယ်ချဲ့ဝါဒ၊ ဖက်စစ်စနစ်ဝါ ဒတို့ကို အတူတကွ တိုက်ထုတ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးလို့ ယနေ့ခေတ်မှာ တော့ မဟာလူမျိုးကြီးဝါဒတွေ၊ မဟာလူမျိုးသေးဝါဒတွေနှင့် ဖရိုဖရဲဖစ် ကုန်ပြီး စည်းလုံးညီညွတ်ရေးနှင့်တန်းတူတဲ့အခွင့်အရေးဆို တာတွေလည်းယနေ့ ထိ သေသေချာချာမရရှိ ခဲ့သေးပါဘူး။တကယ်တန်းကျတာ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်လှပါပြီဆိုတဲ့ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အဆိုအရတွေဟာ သူတို့အမျိုးနှင့် သူတို့အဖွဲ့တည်းအတွက်သာ ဖြစ်တယ်ဆိုတာ အားလုံး ထင်သာမင်သာ ဖြစ်နေလောက်ပါပြီ။ တကယ်အေးချမ်းသာယာလှပတဲ့ ဆည်တွေ၊ တံတားတွေ တည် ဆောက်ပြနိုင်ခဲ့ပေမယ့်၊ တိုင်းရင်းသားကျေးလက်တောရွာဖြစ်တဲ့ ပြည်သူပြည် သားတွေမှာ အလင်းမဲ့၊ ပညာမဲ့၊အဆာရေဆာငတ်ပြတ်၊ စီးပွားရေး၊ကျန်းမာရေးနှင့် လမ်းပမ်းဆက် သွယ်ရေးနောက်နှေးမှု တို့နှင့်သာ ဆက်လက်ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် ကျနော်တို့ပြည်သူ တစ်ယောက်အနေနဲ့ ပြောကြားလိုတာ ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မည်သည့်တိုင်းရင်းသား အဖွဲ့ အစည်းကိုမဆို အပစ်ခတ် ရပ်စဲတဲ့ အဖွဲ့အ စည်းနှင့်ရော ဒီမိုကရေစီအတွက် လက်နက်ကိုင် ဆက်လက်တိုက်ပွဲဝင် တော်လှန်ရေးဆင်နွဲနေတဲ့ အဖွဲ့များကပါ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ပြဌာန်းပိုင် ခွင့်နှင့် တန်းတူတဲ့အခွင့် အရေး ရရှိဖို့အတွက် သူများတကာကို အရှင်သခင် လို့ ခေါ်နေမဲ့အစား ကိုယ့်တိုင်းပြည် ကိုယ့်အမျိုးသား အတွက် ကိုယ်လူမျိုးအချင်းချင်း တပေါင်းတစည်း တည်းဖြစ်ဖို့ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်စွာ အားပေး၊ အားမြောက်ဖြစ်သင့်ပြီလို့ ကျနော် နိုးဆော်တိုက်တွန်းရင်း ဒီမိုကရေစီ သစ်ဆီသို့ အရောက်လှမ်းနိုင်ကြပါစေလို့နိဂုံးချုပ်အပ်ပါသည်။
ဆက်ဖတ်ရန်...
12:56

ပင်လောင်းမြို့နယ်မှ ဘိန်းစိုက်တောင်သူတို့ရဲ့ သံသရာ

ဒေသခံတစ်ဦး၏ ရင်တွင်းစကား စာရေးသားပေးပို့ချက်ဖြစ်သည်။
ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စုနှင့် ဖယ်ခုံမြို့နယ် အစပ်တွင် ဘိန်းခင်းစိုက် ပျိုးသည့် ရွာသူရွာသားများ ရှိပါသည်။ လုံးပျဉ်ကျေးရွာရှိ ရ.ယ.က ဥက္ကဌ ဦးဗိုလ်ဒင်နှင့် ရဲနယ်ထိန်း တပ်ကြပ်သန်း ထွန်းမှ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ၉ လပိုင်း၊ ၁၀ လပိုင်းနှင့် ၁၁ လပိုင်းတို့တွင် ၎င်းဘိန်းခင်းစိုက်ပျိုးသည့် ရွာသူရွာ သားများအပေါ် ကျပ်ငွေသိန်းပေါင်းများစွာ ကောက်ယူ တောင်းခံထားပြီးဖြစ်သည့်အတွက် ယင်းရ.ယ.က ဥက္ကဌ နှင့် ရဲနယ်ထန်းသန်းထွန်းတို့ထံ ဘိန်းစိုက်ပျိုးခွန်ပေးဆောင်ထားပြီးဖြစ်သည်။
၂၀၁၀ ခုနှစ် ၁၂ လပိုင်းတွင် တောင်ကြီးမြို့တွင်ရှိသည့် ဒုပြည်နယ်မှူးနှင့် အဖွဲ့သား ရဲအင်အား (၆၀) ကျော်ဖြင့် ယင်းဘိန်းစိုက်ခင်းများအား လာရောက် ဖျက်ဆီးခဲ့ပါသည်။ ဤကဲ့သို့ ဘိန်းစိုက်ခင်းများကို လာရောက်ဖျက် ဆီးခြင်းကြောင့် ဘိန်းစိုက်ပျိုးသည့် ဒေသခံများအနေဖြင့် နှစ်ထပ်ကွမ်းအထိနှာစေခဲ့ပြီး အကြီးအကျယ် ဆုံးရှုံး နှစ်နာစေခဲ့ပါသည်။

ရ.ယ.က ဥက္ကဌ ဦးဗိုလ်ဒင်နှင့် ရဲနယ်ထိန်း တပ်ကြပ် သန်းထွန်းတို့ထံ ဘိန်းစိုက်ခွင့် ဘိန်းအခွန်သိန်း ချီပေး ဆောင်ခဲ့ပြီးဖြစ်သည့်အတွက် တစ်အချက် နှစ်နာမှုဖြစ်သည်။ နှစ်အချက်အနေဖြင့် ဘိန်းစိုက်ဖို့ ရင်းနှီးခဲ့ရသည့် အရင်းအနှီးမတည်မှုနှင့် ရင်းနှီးခဲ့သည့်အချိန်နှင့် လူအား ငွေအား စသည့်ခွန်အားတို့ အလဟဿ ဖြစ်သွား ပါသည်။

ရဲတပ်ကြပ်သန်းထွန်းမှာလည်း သူ့ဆွေမျိုးများ စိုက်ပျိုးထားသည့်ဘိန်းခင်းများ များစွာရှိပါသည်။ သို့သော် ၎င်း ဆွေးမျိုးစိုက်ထားသည့် ဘိန်းခင်းများကို ဖျက်ဆီးခြင်းမပြုလုပ်ပဲ အခြားသော ဘိန်းခင်းကိုသာ ဖျက်ဆီးပါသည်။

ထို့အတူ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ် အစပ်ရှိ အခြားသောကျေးရွားများဖြစ်သည့် ခေါင်အိကျေးရွာ၊ လွယ်လုံကျေးရွာ၊ ကန်လကျေးရွာ၊ စက်တော်ကျေးရွာ၊ ကောင်ထိုကျေးရွာ၊ ကောင်ဟွပ်ကျေးရွာ စသည့်ကျေး ရွားများမှ စိုက်ပျိုးသည့်ဘိန်းခင်းများတွင်လည်း ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့ အထိ တောင်ကြီးမြို့ ဒုပြည်နယ်မှူးမှ တပ်အင်အား (၈၀) ဖြင့် လာရောက်ဖျတ်ဆီးခဲ့ပါသည်။

ထို့နည်းတူ ၎င်းရွာများမှ ဘိန်းစိုက်ပျိုးသည့်သူများမှ ရ.ယ.က ဥက္ကဌနှင့် ရဲနယ်ထိန်းသန်းထွန်းတို့ထံ ကျပ်ငွေ သိန်းပေါင်းများစွာ ဘိန်းခွန် ပေးစောင်ထားပြီး ဖြစ်ပါသည်။ ထို့ထက်မက ဖယ်ခုံမြို့ပေါ်ရှိ လက်နက်ကိုင်အဖွဲ့ အားလုံးနှင့် အာဏာပိုင်အဖွဲ့အားလုံး ဘိန်းစိုက်ရန်အခွန်ငွေ ယူပြီးဖြစ်ပါသည်။

ထို့ကြောင်း ဤမတရားသော လုပ်ရပ်များအား အားလုံးသိနိုင်ရန်အတွက် အသိပေးပါရန် အထူးမေတ္တာ ရပ်ခံအပ် ပါသည်။ စာရေးသားပေးပို့သူ
တောသားလေး
ပင်လောင်းမြို့နယ်ဒေသခံတစ်ဦး
ဆက်ဖတ်ရန်...