21:14

ပအိုဝ်းပြည်သူတစ်ဦးရဲ့ ရင်ဖွင့်သံ အပိုင်း(၁)

ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဆိုတဲ့စကားတွေကရော ဘယ်မှာသွားထားမှာလဲ။ တို့ပြည်သူတို့အနေနဲ့ စဉ်းစားဖို့အချိန်တန်နေပါပြီ။ အခုမှ မဟုတ်ပါဘူး အရင်ကတည်းကပါ အဖက် ဖက် ကချွှတ်ချုံကြနေတဲ့ အချိန်မှာ ပိပိပြားနေအောင် ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေဟာ တို့ပြည် သူတွေပဲဆိုတာကိုလည်း အားလုံးနားလည် သဘောပေါက်ထားပြီးသားဖြစ်ပါတယ်။
နှစ်တွေလတွေပြောင်းလဲ ခဲ့ပေမယ့် ယနေ့မြန်မာပြည်ကြီး မပြောင်းလဲနိုင်သေးတာ ဘာကြောင့်လဲ ဘယ် သူတွေကြောင်လဲလို့ ပြန်လည်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည့် အကြောင့်တွေနှင့် အခြေခံအဓိက ဆက်စပ်နေတဲ့ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရက သာဖြစ်ပါတယ်။ အရာရာတိုင်းမှာ နိုင်ငံတော် စစ်အာဏာရှင်အစိုးရလက်ထဲတွင်သာ ရှိနေပါရောလား။ ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဆိုတဲ့စကားတွေကရော ဘယ်မှာသွားထားမှာလဲ။ တို့ပြည်သူတို့အနေနဲ့ စဉ်းစားဖို့အချိန် တန်နေပါပြီ။ အခုမှ မဟုတ်ပါဘူး အရင်ကတည်းကပါ အဖက် ဖက် ကချွှတ်ချုံကြနေတဲ့ အချိန်မှာ ပိ ပိပြားနေအောင် ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေဟာ တို့ပြည် သူတွေပဲဆိုတာကိုလည်း အားလုံးနားလည် သဘောပေါက်ထားပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးကို လုပ်ကြမယ့်သူတွေ၊ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့လူတွေ အားလုံး စနစ်ကြီးတစ်ခုလုံးပြောင်းလဲဖို့ အချိန်တန်ပါပြီ။ တစ်ခေတ်ပြီးတစ်ခေတ် စနစ်ကြီးကလည်း နာမည် သာပြောင်းသွားပေမယ့်၊ အုပ် ချုပ်ပုံစနစ်က ဘာမှပြောင်းမသွားဘူး။ နှစ်ပေါင်းများစွာ သူ့ကျွှန်ခံလာရတဲ့ဘဝနှင့် ဘဝတူဖြစ်ခဲ့တဲ့ တချိန်တုန်းကတော့ သူကဖြူတယ်၊မဲတယ်၊အဆင့်တန်းနှိပ်တယ်၊မြင့်တယ် ဆိုတာမျိုးကိုမခွဲခြားပဲ လူမျိုးဘာသာ သသာနာတို့နှင့်အတူ တတန်းတည်းရှိခဲ့တဲ့ဘဝကို ပြန်သတိရကြည့်ပါ။ တိုင်းရင်း သားလူမျိုး တိုင်းမှာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေရှိပါတယ်။ လူမျိုးတမျိုးရဲ့ ဂုဏ်အင်္ဂါလက္ခဏာ လည်း ပြီးပြည့်စုံအောင် ရှိပါတယ်။ လူမျိုးတမျိုးရဲ့ သမိုင်း၊ရာဇဝင်နှင့် ဘာသာ၊စာပေ၊ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးစံစသည့် ဂုဏ်အင်္ဂါ အရည်အချင်းလည်း ရှိပါတယ်။ တချိန်တုန်းက တခြားသော လူမျိုးတွေနဲ့လည်း တတန်းတည်း တန်းတူညီ တူရှိမှုနှင့် စည်းလုံးညီညွတ်မှုဟူသော စကားနှင့်အညီ သူ့ကျွှန်ကိုအတူခံ၊ပြန်လည်တွန်းလှန်ခြင်းလည်း အတူ တူပဲ။ ဘာဖြစ်လို့ ခေတ်တ ခေတ်ပြောင်းသွား တော့မှ တန်းတူတဲ့အခွင့်အရေးကို မရတော့တာ လဲ၊ နိုင်ငံတကာက အော်နေတဲ့ လူ့အခွင့် အရေး တွေ၊ တကမ္ဘာလုံးက ဝိုင်းပြီးအသိအမှတ်ပြုနေကြတဲ့ အခွင့် အရေးတွေဟာ တို့မြန်မာနိုင်ငံမှာ မရှိ တော့ဘူးလား၊ မရနိုင်တော့ဘူးလား၊ ဒီလို့နဲ့ပဲ ပြည်သူတွေကို ပိ ပိပြားအောင် နှိပ်စက် နေတော့ မှာလား၊ တကယ်တမ်းကျတော့ ခင်ဗျားတို့ ကျနော်တို့အော်နေတဲ့ ဒီမိုကရေစီ ဆိုတာ ကျနော် တို့ပြည်သူလူထုတွေရဲ့ လက်ထဲမှာပဲရှိတာပါ၊ ဒါတွေကိုဘာဖြစ်လို့ တို့ပြည်သူတွေက ရဲ့ရဲ့ဝံ့ဝံ့ကြီး မထုတ်ဖော်ရဲ ကြ တော့တာလဲ၊ ဘာကြောင့်လည်း၊ ဘယ်သူတွေက အရောင်ပြောင်းပြီး ဆေးဆိုး လိုက်တာလဲ။ တိုင်းသူပြည်သားတိုင်းမှာ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ရှိပေမယ့်၊ လုပ်လို့မရခဲ့ဘူး၊ လိုခွင့်မ ရခဲ့တာ ဘာကြောင့်၊ ဘယ်သူတွေကြောင့်လဲဆိုတာ ထင်ထင်ရှားရှားသိဖို့လိုနေပါပြီ။ လွတ်လပ်ရေး မရခင်တုန်း က လွတ်လပ်ရေး ကိုရဖို့ လူမျိုးတမျိုးတည်းတိုက်ယူတာ မဟုတ်ဘူးဆိုတာကိုလည်း တို့ပြည်သူတရပ်လုံး အသိပါပဲ။ နိုင်ငံရေး အရနှင်ရော စစ်ရေးအရနှင့်ပါ တပေါင်းတစုတည်း တည် ဆောက်ပြီး ဘယ်လူမျိုးကြီးဝါဒကိုမှ အခြေမခံပဲ ရရာလက်နက်ဆွဲကိုင်ပြီး နယ်ချဲ့ဝါဒ၊ ဖက်စစ်စနစ်ဝါ ဒတို့ကို အတူတကွ တိုက်ထုတ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးလို့ ယနေ့ခေတ်မှာ တော့ မဟာလူမျိုးကြီးဝါဒတွေ၊ မဟာလူမျိုးသေးဝါဒတွေနှင့် ဖရိုဖရဲဖစ် ကုန်ပြီး စည်းလုံးညီညွတ်ရေးနှင့်တန်းတူတဲ့အခွင့်အရေးဆို တာတွေလည်းယနေ့ ထိ သေသေချာချာမရရှိ ခဲ့သေးပါဘူး။တကယ်တန်းကျတာ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်လှပါပြီဆိုတဲ့ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အဆိုအရတွေဟာ သူတို့အမျိုးနှင့် သူတို့အဖွဲ့တည်းအတွက်သာ ဖြစ်တယ်ဆိုတာ အားလုံး ထင်သာမင်သာ ဖြစ်နေလောက်ပါပြီ။ တကယ်အေးချမ်းသာယာလှပတဲ့ ဆည်တွေ၊ တံတားတွေ တည် ဆောက်ပြနိုင်ခဲ့ပေမယ့်၊ တိုင်းရင်းသားကျေးလက်တောရွာဖြစ်တဲ့ ပြည်သူပြည် သားတွေမှာ အလင်းမဲ့၊ ပညာမဲ့၊အဆာရေဆာငတ်ပြတ်၊ စီးပွားရေး၊ကျန်းမာရေးနှင့် လမ်းပမ်းဆက် သွယ်ရေးနောက်နှေးမှု တို့နှင့်သာ ဆက်လက်ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် ကျနော်တို့ပြည်သူ တစ်ယောက်အနေနဲ့ ပြောကြားလိုတာ ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မည်သည့်တိုင်းရင်းသား အဖွဲ့ အစည်းကိုမဆို အပစ်ခတ် ရပ်စဲတဲ့ အဖွဲ့အ စည်းနှင့်ရော ဒီမိုကရေစီအတွက် လက်နက်ကိုင် ဆက်လက်တိုက်ပွဲဝင် တော်လှန်ရေးဆင်နွဲနေတဲ့ အဖွဲ့များကပါ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ပြဌာန်းပိုင် ခွင့်နှင့် တန်းတူတဲ့အခွင့် အရေး ရရှိဖို့အတွက် သူများတကာကို အရှင်သခင် လို့ ခေါ်နေမဲ့အစား ကိုယ့်တိုင်းပြည် ကိုယ့်အမျိုးသား အတွက် ကိုယ်လူမျိုးအချင်းချင်း တပေါင်းတစည်း တည်းဖြစ်ဖို့ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်စွာ အားပေး၊ အားမြောက်ဖြစ်သင့်ပြီလို့ ကျနော် နိုးဆော်တိုက်တွန်းရင်း ဒီမိုကရေစီ သစ်ဆီသို့ အရောက်လှမ်းနိုင်ကြပါစေလို့နိဂုံးချုပ်အပ်ပါသည်။
ဆက်ဖတ်ရန်...

0 comments:

Post a Comment