21:51

PNLO နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အပစ်အခတ်ရပ်စဲမည်

၂၀.သြဂုတ်လ.၂၀၁၂။ (ခွန်မြတ်)

သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နဲ့ ပဏာမအဆင့် ညှိုနှိုင်းချက်အရ PNLOနှင့် အစိုးရတို့အကြား ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လာမည့် ၂၃မှ ၂၆ရက်နေ့အတွင်း သဘောတူ  လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးပြုလုပ် သွားမည်ဖြစ်သည်။
ဤအကြောင်း အရာတွေနဲ့ ပတ်သက်လို့ PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ အခုလို ပြောပါတယ်။

 "PNLO မှလည်းနှစ်ဦးနှစ်ဘက် သဘောတူလက်မှတ်ရေးထိုးနိုင်ရေး စည်းကမ်းချက်များ ကို ရေးဆွဲပြီး ဆွေးနွေးသွား မှာ ဖြစ်ပါတယ်။ ဒီအချက်တွေကိုလည်း သူ့ဘက်ကိုယ့်ဘက် စားပွဲပေါ် တင်ပြီး  ဆွေးနွေးညှိနှိုင်းပြီးမှ သဘောတူညီချက်တွေဖြစ်လာကြမှာဖြစ်ပါတယ်"



PNLO ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းနှင့် အဖွဲ့သည် အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် ရန်ကုန်မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ပါသည်။ ပြီးနောက် ရှမ်းပြည်တောင်ပိုင်း ဒေသမှ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်များ၊ ရဟန်း သံဃာတော်ကြီးများ၊ ပအိုဝ်းလူထုအခြေပြု အဖွဲ့များ၊ ပအိုဝ်းလူငယ် ကွန်ရက်များ၊ မွန်ပြည်နယ် သထုံရှိ ရဟန်းသံဃာတော်များ၊ ပအိုဝ်းလူမှုအဖွဲ့အစည်းများ၊ ပအိုဝ်းမျိုးချစ်များ၊ သထုံအန်အယ်လ်ဒီ အဖွဲ့များကို လွန်ခဲ့သည့် ဇူလိုင်လ- ၂၁မှ ၃၀-ရက်နေ့ အထိ အစိုးရ၏ စီစဉ်ပေးမှုဖြင့် ပြည်တွင်းလေ့လာရေးခရီးစဉ်ကို သွားရောက်လေ့ လာတွေ့ဆုံခဲ့ပါသည်။
ဆက်ဖတ်ရန်...