20:18

ကျန်းမာရေးဝန်ကြီးဌာန NLD ကို ကူညီမည်

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက NLD က မဖြူဖြူသင်း၊ ကိုရာဇာတို့ရဲ့ HIV/AIDS ဝေဒနာသည် ကူညီ စောင့်ရှောက်ရေး လုပ်ငန်းတွေကို ကူညီ ပံ့ပိုးပေးမယ်လို့ ပြောဆိုကြောင်း သတင်း ရရှိပါတယ်။ မဖြူဖြူသင်းတို့ ဆောင်ရွက်နေတာတွေကို အတတ်နိုင်ဆုံး ကူညီဖို့ ကျန်းမာရေးဝန်ကြီးက ရန်ကုန်တိုင်း ကျန်းမာရေးဌာန ဦးစီး မှူး ဒေါက်တာလှမြင့်ကို ဒီကနေ့ မနက် ညွှန်ကြားသွားတဲ့အကြောင်း ဒေါက်တာလှမြင့်က ကိုရာဇာကို ခေါ်ယူတွေ့ ဆုံပြီး ပြောဆိုခဲ့တာပါ။
ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေဟာ ပဏာမအဆင့်သာ ရှိသေးတယ်လို့ ကိုရာဇာက ပြောပါတယ်။ အခုလို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်တာဟာ အတိုက်အခံနဲ့ အစိုးရတို့အကြား တတိယ အင်အားစု အဖြစ် ရှိနေတဲ့ ဝေဒနာသည်တွေ၊ ပညာရေးပိုင်းမှာ ကျောင်းသားတွေ စတဲ့ ကြားလူတွေအတွက် အကျိုး ဖြစ် ထွန်းစေလိုတဲ့ဆန္ဒ ရှိတဲ့အတွက် Humanitarian Dialogue ခေါ် လူသားချင်း စာနာမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှု ဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းစဉ်တခု ဖြစ်တဲ့ HIV/AIDS ဝေဒနာသည် ကူညီစောင့်ရှောက်ရေးကို မဖြူဖြူသင်း၊ ကိုရာဇာတို့က ဆောင်ရွက်နေပြီး၊ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း အာဏာပိုင်တွေရဲ့ နည်းမျိုးစုံ နှောက်ယှက်မှုနဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့ ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိကာလထိ တောင်ဒဂုံမြို့နယ်က HIV/ AIDS ဝေဒနာသည် စောင့်ရှောက်ရေးဂေဟာမှာ အနယ်နယ် အရပ်ရပ်က လူနာတွေကို လက်ခံပြီး အကူအညီ ပေးနေဆဲ ဖြစ်ပါတယ်။ News from RFA
ဆက်ဖတ်ရန်...
11:39

ဒေါ်အောင်ဆန်းစုကြည်ကို ရုရှားသံအမတ်ကြီး တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးက ယမန်နေ့ နေ့လယ်၌ လာရောက်တွေ့ ဆုံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။ မည်သည့် အကြောင်းအရာများ ဆွေးနွေး သည်ကို သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ယခုကဲ့သို့ ရုရှားနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံမှုမှာ ထူး ခြားတိုးတက်မှုတခုဟု ယူဆကြောင်း NLD ပါတီ ခေါင်းဆောင်တဦး ဖြစ်သည့် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။
“NLD ပါတီမှာ အခမ်းအနားလုပ်တိုင်း ရုရှားသံရုံးကို ဖိတ်ပါတယ်။ တခါမှ မတက်ဘူး။ အခုလာတာ ထူးခြားမှု ပေါ့” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ရုရှားသံအမတ်ကြီး လာရောက်တွေ့ဆုံသည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးစကလည်း ပထမအကြိမ် လာရောက်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ အရေးကိစ္စများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆွေးနွေးပါက တရုတ်နိုင်ငံ နည်းတူ အမြဲတမ်း မြန်မာစစ်အစိုးရဘက်မှ ရပ်တည် အကာအကွယ်ပေးနေသည်။

ထိုသို့ သဘောထားရှိသော နိုင်ငံတနိုင်ငံမှ စစ်အစိုးရ၏ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံခြင်းကို ကြည့်လျှင် ဒီမိုကရေစီဘက်သို့ တိမ်းညွှတ်လာသည်ဟု စဉ်းစရာရှိကြောင်း ဦးအုန်းကြိုင်က ဆိုသည်။

ယခင် ဆိုဗီယက်ယူနီယံ မပြိုကွဲမီကာလက ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရကို မ လိုလားသည့် တိုးတက်သော အယူအဆရှိသည်ဆိုသော လူငယ်တချို့ ရန်ကုန်မြို့ရှိ ဆိုဗီယက်သံရုံးနှင့် အဆက် အသွယ်ရှိခဲ့ကြသည်။ ဆိုဗီယက်သံရုံး ယဉ်ကျေးမှုဌာနက ၎င်းတို့နှင့် ပတ်သက်သည့် စာအုပ်စာတမ်းများစွာကို ထုတ်ဝေခဲ့သည်။

သို့သော် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ရုရှားနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် ဆက်လက် ရပ်တည်ချိန်၌ မြန်မာစစ်အစိုးရနှင့် အနီးကပ်ဆက်ဆံခဲ့ပြီး ဒီမိုကရေစီလိုလားသည့် အတိုက်အခံများနှင့် ဆက်ဆံ ရေးမှာမူ လုံးဝနီးပါး ရပ်တန့်သွားခဲ့သည်။

စစ်အစိုးရအား MIG- 29 တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ တင့်ကား၊ အမြောက် စသည့် စစ်လက်နက် ပစ္စည်းများကို ရောင်းချခြင်း၊ နျူကလီးယား နည်းပညာအတွက် စစ်အစိုးရက မြန်မာ အရာရှိများကို ရုရှားနိုင်ငံသို့ ပညာသင်စေလွှတ်ခြင်း စသည့် ဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။

ရုရှားနိုင်ငံသည် စစ်အစိုးရအား ၁၀ မီဂါဝပ်ရှိသည့် အသေးစား သုတေသနသုံး နျုကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ပေးရန် ၂၀၀၁ ခုနှစ်က သဘောတူခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် တည်ဆောက်မည့် အစီအ စဉ် ပျက်သွားကြောင်းကို စစ်အစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။

နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်လိုခြင်းမှာ ဆေးပညာနှင့် ငြိမ်းချမ်းစွာ အသုံးပြုရန်သာဖြစ်သည်ဟု ယခုနှစ် ဇွန်လအတွင်းက စစ်အစိုးရ သတင်းစာတွင် ကာကွယ်ရေးသားထားသည်။

ရုရှား ရေနံကုမ္ပဏီတခုဖြစ်သည့် Noble Oil ကုမ္ပဏီနှင့် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမ္ပဏီတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဥရုချောင်းဖျားတွင် ရေနံရှာဖွေမှု များ ပြုလုပ်နေသည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလက ဆင်ဟွာသတင်းတပုဒ်တွင် ဖော်ပြထားသည်။

ရုရှားကုမ္ပဏီတခုဖြစ်သည့် JSC Zarubezhneft Iteraaws ကုမ္ပဏီသည် မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက်အ မှတ် M- 8 တွင် ၂၀၀၆ခုနှစ် ကတည်း စတင်လုပ်ကိုင်နေပြီး တခြားသော ရုရှားကုမ္ပဏီ ၂ ခုသည်လည်း စစ်ကိုင်း တိုင်း ပင်လယ်ဘူးဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။

ထို့အပြင် ရှမ်းပြည်နယ် တောင်ကြီးမြို့အနီးရှိ ပင်းပက်ဒေသတွင် သတ္တုတူးဖော်ရေး လုပ်ငန်းကို လုပ်ကိုင်နေ သည့် ရုရှားကုမ္ပဏီတခုလည်း ရှိသေးသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ၁ လကျော်အတွင်း၌ အမေရိကန် အပါအ၀င် အနောက်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာရှ၊ အာဖရိက နိုင်ငံများမှ သံအမတ်ကြီးများ လာရောက်တွေ့ဆုံ ခဲ့ကြ ပြီး ဗြိတိန်ဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ် အပါအ၀င် နိုင်ငံခေါင်းဆောင်များနှင့် ၎င်းတို့၏ ဇနီးများကလည်း ဖုန်းဖြင့် ဆက်သွယ်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် အားပေးခဲ့ကြသည်။ News From Irrawaddy
ဆက်ဖတ်ရန်...
11:31

မြန်မာဗိုလ်ချုပ်များ ခုံရုံးတင် မခံနိုင်ကြောင်း အမေရိကန်လျှို့ဝှက် အစီရင်ခံစာပေါက်ကြား

ထိပ်ပိုင်း မြန်မာဗိုလ်ချုပ်တွေအားလုံး လိုချင်နေတာက မလွှဲမရှောင်သာလို့ ကိုယ့်သဘောနဲ့ကိုယ် ရာထူးကနေ ဆင်းပေးရမယ်ဆိုရင် သူတို့နဲ့ သူတို့မိသားစု အားလုံး ပိုင်ဆိုင်မှုတွေကို ဆက်လက်ထိန်းထားပြီး တရားစွဲ အရေး ယူမခံရဘို့ ဆိုတဲ့ အာမခံချက်မျိုးပဲ ဖြစ်တယ်လို့ မကြာခင်က ပေါက်ကြားခဲ့တဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ လယ်ရီ-ဒင်ဂါး ရေးသားတဲ့ လျှို့ဝှက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၀၉ ခု ဧပြီလဆန်းပိုင်းမှာ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ မစ္စတာ ဒင်ဂါးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လည်း အင်ဒိုနီးရှားသမတ မစ္စတာ ယူဒိုယိုနို အပါအဝင် နိုင်ငံခြားဧည့်သည်တချို့နဲ့ တွေ့ဆုံ ဆွေးနွေး စကားပြော ရာမှာ သူ့အနေနဲ့ နိုင်ငံတကာ ခုံရုံးမျိုး အရောက် မခံနိုင်ဘူးဆိုတာ ပြောပြခဲ့ဘူးတယ်လို့ ကြားသိရကြောင်း၊ လက်ရှိ မြန်မာဗိုလ်ချုပ်တွေဟာ အသက်အရွယ် ထောက်လာပြီ ဖြစ်ပေမဲ့၊ ပြည်သူတွေအပေါ် သူတို့ကျုးလွန်ခဲ့ တယ်လို့ ပြင်ပကမ္ဘာ ယူဆထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ သူတို့ မယူဆကြကြောင်း မစ္စတာ ဒင်ဂါးက ရေးသားထားပါတယ်။

မြန်မာခေါင်းဆောင်တွေအတွက် အနားယူတယ်ဆိုတာ ရွေးချယ်စရာလမ်းတခု မဟုတ်ကြောင်း၊ သမိုင်းကို ကြည့် ရင် မြန်မာဘုရင်တွေ၊ ဗိုလ်ချုပ်တွေ သူတို့နဲ့ နီးစပ်သူတွေ သွားရာလမ်းက ရာထူးရှိနေတုန်း သေသွားတာမျိုး၊ လုပ်ကြံခံရတာမျိုး၊ ဒါမှမဟုတ် ပြည်နှင်ဒဏ်ခံရ၊ ထောင်သွင်း အကျဉ်းချခံရတာမျိုးပဲ ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သိပ်မဝေးတဲ့ အနာဂတ်မှာ အချက်အချာကျတဲ့ နိုင်ငံရေးကိစ္စတွေအတွက် သိသိသာသာ တိုးတက်မှုရမယ်လို့ မျှော်လင့်မထားသင့်ကြောင်း၊ စစ်အစိုးရအနေနဲ့ သူတို့ရေးဆွဲထားတဲ့ ဒီမိုကရေစီ Road Map ကို နောက်ကြောင်း ပြန်လှည့်ဖို့ လမ်းမမြင်သလို ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စ ပြန်နွှေးတာမျိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တရပ်ကို ပြန်လုပ်ဖို့ အလားအလာလည်း မရှိကြောင်း သံရုံး လျှို့ဝှက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ News From RFA
ဆက်ဖတ်ရန်...
11:23

ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့  အတိုက်ခိုက်ခံရ

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း သံလွင်မြစ်ပေါ်က ရေကာတာဆောက်လုပ်ရေး စီမံကိန်းတခုကို သွားရောက် တဲ့ ယာဉ်တန်းတခုကို ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကယားပြည်နယ် ဖရူးဆိုးမြို့နယ် အတွင်းမှာ မနေ့က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။ တရုတ်နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ အပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ ကရင်နီ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဘာ ကြောင့် အခုလိုတိုက်ခိုက်ခဲ့တာလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။
သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာဆောက်လုပ်မှုတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒေသခံတိုင်းရင်းသားအဖွဲ့တွေက ကန့်ကွက်ပြောဆိုနေကြချိန် အခု နောက်ဆုံး တရုတ် နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ လိုက်ပါလာပြီး မြန်မာစစ်တပ် အစောင့် အကြပ်နဲ့ မောင်းနှင်လာတဲ့ ယာဉ်တန်းရှည်တခုကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP) အဖွဲ့ကနေ သောကြာနေ့ နေ့လည်ပိုင်းက ကယားပြည်နယ်၊ ဖလူးဆို မြို့နယ် အတွင်းမှာ ချုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှာလိုက်ပါလာတဲ့ တရုတ် နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ အပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးခဲ့တယ်လို့ KNPP အတွင်း ရေးမှူး-၁ ခူးဦးရယ်က ဗွီအိုအေကို အခုလို အတည်ပြု ပြောကြားခဲ့ပါတယ်။

“ကျနော် ခန့်မှန်းချိန်ကတော့ နေ့လည် ၁၂ နာရီလောက် ဖြစ်ပါလိမ့်မယ်။ အဲ့ဒီမှာ နိုင်ငံခြားကုမ္ပဏီ တခုက ၀န်ထမ်းတွေနဲ့ အင်ဂျင်နီယာတွေပါတဲ့ အစီး ၂၀ လောက်ပါတဲ့ ယာဉ်တန်းကို ကျနော်တို့တပ်က ဖရူးဆိုးမြို့နယ်မြောက်ပိုင်း ၃ မိုင်လောက်အကွာပဲ ရှိပါလိမ့်မယ်။ အဲ့ဒီလောက်နေရာကနေပြီးတော့ ချုံခို ဖြတ်ပြီးတော့ တိုက်ခိုက်တာတော့ ဒါ အမှန်အကန်ပဲ ဖြစ်ပါတယ်။”

ဒါ့အပြင် အခု ကရင်နီလက်နက်ကိုင်အဖွဲ့ KNPP က တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ပဲ ကရင်နီ ဖွံ့ဖြိုးရေးသုတေသနအဖွဲ့ တာဝန်ခံ ကိုသော်ရာကလည်း အခုလို ပြောပြပါသေးတယ်။

“ဒေသက ဖရူးဆိုးမြို့နယ်ထဲက တီပေါဆို ရွာကို မရောက်ခင်လေးမှာဖြစ်တာ။ တရုတ် အလုပ်သမား တွေက ၇၀၊ ၈၀ ၀န်းကျင်မှာရှိမယ်။ တရုတ်အလုပ်သမားတွေ အဲ့လောက်အများကြီးနဲ့ ဆင်းလာတယ် ဆိုတာ ဒီတခေါက် ပ ထမဆုံးပဲဖြစ်တယ်။ ယာဉ်တန်းက တရုတ်ဆောက်လုပ်ရေး ၀န်ထမ်းတွေလည်း ပါတယ်ဆိုတာကို သူတို့ကြိုသိ ထားတဲ့ပုံနဲ့ သွားပြီးတော့မှ စောင့်တယ်လေ။ သူတို့ ဆင်းလာတဲ့အခါ ၀င်တိုက်တယ်လေ။ သူပစ် ကိုယ်ပစ် ဖြစ်မှာပေါ့။ စစ်သားတွေလည်း လုံခြုံရေးပါလာတယ် ယာဉ်တန်း ထဲမှာလေ။ သူတို့လည်း ပြန်ပစ်မှာပဲ။ သေချာ တယ်။ အဲ့လို ပစ်တဲ့အထဲမှာ ကား ၁ စီးတော့ သေချာ တယ်။ မှောက်သွားတယ်။ ဒဏ်ရာတွေ သေတာ တချို့ ရှိတယ်လို့တော့ ကြားတယ်။ ဘယ်လောက် ဒဏ် ရာရတယ်။ ဘယ်လောက် သေဆုံးတယ်ဆိုတာတော့ အသေး စိတ် မသိရဘူး။”

KDRG ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့ တာဝန်ခံ ကိုသော်ရာ ပြောသွားတာပါ။ KNPP အတွင်းရေးမှူး - ၁ ခူးဦးရယ်ကတော့ တရုတ်နိုင်ငံသား ဆောက်လုပ်ရေး လုပ်သားတွေအပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပြီး အခုလို တိုက်ခဲ့တာဟာ ကယားပြည်နယ်တွင်း သံလွင်မြစ်ပေါ်မှာ ရေကာတာဆောက်လုပ် မှုကို မကြိုက်လို့ ကန့်ကွက်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ အခုလို ပြောခဲ့ပါတယ်။

“အနည်းဆုံးတော့ ဒီ ရေကာတာတည်ဆောက်မယ့် ကုမ္ပဏီက ၀န်ထမ်းတွေ လုပ်သားတွေ ၃ ယောက် လောက် တော့ သေဆုံးတယ်လို့တော့ ကျနော်တို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတော့ လောလော ဆယ် ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ကတော့ သံလွင်တကျောမှာ ရေကာတာတည် ဆောက်မယ့်ကိစ္စနဲ့ ပတ် သက်ပြီး လုံးဝ လက်မခံနိုင်တဲ့ အကြောင်းအရင်းကတော့ ကရင်နီမှာ တည်ဆောက်မယ်ဆိုရင် ရှမ်းပြည်မှာနေ တဲ့လူထုရော၊ ကရင်ပြည်မှာနေထိုင်တဲ့ လူထုရောအပါအ၀င် ဒီရေကာတာရဲ့ အထက်နဲ့ အောက်မှာ နေထိုင်တဲ့ လူတွေအားလုံးကတော့ အနည်းနဲ့ အများကတော့ အတိဒုက္ခရောက်မယ့် အခြေအနေမှာရှိတယ်။

“ဒါ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ကလည်း ပျက်ဆီးဆုံးရှုံးမယ့် အနေအထားတွေရှိသလိုပဲ တော ရိုင်းတိရစ္ဆာန်တွေလည်း သေကျေပျက်ဆီးမယ့် အနေအထားတွေ အများကြီးရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး တော့ ရေကာတာ တည်ဆောက်မယ့်ကိစ္စ ဘယ်လိုအနေအထားမျိုးနဲ့ပဲ တည်ဆောက် ဆောက် ကျနော်တို့က လက်မခံဘူးဆိုတဲ့ အနေအထားပေါ်မှာ အခြေခံပြီးတော့ တောက်လျှောက် တိုက်သွားမယ်။ နိုင်ငံတကာ သိ အောင်လည်း ကျနော်တို့ ဖော်ထုတ်သွားမယ်ဆိုတဲ့ အခြေခံအောက်မှာ ကျနော်တို့ ဒီတိုက်ခိုက်မှုကို လုပ်ခဲ့ရတာ ဖြစ်ပါတယ်။”

KNPP အတွင်းရေးမှူး-၁ ခူးဦးရယ် ပြောသွားခဲ့တာဖြစ်ပါတယ်။ ဒီလို သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက ကန့်ကွက်နေကြတာဖြစ်ပါတယ်။ အခုနောက်ဆုံး ဒီဇင်ဘာလ ၁၅ ရက် နေ့က ထုတ်ပြန်ခဲ့တဲ့ ရှမ်းသဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့နဲ့ ရှမ်းအမျိုးသမီးရေးရာ အဖွဲ့တို့ရဲ့ ပူးတွဲအစီရင်ခံစာထဲမှာ ဒီရေကာတာစီမံကိန်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာနေထိုင်တဲ့ ဒေသခံ ၁ သိန်း ၆ သောင်း ကျော်ဟာ ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒီမြစ်ကို မှီခို အားထားပြီး လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံတွေဟာလည်း မြစ်ရေရဲ့ အတက်အကျ မတည်ငြိမ်မှု ကြောင့် လုပ်ကိုင်စားသောက်လို့ မရ တော့ဘူးလို့ ရေးသားထားပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေကလည်း ပတ်ဝန်းကျင်ပျက်ဆီးပြီး တောရိုင်း တိရစ္ဆာန် တွေ ပျက်ဆီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး တောက်လျှောက် ကန့်ကွက်နေကြတာပါ။ ဒီလို အကြီးအကျယ် ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမယ့် သန်းပေါင်း ၁ သောင်းတန် ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ တရုတ်၊ မြန်မာနဲ့ ထိုင်း ၃ နိုင်ငံကနေ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ News from VOA
ဆက်ဖတ်ရန်...
08:01

IAEA asks to inspect alleged Myanmar nuclear sites

Vienna - The International Atomic Energy Agency (IAEA) has asked to inspect alleged nuclear sites in Myanmar that were brought to light by a defector's report earlier this year, a diplomat familiar with the probe confirmed Thursday in Vienna.
In an analysis of the defected army major's statements, former United Nations weapons inspector Robert E Kelley concluded in May that the regime in Rangoon has been secretly pursuing nuclear technology to make weapons.

'I think the evidence is there to warrant a search for information,' the diplomat said, referring to the IAEA's reason for sending a letter to Myanmar.

Speaking on the condition of anonymity, he noted that the Vienna- based agency had requested information in the past, but had not previously asked for an inspection.

While Kelley concluded in his report that Myanmar was working on several of the steps necessary to make nuclear arms, he said the crude nature of the engineering involved would make it unlikely that the country succeeds.
ဆက်ဖတ်ရန်...
07:53

အန်အယ်ဒီက ပြည်ထောင်စုစိတ်ဓာတ် ဟောပြော


ချင်းမိုင် (မဇ္စျိမ) ။ ။ ပြည်ထောင်စု စိတ်ဓာတ်မှာ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ရန်ကုန် အန်အယ်ဒီရုံးချုပ်၌ လူငယ် ၁ဝဝ ကျော်ကို ယနေ့ ဟော ပြောခဲ့သည်။ ပြည်ထောင်စု (ပင်လုံ) စိတ်ဓာတ်အကြောင်းကို အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များနှင့်အတူ အန်အယ်ဒီ ခေါင်းဆောင်နှစ်ဦးက ဟောပြောရာ သုံးနာရီ ကြာမြင့်ခဲ့ သည်။
“ဒီနေ့အခါမှာ ပင်လုံစိတ်ဓာတ်က အရင်က အင်္ဂလိပ်ရဲ့အောက်မှ လွတ်လပ်ဖို့၊ ဒီနေ့က အာဏာရှင် စစ်ကျွန်ဘဝ ကနေ လွတ်လပ်ဖို့။ ညီညွတ်မှသာလျှင် ပြည်တွင်းစစ်တွေကို တားဆီးနိုင်မယ်။ ပြည်ထောင်စု စိတ်ဓာတ်မှာ ဟို တုန်းက လွတ်လပ်ရေး ရအောင်ယူမယ်၊ ပြည်ထောင်စု ဖွဲ့မယ်ဆိုတဲ့ စိတ်ဓာတ်။ ဒီနေ့အခါမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်မယ်ဆိုတာ ရှိတယ်ဆိုတော့ ဒုတိယပင်လုံစိတ်ဓာတ်ကို ရှင်းပြတာပေါ့။ ” ဟု ဦးဝင်းတင်က မဇ္ဈိမသို့ ပြာသည်။

ဇိုမီးအမျိုးသားကွန်ကရက် စစ်ကိုင်းတိုင်း ကလေးမြို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့က အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူရေး အဆိုပြုခဲ့သည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ၎င်းအ ဆိုကို အကောင်အထည်ဖော်ရန် ဒေါ်အောင်ဆန်းစုကြည်ကို လွှဲပြောင်းတာဝန်ပေးခဲ့သည်။

လုပ်ငန်းအကောင်အထည်ဖော်ရေးနှင့် စစ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရေးတွင် ပင်လုံစိတ်ဓာတ် အရေး ကြီးသဖြင့် လူငယ်များ သိရှိစေရန် ဟောပြောခဲ့ရာ၊ အန်အယ်ဒီ လူငယ်များသာမက နိုင်ငံရေးစိတ်ဝင်စားသူ ကျောင်းသားလူငယ်များပါ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“ဘဘတို့ နှစ်ယောက်ရဲ့ Speech (မိန့်ခွန်း) ကို သေချာ ဂရုစိုက် နားထောင်ချင်လို့ လာတာပါ။ ကျနော်ကလည်း နိုင်ငံရေးအပိုင်းမှာ စိတ်အားထက်တန်တယ်လေ။ အဓိကတော့ ဖယ်ဒရယ် ပြည်ထောင်စု စိတ်ဓာတ် ဆိုတာပေါ့ နော်။ ဖယ်ဒရယ်ဆိုတာက ပြည်ထောင်စု ခွဲထွက်ဖို့ မဟုတ်ဘူး။ တကယ့် ပြည်ထောင်စု စစ်စစ်ဆိုတဲ့ ဟာမျိုးတွေ ပြောတယ်” ဟု ဟောပြောပွဲတက်ရောက်သူ လူငယ်တဦးက ပြောသည်။

ဟောပြောပွဲ လာရောက်သူများက ရုံးချုပ်အနီး လက်ဖက်ရည်ဆိုင်ထိုင်စဉ် ရဲသတင်းတပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက် ယူသည်များ ရှိခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသားများ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်အတူ ပြည်ထောင်စုထဲတွင် အတူတကွ နေထိုင်မည်ဟု ကတိကဝတ်ပြုသော စာချုပ်ကို ရေးထိုးခဲ့ရာက ပင်လုံစာချုပ်ဟု ခေါ်တွင်ခဲ့သည်။
ဆက်ဖတ်ရန်...
07:46

KNU rejoins melee along border near Manerplaw


Chiang Mai (Mizzima) – Clashes in eastern Karen State between Burmese Army and Karen National Union guerrilla forces yesterday morning killed at least three junta soldiers, according to a KNU district leader today. More than 200 junta troops from light infantry battalions (LIB) 106 and 61 under Military Operations Command 19 engaged more than 20 soldiers from guerilla force 202 under KNU Brigade 7 yesterday at around 7 a.m., KNU district chairman Pado Saw Aung Maw Aye said.
The guerrillas ambushed junta troops with rocket-propelled grenades, AK-47 assault rifle fire and claymore mines in an attack that killed a Burmese Army sergeant, a company commander and a private, and wounded another junta soldier, he said.

The reports however could not yet be verified by independent sources.

Yesterday’s ambush by units of the KNU’s armed wing, the Karen National Liberation Army (KNLA), prevented the junta troops’ advance to Maethawaw, a source told Mizzima.

“The junta troops came here to flush out our troops from the area but we can’t accept their plan. – for our own survival, we had to have a head-on collision,” KNU general secretary Major Saw Hla Ngwe told Mizzima.

Meanwhile, firefights between Democratic Karen Buddhist Army (DKBA) battalion 909 – part of a splinter brigade that withdrew from a long-held ceasefire agreement with the junta – and Burmese Army IBs 588 and 408 kicked off in the Lole area of Kyando Township, Kawkereik District yesterday, DKBA faction spokesman Major Chit Sayar told Mizzima over the phone.

Though there were no casualties on either side, the junta was reinforcing its troops in the area to annihilate the DKBA and KNU troops, he said. The Burmese Army plan ensured that fresh fighting was inevitable, he added.

Since November 8, at least 30,000 villagers have fled clashes between Karen and junta troops and returned home, criss-crossing the Thai-Burmese border between Burma and Mae Sot, Photphra and Umphang in Thailand during ebbs and flows in the fighting, according to staff at Mae Tao Clinic, which has been providing assistance to the refugees.

“We haven’t got enough food for them as the number of refugees is increasing, so we distributed dry rations directly,” Mae Tao Clinic field operator Nay Oo said.

He added that many war refugees were taking shelter in the open air, under bushes or beside border streams in Burma, creating makeshift homes from plastic sheets amid fears of deportation by Thai authorities when the fighting subsided.

As the Burmese regime bolsters its forces in the conflict zones of eastern Burma, the likelihood of disputes escalating increases. The governor of neighbouring Tak province, Samart Loifa, told BBC he had instructed all township administrators to prepare basic necessities such as tents, portable bathrooms, food, drinking water and medicine to meet a potential fresh influx refugees.
ဆက်ဖတ်ရန်...
07:36

ကြံ့ဖွံ့ပါတီ၏ တံခါးပိတ်စည်းဝေးနေပြည်တော်တွင်ကျင်းပ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ရွေးကောက်ပွဲအပြီး အစည်းအဝေးကို ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ နေပြည်တော်၌ တံခါးပိတ် ကျင်းပလျက်ရှိသည်။ အစည်းအဝေးသို့ ကြံ့ဖွံ့ ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်၊ အတွင်းရေးမှူး ဦးဌေးဦးနှင့် ပါတီခေါင်းဆောင်များ အပါအ၀င် တနိုင်ငံလုံးမှ အနိုင်ရ ကြံ့ဖွံ့ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်၍ အနာဂတ်လုပ်ငန်းစဉ်များ၊ လွှတ်တော်၌ ပြောဆိုကြမည့် အကြောင်း အရာများ၊ ပေါ်ပေါက် လာမည့်လွှတ်တော်ထဲ၌ တာဝန်ခွဲဝေယူရေး အပါအဝင် လာမည့် အစိုးသစ်တွင် တာဝန် ယူသွားကြမည့် ရာထူး များ အကြောင်းကို အဓိက ဆွေးနွေးကြသည်ဟု အဆိုပါအစည်းအဝေး တက်ရောက်သူ ဇေကမ္ဘာ ဦးခင်ရွှေက ဆိုသည်။
ယခုအစည်းအဝေး မတိုင်ခင် ရက်ပိုင်းကလည်း ကြံ့ဖွံ့ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်တချို့ ကြိုတင် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံ့ဖွံပါတီ၏ ယခုပြုလုပ်သော အစည်းအဝေးသည် အနာဂတ် အစိုးရသစ်တွင် တာဝန်ယူကြမည့် ပြည်နယ် ၀န်ကြီးချုပ်များ၊ တိုင်းဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝန်ကြီး နေရာများ စသည့်အရေးပါသည့် ရာထူးအားလုံးကို ကြံ့ဖွံ့ ပါတီ၏ ကိုယ်စားလှယ်များက အများဆုံး ရယူရန် ကြိုတင် စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်သူ များက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေါ်ပေါက်လာမည့် လွှတ်တော်တွင် စစ်တပ်မှ တဦး၊ အနိုင်ရ အရပ်သား ကိုယ်စားလှယ် များထဲမှ ၂ ဦးတို့ကို ဒုတိယ သမ္မတ အဖြစ်ရွေးချယ် တင်မြောက်ကြမည် ဖြစ်ပြီး ထို ၃ ဦးထဲမှ တဦးကို သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။

သမ္မတသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး နားလည်တတ်ကျွမ်းသူ ဖြစ်ရမည်ဟု ဖွဲ့စည်းပုံက ဆိုထားသော ကြောင့် လွှတ်တော်မှ ရွေးကောက်မည့် သမ္မတသည် ကြံ့ဖွံပါတီ၏ ကိုယ်စားလှယ်သာ ဖြစ်မည်ဆိုသည့် အချက် ကို ယခု အစည်းအဝေး၌ ဆွေးနွေးခြင်း ဖြစ်နိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

အနိုင်ရ ကြံ့ဖွံ့ကိုယ်စားလှယ် တဦးဖြစ်သည့် ဇေကမ္ဘာဦးခင်ရွှေက ယခု အစည်းအဝေးတွင် ကြံ့ဖွံ့ပါတီအား ပြန် လည် ဖွဲ့စည်းရေးနှင့် ပါတီ၏ အောက်ခြေအဆင့် အဖွဲ့ဝင်များကို အများ သဘောတူ စနစ်ဖြင့် ပြန်လည်ရွေးချယ် ခန့်ထားပေးရေး တို့ကို ဆွေးနွေးခဲ့သည်ဟု ဧရာဝတီ ကိုပြောသည်။

“ပါတီဝင် တချို့ရဲ့ လုပ်ရပ်တွေကြောင့် ပါတီသိက္ခာကျနေတာတွေကို ပြည်လည်ပြုပြင်သွားဖို့၊ ကျနော်တို့ပါတီကို မဲမပေးခဲ့တဲ့ နေရာတွေကို ပစ်မထားဘဲ ကတိပေးထားတဲ့အတိုင်း ၂ ဆပို လုပ်ပေးဖို့ ဆိုတာတွေကို ဆွေးနွေး ကြပါတယ်” ဟု ဦးခင်ရွှေက ဆိုသည်။

ရွေးကောက်ပွဲ မတိုင်ခင်က ပေးထားသည့် ကတိများအတိုင်း လမ်းများကို ခင်းပေးရန်၊ ပျက်စီးနေသည့် အရာများ ကို ပြုပြင်ပေးရန်၊ လွှတ်တော်ထဲတွင် မည်ကဲ့သို့ ပြောဆို နေထိုင်ရန် စသည်တို့ကို ပါတီ ဥက္ကဋ္ဌက ပြောသွား ကြောင်း ဦးခင်ရွှေက ရှင်းပြသည်။

ဦးခင်ရွှေသည် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ ကိုယ်စားပြု၍ ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော်မှ အနိုင်ရထားသူဖြစ်သည်။

ကြံ့ဖွံ့ပါတီသည် ၎င်းတို့ပါတီအား မဲပေးပါက လမ်းများခင်းပေးမည်၊ လျှပ်စစ်မီးများ ပုံမှန်ပေးမည်၊ ရေရရှိရေး ဆောင်ရွက်ပေးမည် စသည့်နည်းလမ်းများဖြင့် ပြည်သူများကို မက်လုံးပေး ပြောဆိုခဲ့သော်လည်း ရွေးကောက်ပွဲ အနိုင်ရပြီး နောက်တွင် တ၀က်တပျက် ခင်းထားသော ရန်ကုန်မြို့မှ လမ်းများအား ဆက်လက် မခင်းပေးသဖြင့် သွားလာရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ရွေးကောက်ပွဲအနိုင်ရပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် လမ်းခင်းသည့် လုပ်ငန်း များ အားလုံးနီးပါးကို ရပ်တန့်ထားကြောင်း စည်ပင်ဝန်ထမ်းတဦးက ဧရာဝတီကို ပြောသည်။

ထိုအချက်ကပင် ကြံ့ဖွံ့ပါတီ၏ အပြောနှင့်လုပ်ရပ်မညီခြင်း ဖြစ်နေကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

“အစည်းအဝေးက ချမှတ်တဲ့ မူဝါဒတွေကို လက်တွေ့လုပ်ဖို့က အရေးကြီးပါတယ်။ ကြံ့ဖွံ့နဲ့ အစိုးရက ဘာပဲလုပ် လုပ် တိတ်တဆိတ် လုပ်လေ့ရှိတယ်။ အခု အစည်းအဝေးကလည်း ပွင့်လင်းမှုမရှိဘူး” ဟု ဦးသုဝေက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်သော သံတမန်များနှင့် နိုင်ငံရေးပါတီအားလုံးနီးပါးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော် လည်း ကြံ့ဖွံ့ပါတီ သည် လာရောက်မှု မရှိကြောင်း၊ ၎င်းတို့ပါတီသည် ပေါ်ပေါက်လာမည့် လွှတ်တော်ထဲ၌လည်း အင်အားသုံးကာ လွှမ်းမိုး လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ကြံ့ဖွံ့ပါတီ အစည်းအဝေးက ဆုံးဖြတ်ချက် တချို့အား ကြေညာချက်ထုတ်သွားမည်ဟု သိရပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဟု ဦးခင်ရွှေက ပြောသည်။

ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ တချို့သည် ၎င်းတို့ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ငွေကြေးသုံးစွဲမှု အခြေ အနေများ၊ ပါတီရန်ပုံငွေများ စသည့် လုပ်ငန်းစဉ်များကို ပြည်သူများအား တရားဝင်ကြေညာ ပေးသော်လည်း ကြံ့ဖွံ့ပါတီကမူ ၎င်းပါတီ၏ အခြေအနေ၊ အသုံးစရိတ် စသည်တို့အား ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

ကြံ့ဖွံ့ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ လွှတ်တော်သုံးရပ်စလုံး၏ မဲဆန္ဒနယ် စုစုပေါင် ၁၁၅၄ နေရာအနက် ၈၈၂ နေရာ အနိုင်ရကြောင်း စစ်အစိုးရ မီဒီယာများတွင် ရေးသားခဲ့သည်။ New From Irrawaddy
ဆက်ဖတ်ရန်...
08:22

အမတ် ၃ ဦးကို ကြံ့ဖွံ့ တိုင်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီနှင့် ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို အငြင်းပွားဖွယ်ရာ မဲအပြတ်အသတ် အနိုင်ရခဲ့သော စစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်တန်း ထားသည်။ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်း မဲဆန္ဒ နယ် (၁) မှ အရွေးခံရသူ စိုင်းမွန်း ခေါ် စိုင်းကျော်ထွန်းမှာ အပစ်ရပ် ရှမ်းလက်နက်ကိုင်အဖွဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၏ ဖိအားအကူအညီယူခဲ့သည်ဟု ရှုံးနိမ့်သူ ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စိုင်းခမ်းလှိုင်က စွပ်စွဲ တိုင်ကြားသည်။
ထို့အပြင် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျားဖြူ ပြည်သူ့လွှတ်တော်အမတ် စိုင်းဇော်ထွန်းကိုလည်း ကြံ့ဖွံ့က ကော်မရှင်ထံ တိုင်တန်းထားသည်ဟု ကျားဖြူဘက်က ပြောသည်။ မည်သို့စွပ်စွဲထားသည်ကိုမူ မသိရသေးပေ။
မဲ ၁,၃ဝဝ ကျော်ဖြင့် အနိုင်ရခဲ့သော ကျားဖြူအမတ် စိုင်းမွန်းကတော့ စွပ်စွဲချက်အပေါ် ငြင်းဆန်ထားပြီး သူ၏မဲ ဆန္ဒနယ်သည် “တရားဥပဒေ စိုးမိုးသည့် နေရာများ” ဖြစ်သည်ဟု မဇ္ဈိမသို့ ပြောသည်။

ဦးလွယ်မောဝ်နှင့် ဦးကိုင်ဖတို့၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်အသွင်ပြောင်းရန် သဘောတူထားသည့် အပစ်ရပ် ရှမ်း (မြောက်) SSA-N တပ်မဟာ ၇ ဌာနချုပ်သည် ကွန်ဟိန်းမြို့နယ် ကာလိ ကျေးရွာအုပ်စုတွင် တည်ရှိသည်။

ထို့ပြင် ကြံ့ဖွံ့ပါတီ၏ တရားစွဲခြင်းကို ဒီမိုကရက်တစ်ပါတီ မန္တလေးတိုင်း ဒေသကြီးအမတ် ဒေါ်တင်တင်မာလည်း ခံရကြောင်း ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ချမ်းအေးသာဇံမြို့နယ် မဲဆန္ဒနယ် (၂) မှ ရှုံးနိမ့်သူ ကြံ့ဖွံ့ ဦးမြဝင်းက ကော်မရှင် ဝန်ထမ်းများက ဖန်တီးသည့် ပယ်မဲများကြောင့် ဒေါ်တင်တင်မာ အနိုင်ရသွားတာဟု စွပ်စွဲထားကြောင်း ဦးသုဝေက ပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ဒေါ်တင်တင်မာက ယနေ့ ထုချေလွှာ တင် သွင်း သည်။ ထိုမဲဆန္ဒနယ်တွင် ပယ်မဲ ၃,၁၉၇ မဲဖြစ်ပြီး ပျောက်မဲ ၆၈၄ မဲဖြစ်ကာ ဒေါ်တင်တင်မာက မဲ ၄ဝဝ ကျော်ဖြင့် အနိုင်ရခဲ့သည်။

နိုဝင်ဘာလ ၇ ရက်က ရွေးကောက်ပွဲ ကျင်းပသော လွှတ်တော်သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ ၇၆.၅ ရာခိုင်နှုန်းဖြင့် အနိုင်ရသည်ဟု ကော်မရှင်က ကြေညာခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ပေါင်း ၄၉၃ နေရာအနက် ကြံ့ဖွံ့က ၃၈၈ နေရာ အနိုင်ရသလို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၆၆၁ နေရာအနက် ၄၉၄ နေရာကိုလည်း ကြံ့ဖွံ့က အနိုင်ရပြန်သည်။

သို့သော် ပြိုင်ဘက်ပါတီများနှင့် လေ့လာသူများက ရွေးကောက်ပွဲ ကော်မရှင် သမာသမတ် မကျမှုနှင့် မဲမသမာမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့သည်ကို ဝေဖန်ကြသည်။

တဖက်တွင်လည်း ကြံ့ဖွံ့ကိုယ်စားလှယ်များကို တရားစွဲဆိုရန် ကျန်ပါတီများက ပြင်ဆင်နေသလို ငွေကျပ် ၁ဝ သိန်း တင်ပြီး တရားစွဲဆိုရမည်ဟု ကန့်သတ်ချက်ကြောင့် တုံ့ဆိုင်းနေမှုများလည်း ရှိသည်။

ကျားဖြူ၏ ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ် (၂) တွင် ၇ မဲဖြင့် ကပ်ရှုံးသွားသူ စိုင်းထွန်းကြည်က အနိုင်ရသူ ကြံ့ဖွံ့မှ စိုင်းနုကို ကြိုတင်မဲအပါအဝင် မဲ မသမာ မှုများလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲရန် ပြင်ဆင်နေ သည်ဟု ပါတီက ပြောသည်။

သို့သော်လည်း ရွေးကောက်ပွဲ ကော်မရှင် သမာသမတ်မကျမှု၊ ကြံ့ဖွံ့ပါတီ မဲမသမာမှုစသော စွပ်စွဲချက် ၂၉ မှု ရှိသည်ဆိုသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်နှင့် ညီနောင်ပါတီ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) အနေဖြင့် ငွေမသွင်းနိုင်သဖြင့် ရွေးကောက်ပွဲ ကော်မရှင်သို့ မတိုင်ဘဲ ရဲသာ တိုင်တန်းထားကြောင်း ထိုပါတီများက ထုတ်ဖော်ပြောသည်။

ရွေးကောက်ပွဲ ဥပဒေအရ အနိုင်ရအမတ်ကို ကန့်ကွက်လိုလျှင် ငွေကျပ် ၁၀ သိန်းပေးရမည်ဖြစ်ပြီး ပြန်လည် ထုတ်ယူခွင့်လည်း ပိတ်ပင်ထားသည်။

အတိုင်ခံရသူသည် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၁ နှစ်ထက် ဖြစ်စေ၊ ကျပ်တသိန်းဖြစ်စေ သို့မဟုတ် ဒဏ်နှစ် ရပ်စလုံး ချမှတ်ခံရမည်ဖြစ်ပြီး လိမ်လည် စွပ်စွဲတိုင်တန်းသူကို ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ကျပ် ၃ သိန်းဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ပါရှိသည်။
ဆက်ဖတ်ရန်...