ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့၏ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆို နိုင်ရန် PNLO ကိုယ်စားလှယ်အဖွဲ့အား ထိုင်း-မြန်မာနယ်စပ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးရန် ကိုမင်းဦးအားတာဝန်ပေး အပ်ခဲ့ဘူးပါသည်။
၁။ “၂၁၊ ၉၊ ၂၀၁၇ ရက်နေ့ ၂၁း၅၅ အချိန်၊ ရန်ကုန်တိုင်း မူးယစ်အထူး ၄၁ မှ ရဲမှူးမြင့်အောင် ဦးဆောင် သည့်အဖွဲ့ သည်မူးယစ်ဆေးဝါးသတင်းအရ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ လေဆိပ်ရိပ်သာလမ်း၊ အမှတ် ၁၈/၂၀ ရှိ Air port Inn အခန်း B.6 တွင် ဝင်ရောက်ရှာဖွေရာ အခန်းတွင်း၌ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် PNLO မှ လုံခြုံရေးနှင့်သယ်ယူပို့ဆောင်ရေးတာဝန်ခံ ခွန်မင်းဦး ၄၃နှစ်၊ နှင့် အမျိုးသမီးငယ် စိစစ်ဆဲတို့ ၁ ဦးအားတွေ့ရှိရပြီး အခန်း တွင်းမှ ပစ္စတို ၁လက်၊ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မူးယစ်ဆေးဝါး Ice အချို့ အလေးချိန်စိစစ်ဆဲတို့အား ရှာဖွေ တွေ့ရှိကြောင်း ” လူမှုကွန်ယက်သတင်းများတွင် တွေ့ရှိရပါသည်။
၂။ အဆိုပါ ကိုမင်းဦး ဆိုသူသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ တပ်ဖွဲ့ဝင်တစ်ဦး (သို့မဟုတ်) အဖွဲ့ဝင် တစ်ဦး လုံးဝမဟုတ်ခဲ့ပါ။ PNLO၏ “လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးတာဝန်ခံ” ဖြစ်သည်ဟု ထွက်ဆို ခြင်းမှာ လုံးဝမှန် ကန်မှုမရှိပဲ PNLO အား ခုတုံးလုပ်အသုံးချခြင်းသာဖြစ်ပါသည်။ ထို့အပြင် PNLO တာဝန်ရှိသူများထံမှ တရားဝင် အတည်ပြု ချက်တစုံတရာ မရရှိသေးပဲ ကိုမင်းဦးသည် PNLO၏ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးတာဝန်ခံဖြစ်သည်ဟု သက်ဆိုင်ရာ များက တဖက်သတ်မှတ်ယူ၍ သတင်းထုတ်ပြန်လိုက်ခြင်းသည် NCA အကောင်အထည်ဖော်မှုနှင့်အတူ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် တရပ်လုံးတွင် အစိုးရ တပ်မတော်တို့နှင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်နေသော မိမိတို့ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်  PNLO၏ ဂုဏ်သိက္ခာအား တစုံတရာ ထိခိုက်စေသော လုပ်ရပ်ဖြစ်ပါသည်။ 
၃။ ၂၀၁၃ ခုနှစ်မတ်လ (၂၃) ရက်နေ့တွင်ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ၌ ကျင်းပပြုလုပ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့၏ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆို နိုင်ရန် PNLO ကိုယ်စားလှယ်အဖွဲ့အား ထိုင်း-မြန်မာနယ်စပ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးရန် ကိုမင်းဦးအားတာဝန်ပေး အပ်ခဲ့ဘူးပါသည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲခရီးစဉ်တစ်ခုတည်းအတွက်သာ  ခရီးစဉ်လုံခြုံရေးနှင့်   သယ်ယူပို့ဆောင်ရေး  တာဝန်ခံအဖြစ်   ထိုစဉ်က  အဖွဲ့ချုပ်ဥက္ကဌနှင့်   ကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်ဖြစ်သူ   ဗိုလ်မှူး ကြီးခွန်ဥက္ကာက  လက်မှတ်ရေးထိုး တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုတာဝန်ပေးခန့်အပ်စာတွင်  “. . . ထိုကိုယ်စား လှယ်  အဖွဲ့၏ မြဝတီ၊ဖားအံ၊  သထုံ၊  ရန်ကုန် ခရီးစဉ်အတွက်   “လုံခြုံရေးနှင့်   သယ်ယူပို့ ဆောင်ရေးတာဝန်ခံ ”  အဖြစ် အဖွဲ့ဝင် ခွန်မင်းဦးအား  တာဝန်ပေးအပ်ထားကြောင်း . . .”  ဖော်ပြလျှက်   ဥက္ကဋ္ဌ၏  လုပ်ပိုင်ခွင့်ဖြင့်၎င်း၊  ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်၏  လုပ်ပိုင်ခွင့်ဖြင့်၎င်း  ယာယီတာဝန်ပေးခန့်အပ်ခဲ့ခြင်းသာ  ဖြစ်ကြောင်းကို ထိုစဉ်က  PNLO ဥက္ကဋ္ဌ ဖြစ်သူ   ဗိုလ်မှူးကြီး  ခွန်ဥက္ကာမှ   ဗဟိုကော်မတီဝင်များအပါအဝင် PNLOခေါင်းဆောင်များအား  ရှင်းလင်းအသိပေးခဲ့ပါ သည်။ ထို့အပြင် ၂၀၁၃ ခုနှစ်အကုန် ၂၀၁၄ နှစ်ဦးပိုင်းမှ စ၍ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ပုဂ္ဂိုလ်ရေး အထောက်အကူ တာဝန်အပါအဝင် မည်သည့်တာဝန်ကိုမျှပေးအပ်ခြင်း မရှိတော့ပဲ ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့်လည်းကောင်း PNLO နှင့်လည်းကောင်း လုံးဝပတ် သက်ဆက်နွယ်မှု မရှိတော့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ 
၎။ ထို့ကြောင့် မှုးယစ်ဆေးဝါး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရသူ ကိုမင်းဦး (၄၃) နှစ်သည်မိမိတို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် လုံးဝပတ်သက်မှု မရှိကြောင်းနှင့် ၎င်းကျူးလွန်သော ပြစ်မှုများကို ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန်သာဖြစ်ပါကြောင်း ရှင်းလင်းထုတ်ပြန်အပ်ပါသည်။
          ဗဟိုကော်မတီ 
၂၀၁၇ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့      ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO 
ဆက်ဖတ်ရန်...



0 comments:
Post a Comment