10:29

အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်ခြင်း

ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဆီဆိုင်ဆက်ဆံရေးရုံး၊ ဆီဆိုင်မြို့တွင် ဆက်ဆံ ရေးရုံးဝန်ထမ်းများ မှ ဦးစီးကျင်းပပြုလုပ်ပေးသော နွေရာသီအခြေခံကွန်ပျူတာသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီနေ့ နံနက်ပိုင်းအချိန်တွင် သံဃာတော်နှင့်တကွ PNLO အဖွဲ့ချုပ် ဗဟိုရုံးချုပ်ကိုယ်စားလှယ် များ၊ မဟာမိတ် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများဖြစ် စတင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဆီဆိုင်ဆက်ဆံရေးရုံး၊ ဆီဆိုင်မြို့တွင် ဆက်ဆံ ရေးရုံးဝန်ထမ်းများ မှ ဦးစီးကျင်းပပြုလုပ်ပေးသော နွေရာသီအခြေခံကွန်ပျူတာသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီနေ့ နံနက်ပိုင်းအချိန်တွင် သံဃာတော်နှင့်တကွ PNLO အဖွဲ့ချုပ် ဗဟိုရုံးချုပ်ကိုယ်စားလှယ် များ၊ မဟာမိတ် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများဖြစ် စတင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ၎င်း အခမ်းအနားကို သံဃာတော်နှင့်တကွ PNLO အဖွဲ့ချုပ် ဗဟိုရုံးချုပ်ကိုယ်စားလှယ်များ၊ မဟာမိတ် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးအုပ်ချုပ်ရေး မှူးများနှင့် ရပ်မိရပ်ဖ ကိုယ်စားလှယ်တော် အသီးသီး အားပေးစကားများဖြင့် တက်ရောက် ချီးမြှင့်ပေးခဲ့ကြပါ သည်။ တက်ရောက်လာသော ကိုယ်စားလှယ်တော်များ အားပေးစကားပြောကြားရာတွင် “ယနေ့ခောတ် သည် နည်းပညာတိုးတက်သောခောတ်ဖြစ်၍ ကွန်ပျူတာသင်တန်းသည် ယနေ့ခေါတ်ရေစီးကြောင်းအရ မရှိမဖြစ် လိုအပ်ကြောင်း၊ ယနေ့ခေါတ်လူငယ်များသည်လည်း နိုင်ငံတကာနှင့်ယှဉ်ပေါင်တန်းနိုင်အောင် နည်းပညာရပ် များဆိုင်ရာကျွမ်းကျင်မှုများစွာ အထောက်အကူဖြစ်နိုင်ပါကြောင်း ဦးစီးဦးဆောင်ဖွင့် လှစ်ပေးသော PNLO ဆီဆိုင်ဆက်ဆံရေးရုံးကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊ ဒီထက်မက တခြားသော နည်းပညာပိုင်းဆိုင်ရာ သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးပါရန် လိုအပ်ပါကြောင်း၊ ကွန်ပျူတာပ ညာကိုလေ့လာသင်ယူ နေသော သင်တန်းသူ/သားများလည်း ကြိုးစားကြရန် လိုအပ်ပါကြောင်း နှင့် နည်းပညာတခုခုသင်ကြားသည့် အခါတွင် ဆရာ/မ များ၊ သင်တန်းသူ /သားများနှင့် ရပ်မိရပ်ဖများ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုလိုအပ်ပါကြောင်း၊ အခက်အခဲများတစုံတရာရှိခဲ့မယ်ဆိုရင်လည်း အတူတကွ ဝိုင်းဝန်းပူးပေါင်းဖြေရှင်းကြပါကြောင်း” အသီးသီး တက်ရောက် အားပေးချီးမြှင့်ခဲ့ကြပါသည်။ အဲဒီနောက် ဆက်ဆံရေးရုံးတာဝန်ခံက ကွန်ပျူတာသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်များကို ရှင်းလင်း တင်ပြခဲ့ကြရာ အခမ်းအနားကို နံနက် ၁၁နာရီကျော်အချိန်ခန့်တွင် မှတ်တမ်းဓာတ်ပုံရိုက်ကူး ခြင်းဖြင့် အခမ်း အနားကို ပြန်လည်ရုပ်သိမ်းခဲ့ကြသည်ဟု ဆီဆိုင်မီဒီယာ (Hsi Hseing Media) သတင်းအရ သိရှိရပါသည်။
ဆက်ဖတ်ရန်...