08:56

(NLD) ပါတီ၏ (၂၀၁၅) ရွေးကောက်ပွဲ

ပြည်တွင်း သတင်းထုတ်ဝေမှုတွင် အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာများက (NLD) ပါတီသည် (၂၀၁၅) ရွေးကောက်ပွဲကို သပိတ်မှောက် မည်၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုဟု အဓိပ္ပါယ် သက်ရောက်စေသော သတင်းများကို မှားယွင်းဖော်ပြခဲ့ကြောင်း သိရသည်။ ပြည်တွင်းရှိ အွန်လိုင်းသတင်းမီဒီယာ ဧရာဝတီသတင်းဌာနသည် “ဖွဲ့စည်းပုံ မပြင်လျှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မ၀င်” ဟု သတင်းခေါင်းစဉ်နှင့် ဖော်ပြခဲ့သည်။
အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာများ မှားယွင်းဖော်ပြခဲ့သော (NLD) ပါတီ၏ (၂၀၁၅) ရွေးကောက်ပွဲ သတင်း ပြည်တွင်း သတင်းထုတ်ဝေမှုတွင် အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာများက (NLD) ပါတီသည် (၂၀၁၅) ရွေးကောက်ပွဲကို သပိတ်မှောက် မည်၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုဟု အဓိပ္ပါယ် သက်ရောက်စေသော သတင်းများကို မှားယွင်းဖော်ပြခဲ့ကြောင်း သိရသည်။ ပြည်တွင်းရှိ အွန်လိုင်းသတင်းမီဒီယာ ဧရာဝတီသတင်းဌာနသည် “ဖွဲ့စည်းပုံ မပြင်လျှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မ၀င်” ဟု သတင်းခေါင်းစဉ်နှင့် ဖော်ပြခဲ့သည်။ သို့သော် ဒီဇင်ဘာ (၁၅) ရက်နေ့ သာယာဝတီမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းမှာ ကိုယ့် သိက္ခာကို အမှန်တကယ် တန်ဖိုးထားသူများသည် (၂၀၁၅) ရွေးကောက်ပွဲတွင် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဘဲ ရေးကောက်ပွဲ မ၀င်သင့်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ပြည်တွင်းမီဒီယာ စောင့်ကြည့်ဂျာနယ်တွင် “၁၀၀ ရာခိုင်နှုန်း သေချာတယ်၊ (၂၀၁၅) ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်မယ်” ဟု သတင်းခေါင်းစဉ်နှင့် ဖော်ပြခဲ့သည်။ ဖော်ပြပါ သာယာဝတီမြို့ လူထုဆန္ဒခံယူပွဲတွင် ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် မည်သို့ပင် ရှိစေကာမူ ပြည်သူ့ဆန္ဒကို ထောက်ထား၍ မမျှတသည့် အခြေအနေတွင် ရွေးကောက်ပွဲသို့ စွန့်စားပြီး ၀င်မည်ဆိုလျှင်လည်း ဂုဏ်သိက္ခာကျစရာ မရှိကြောင်း ပြောကြားခဲ့သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အထက်စီးမှနေ၍ ရွေးကောက်ပွဲ ၀င်လာသူများသည် သိက္ခာမရှိကြောင်းနှင့် မိမိတို့နိုင်ငံတွင် မှန်ကန်စွာ ဆောင်ရွက်ရဲသော သတ္တိရှိသူများ လိုအပ်နေကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ (NLD) ပါတီ၏ ဗဟိုပြန်ကြားရေးအဖွဲ့မှ သက်ဆိုင်သူတစ်ဦးက လွဲမှားဖော်ပြသော သတင်းများကြောင့် တစ်ဦးနှင့်တစ်ဦး သံသယ ဖြစ်ရန်၊ ထိပ်တိုက် တွေ့ဆုံရန် မလိုအပ်ကြောင်းနှင့် မှားယွင်းဖော်ပြမှုများကို ပြန်လည် ရှင်းလင်းရန် တာဝန်ရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ From facebook
ဆက်ဖတ်ရန်...

0 comments:

Post a Comment