21:17

အမျိုးသားအင်အားစု အားလုံးပါဝင်သော ပြည်ထောင်စုညီလာခံ ဆီသို့

နိုင်ငံရေးဆိုတာ အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရဆန့်ကျင်ခြင်း၊ အစိုးရထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း တို့သာမဟုတ်ပါဘူး။ လူသားတို့ နေ့စဉ်ကြုံတွေ့ ဖြတ်သန်းနေရတဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိတဲ့ ရုန်းကန်လှုပ်ရှားရသော ဖြစ်စဉ် များနှင့် လည်းသက်ဆိုင်နေပါတယ်။ မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ ထိုမှတဆင့် ကမ္ဘာနှင့် အ၀န်းဆီသို့ ဆက်စပ်ပြီး လူတို့၏စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည့် လူမှုစီးပွားရေးအရာကိစ္စများ တည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးဆိုတာ အစဉ်အမြဲဖြစ်ပေါ်နေမည်သာ ဖြစ်ပါတယ်။
ဆိုကြပါစို့ မိမိတို့၏ စားဝတ်နေရေး၊ မိသားစုအတွင်း ကျန်းမာရေး၊အစရှိသည်တို့ ဖြည့်စွမ်း ပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ၀န်ဆောင်မှုတွေက လိုအပ်နေမှာအမှန်ပင်ဖြစ်ပါတယ်။အဲဒီလိုအပ်ချက်တွေဟာ မိမိတို့ မိသားစု တစ်ခုထဲတွင် သာမဟုတ်ဘဲ အခြားအခြားသော မိသားစု မိမိတို့ပတ်ဝန်းကျင် ထိုမှတဆင့် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင့်အ၀န်းဆီသို့ အပြန်အလှန် ပေါင်းကူး ဆက်စပ်နေမှာပင်ဖြစ်ပါတယ်။ သို့ကြောင့် နိုင်ငံရေးဆိုတာ လူသားတို့အားလုံး၏ အရေးကိစ္စသာ ဖြစ်ပါတယ်၊ဒါ့ကြောင့် လူသားတွေအကျိုးစီးပွါးကို ဆောင်ရွက်သည့်နေရာ၌ မိမိအကျိုးစီးပွား တစ်ခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိအကျိုးစီးပွါးထက် အများအကျိုးစီးပွားကို ရှေ့ရှုသော နိုင်ငံရေးဖြစ်စဉ်အတွင်း၌ တစ်တပ်တစ်အား ပါဝင် ဆောင်ရွက် သင့်ကြပါတယ်။ သို့မှသာ မိမိ၊ မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ ဒေသ၊ မိမိတို့၏ နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာသည် ငြိမ်းချမ်းသာယာ ၀ပြောသော လူ့ဘောင်သစ်ကြီး ဖြစ်ပေါ်နေမည်ပင် ဖြစ်ပါတယ်။ လူသားတို့၏ စားဝတ်နေရေး ကျန်းမာရေး၊ စီးပွားရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရာ၌ ငြင်းခုန်ခြင်း၊ ပြိုကွဲခြင်း၊ တိုက်ခိုက်ခြင်း၊တိုမရှိဘဲ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊တိုဖြင့်သာ ငြိမ်းချမ်းစွာ ဖြေရှင်းရေး သည် အရေးကြီးလှပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြပါတယ်။နှစ်ပေါင်းများစွာ တိုက်ပွဲများဖြင့် ကြုံတွေ့နေခဲ့ရလို့ တိုင်းရင်းသားတွေနဲ့ အစိုးရတို့အကြားမှာ နှစ်ဖက်လက်အောက်ငယ်သားတွေနဲ့ နယ်မြေခံလူထုတွေဟာ အမျိုးမျိုး ဒုက္ခဆင်းရဲ အသက်၊ သွေး၊ ချွေးနဲ့ ဘ၀စတာတွေ ပေးဆပ် စတေး ခဲ့ကြ ရပါတယ်။ လူငယ်လူရွယ်တွေဟာလည်း စနစ်ဆိုးရဲ့သားကောင်တွေဖြစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ရပ်ရွာကိုစွန့်ခွါ တ၀မ်းတခါးအတွက် ပင်ပန်းဆင်းရဲစွာ ဘ၀ကို ရုန်းကန် နေကြရပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ တချို့က အိပ်ဖို့တောင် ဘယ်လိုနေရာ ရှာရမှန်းမသိသလို တချို့ကလည်း ဆာလောင်မွတ်သိပ် ငတ်ပြတ်နေလို့ မျက်ရည်တွေ ဖြိုင်ဖြိုင် ယိုစီးနေကြရတယ်။ ဒုက္ခသည်တွေရဲ့ဘ၀ဟာ လုံခြုံမှုကင်းမဲ့နေသလို သူတို့ကလေးတွေရဲ့ ပညာရေးကိုလည်း ထိခိုက်စေပါတယ်။ ပြည်တွင်းစစ်တွေကြောင့် စစ်အင်အား အဆမတန်တိုးချဲ့ မူ၊ မှားယွင်းသော စီးပွားရေးစီမံခန့်ခွဲမူ၊ နိုင်ငံ တကာဆက်ဆံရေး ညံ့ဖျင်းမူတွေကို ပြည်သူတွေသာ ခါးစီး ခံနေရတဲ့ သာဓက တစ်ခု ပင်ဖြစ်ပါတယ်။ သူတို့တွေအားလုံးရဲ့ ဘုံသဘောဆန္ဒကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုချင်တာပဲ ဖြစ်ပါတယ်။အာဏာရှင်စနစ် ရဲ့ဆိုးမွေတွေကို သူတိုတတွေ မနှစ်သက်ကြပါဘူး။ ဒီနေရာမှာ အဓိကအချက်က ဘာကြောင့် ဒီမိုကရေစီကို ပြည်သူများက တောင်းဆိုခဲ့ကြ ရပါသလဲ။ ဒီအတွက် အသက်တွေ ဘ၀တွေ ပေးဆပ်နေခဲ့ကြရတယ်၊ အခုလည်း ပေးဆပ်နေကြရဆဲ၊ ဆက်လက်ပြီးတော့ ပေးဆပ်ရန် အဓိဌာန်ချထားသူတွေရှိနေကြဆဲပင် ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတာ အဖြေကရှင်းပါတယ်။ အာဏာရှင်စနစ်ကို လုံးဝဥဿုံ လက်မခံနိုင်သောကြောင့်ပင် ဖြစ်ပါတယ်။ ဒီမိုကရေစီ၏ အနှစ်သာရဆိုတာ ပြည်သူ့ထံမှ ဆင်းသက်လာသောအာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည် စီးဆင်းစေခြင်းပင် ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အဓိကကျတဲ့ ပင်ကိုအရည်အသွေးတရပ်က သာမန်ပြည်သူတွေအနေနှင့် မိမိတို့ကိုယ်တိုင် ပြန်ပြီးတော့ အုပ်ချုပ်ခြင်းနဲ့ မိမိတို့အကျိုးကို မိမိကိုယ်တိုင် ကာကွယ်နိုင်ခြင်းတို့ကြောင့် ဒီမိုကရေစီကို လူကြိုက်များလာကြတာပင် ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီမိုကရေစီဟာ လက်တစ်ဆုပ်စာ လူတစ်စု လက်အတွင်း၌ ထင်ထင်ရှားရှားအာဏာ အပြည့်အဝရှိ တဲ့ တစ်ပါတီစနစ်မဟုတ်ဘဲ လူသားတွေရဲ့ မွေးရာပါအရည်အချင်းတွေကို အသိအမှတ်ပြုမှုအပေါ် အခြေခံထား တဲ့အတွက် ကြောင့်ပင်ဖြစ်ပါတယ်။နိုင်ငံသူနိုင်ငံသားများက မိမိတို့ ဆန္ဒအရ လွတ်လပ်စွာပါဝင် ဆုံးဖြတ်နိုင်ခွင့် မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ရေး လူသားတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်၊ ဂုဏ်သိက္ခာတို့ကို အသိအမှတ်ပြု လေးစားမှုနဲ့ အလိုဆန္ဒတို့ကိုဖြည့်ဆီပေးနိုင်မှုတွေဟာ ဒီမိုကရေစီ ရဲ့ဖြစ်စဉ်တွေဘဲဖြစ်ပါတယ်။ တန်းတူညီမျှ ခြင်းနဲ့လွတ်လွပ်ခြင်းတို့ အဲဒီအခြေခံကျ တဲ့မူ တွေက နိုင်ငံသားအားလုံးကို ဥပဒေအောက်တွင် ညီမျှမှုနဲ့ ဥပဒေပြုမှုတို့တွင် ညီမျှစွာပါဝင်နိုင်ခြင်းတွေဟာ ဒီမိုကရေစီရဲ့ ထူးခြားတဲ့ ဂုဏ်အင်္ဂါများအဖြစ် ဖြစ်နေပြီး၊ မရှိမဖြစ်လိုအပ်နေပါတယ်။ အကောင်းဆုံး ၊စံအမြင့်ဆုံး ဒီမိုကရေစီအုပ်ချုပ်ရေး ထိုသို့ ပြီးပြည့်စုံ သော စနစ်မျိုးဖြင့် အုပ်ချုပ်သောအစိုးရဖြစ်စေရန် ထိုစံကို မှီနိုင်သ၍မှီရန် ဒီမိုကရေစီအစိုးရများ မည်မျှဒီမိုကရေစီ အနှစ်သာရကို ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ပြီး အုပ်ချုပ်မှုစနစ် မည်မျှခိုင်ခံ့သည် ၊ မည်မျှကြာရှည်ခံသည် အခြားနိုင်ငံ ရေးကိစ္စများမှာဖြစ်စေ အကြမ်းဖက်မှု ကင်းမကင်း ပြည်သူ့ ဆန္ဒကို လိုက်လျောသော ဒီမိုကရေစီ အစိုးရ ဖြစ်ပေါ်လာစေရန် ပုဂ္ဂိုလ်ရေးကို ဦးစားမပေးဘဲ မိမိတို့နိုင်ငံတော်အတွက်သာရှေ့ရှုပြီး ပြည်သူတို့က လွတ်လပ်စွာ အခွင့်အရေးတူညီသော အခြေခံစည်းမျဉ်းများ ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ် များက အုပ်ချုပ်မှု ပြည်သူတို့က လွတ်လပ်စွာမဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ် များက ဆောင်ရွက်ကြသော အုပ်ချုပ်မှု ဖြစ်စေရန် ကြိုးစားဆောင်ရွက်သွားကြရမှာပင်ဖြစ်ပါတယ်။ ပြည်သူလူထုအများစုကြီး၏ အကျိုးကိုပုံဖော်နိုင်ရန် လူထုအခြေပြုနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများ ကလည်း သတိပြုကြရန်မှာ ပြည်သူ လူထုကို စနစ်တကျ ကိုယ်စားပြုသော နိုင်ငံရေး ပါတီ၊ ပြည်သူကို အစစ်အမှန် ကိုယ်စားပြုသော၊ ကောင်းမွန်သော အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ ခေါင်းဆောင်တစ်ဦးတည်းပေါ်တွင် ဗဟိုပြုသော၊ လူတစ်စု အပေါ်တွင် တည်မှီနေသော နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများထက်၊ လူထုကိုစနစ်တကျ ကိုယ်စားပြု သော ပါတီ၊ အဖွဲ့အစည်းမျိုးကို တည်ဆောက်ရမည်မှာ လက်ငင်းနိုင်ငံရေးပြဌာန်းချက် ပင်ဖြစ် နေပါ တယ်။ မြန်မာ့လူ့ဘောင်၌ နိုင်ငံရေးပါတီကောင်း၊ အဖွဲ့ အစည်းကောင်းများ တည်ဆောက်ရေးသည် မျက်မှောက်ခေတ် နိုင်ငံရေးခေါင်းဆောင်တိုင်း၊ ကြီး၊ ငယ်၊ လတ်မရွေး၊ အားလုံးတွင် တာဝန်ရှိနေပါတယ်။ ယနေ့ ပြည်တော်ပြန် ထောင်တော်ပြန် ပြည်ပအတိုက်အခံအဖွဲ့အစည်းများနှင့် ပြည်တွင်းအတိုက်အခံ အဖွဲ့အစည်းများ၊ ပြည်တွင်းတိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပြည်တော်ပြန်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ အားလုံး နားလည်မှုပြန်လည် တည်ဆောက် ကြပြီး ကြားလေသွေးလို့ နားလည်မှု၊ ယုံကြည်မှု လျော့ရဲခဲ့တဲ့ ကာလတွေကို ဖြတ်သန်းပြီးသကာလ ယနေ့အချိန်အခါမှစ၍ မြန်မာ့နိုင်ငံရေး ပတ်ဝန်း ကျင်တွင် ပြည်ထောင်စု စစ်စစ်မူ ခေါ် ဖက်ဒရယ်မူ အပေါ်အခြေခံသည့် လက်တွေ့ကျကျပုံဖော်ရေး ကို ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရမည့် အချိန်သို့ရောက်နေပြီပင်ဖြစ်ပါတယ်။ အပြောင်းအလဲ ဆိုတာ “နေ့ချင်း၊ ညချင်း မဖြစ်ဘူး..၊ အချိန်ယူရတယ်” ဆိုတာမျိုးကို နားလည် သည်းခံ စောင့်ကြည့်ပေးရတာက မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို သွားနေတဲ့ အခြေအနေမျိုးမှာသာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အခြေခံဥပဒေကကို အခြေမခိုင်၊ မူမမှန်ဘဲ တခြား နိုင်ငံရေး အုပ်စု အသီးသီးနဲ့ ပြည်သူက အလိုတော်ဖြည့်၊ အသုံးချခံသက်သက် ဖြစ်နေရတဲ့ စစ်အုပ်စု အလိုကျ အခြေအနေမျိုးမှာ ခုအချိန်မှာ ရပ်တန်းကရပ်ပြီး နည်းလမ်းသစ် ရှာသင့်ပြီလို့ထင်ပါတယ်။ ဒီမိုကရေစီအတုအိမ်မက် ကနေ နိုးထဖို့ သင့်ပါပြီ။ ဒါကြောင့် စစ်လွှတ်တော်နိုင်ငံရေးနှင့် မဖြစ်နှိုင်တော့တဲ့အခြေအနေမှာ စစ်လွှတ်တော်ပြင်ပ လူထူအကျိုးပြု နိုင်ငံရေးလမ်းစဉ် နဲ့ အလုပ်တွေကိုလည်း အခုထက် ပိုမိုအလေးပေးဖို့ မဖြစ်မနေ လိုအပ်နေပါပြီ။ ပြည်သူလူထုကိုဒီမိုကရေစီနှင့်နိုင်ငံရေးအသိအမြင်ပညာပေးရေး၊ အာဏာရှင်စနစ်သို့ ပြန်လည်ဦးတည်နိုင်မည့် လားရာများ၊ အနေအထားများကို ကြိုတင်သိရှိပြုပြင်နိုင်ရေး နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများ ပြည်တွင်း နှင့်ပြည်ပအဖွဲ့အစည်းများ၊ အင်အားစုများအ ကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကို အခြေခံ ခိုင်မာ၊ ကျယ်ပြန့်သော တပ်ပေါင်းစု တရပ်ဖြစ် ပေါ်လာရေး မြန်မာ့ဒီမိုကရက်တစ်လူ့ဘောင်ဖွံ့ဖြိုးရေးအတွက် တပ်ပေါင်းစု သို့မဟုတ် ပူးတွဲအလုပ်ကော်မတီ ဖွဲ့ရန်လိုအပ် နေပြီဖြစ်ပါတယ်။ ပြည်သူလူထု သည်လည်းကောင်း၊ တပ်မတော်သားအပေါင်းတို့ သည်လည်းကောင်း မိမိတို့ ရည်မှန်းချက် ပန်းတိုင်အရောက် အချိန်မနှောင်းသေးခင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသားတန်းတူညီမျှရေးကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ် ပေါ်ထွန်းလာရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးမူ ကိုအခြေခံ၍ တိုင်းရင်းသား လူမျိုးစုများ၊ ဒီမိုကရေစီ နိုင်ငံရေးအင်အားစုများ၊ ပြည်ထောင်စုအစိုးရနှင့် တပ်မတော် အပါအဝင် အမျိုးသားအင်အားစု အားလုံးပါဝင်သော ပြည်ထောင်စုညီလာခံ ဆီသို့ ဆက်လက်ချီတက်ကြဖို့ အားသစ်လောင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဇော်ဝမ်းမောင်…..။ From Facebook
ဆက်ဖတ်ရန်...
20:37

ရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်း အများဆုံး နေထိုင်

ရှမ်းပြည်နယ်တခုလုံးမှာ ပအိုဝ်းတိုင်းရင်းသားများက ရှမ်းပြီးရင် ဒုတိယအများဆုံး နေထိုင်ပါတယ်။ ရှမ်းပြည်ကို တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း အပိုင်းသုံးပိုင်းခွဲလိုက်ရင် ပအိုဝ်းတွေက ရှမ်းပြည် တောင်ပိုင်းမှာ အခြားသော တိုင်းရင်းသားများထက် အများဆုံး နေထိုင်တယ်ဆိုတာ ၁၉၈၉ ခုနှစ်ရဲ့ မှတ်တမ်းများအရ သိရပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၂၀ ကျော်ပြီးဖြစ်တဲ့အတွက် လက်ရှိလူဦးရေ စာရင်းမှန်ကို ပြောရခက်ပါတယ်။ လာမည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းလောက်မှာ အတိအကျ သိရပါလိမ့်မယ်။ ဒီအချက်အလက်တွေက လည်း လာမည့်၂၀၁၄ခုနှစ် လူဦးရေ သန်းကောင်စာရင်း ကောက်ယူရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။
အောက်ပါ ဖော်ပြချက်အရ…………… ၁၉၈၉ခုနှစ်ထိ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှာ ဖော်ပြချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်စုအတွင်းမှာ စုစုပေါင်းလူဦးရေ (၉၇၃,၄၈၈) ယောက် ရှိပါတယ်။ လွိုင်လင်မြို့နယ်စုတွင်းမှာ စုစုပေါင်း လူဦးရေ (၅၉၂,၄၁၅)ရှိပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်စုနှင့် လွိုင်လင်မြို့နယ်စုတို့မှာ လူဦးရေစုစုပေါင်း (၁,၅၆၅,၉၀၃) ရှိကြောင်း ဖော်ပြ ထားပါသည်။ တောင်ကြီးမြို့နယ်စုအတွင်းမှာ မြို့နယ်အလိုက် နေထိုင်ကြတဲ့ ပအိုဝ်းများ၏ လူဦးရေ စာရင်းများတော့ တောင်ကြီးမြို့နယ် ၁၄၄,၆၁၉၊ ဟိုပုံးမြို့နယ် ၆၃,၃၀၄ ၊ ဆီဆိုင် မြို့နယ် ၆၁,၅၁၀၊ ညောင်ရွှေမြို့နယ် ၆၀,၂၀၇၊ ပင် လောင်းမြို့နယ် ၁၀၉,၉၂၄ ၊ ကလောမြို့နယ် ၅၂,၄၆၇၊ ရပ်စောက်မြို့နယ် ၄၇,၀၁၁၊ ပင်းတယမြို့နယ် ၂၅,၉၅၂၊ ရွာငံမြို့နယ် ၂၅,၇၅၁ ၊ ဖယ်ခုံမြို့နယ် ၂၆,၄၃၃၊ ရှိကြောင်း ဖော်ပြထား တာတွေ့ရပါတယ်။ တောင်ကြီးမြို့နယ်စုအတွင်းမှာ ပအိုဝ်းတိုင်းရင်းသားဦးရေ စုစုပေါင်းကတော့ ၆၁၇,၁၈၈ ရှိကြောင်း သိရပါသည်။ ဒါအပြင့် လွိုင်လင်မြို့နယ်စုအတွင်း မြို့နယ်အလိုက်နေထိုင်ကြသော ပအိုဝ်းလူဦးရေစာရင်းများမှာ လွိုင်လင်မြို့နယ် ၇၉,၀၁၉၊ နမ့်စန်မြို့နယ် ၂၇,၂၆၇၊ မိုးနဲမြို့နယ် ၁၆,၁၇၁၊ မောက်မယ်မြို့နယ် ၁၅,၄၈၃၊ မိုင်းကိုင်မြို့နယ် ၂၉,၅၁၇၊ မိုင်းပွန်မြို့နယ် ၁၂,၇၅၆၊ လင်းခေးမြို့နယ် ၁၄,၁၃၈၊ လဲချားမြို့နယ် ၁၇,၉၀၅၊ ကျေးသီးမြို့နယ် ၁၂,၂၉၆၊ ကွန်ဟိန်းမြို့နယ်(ခန့်မှန်း) ၅၀,၀၉၊ မိုင်းရှူး မြို့နယ် (ခန့်မှန်း) ၅,၀၀၀ အသီးသီးရှိကြောင်း သိရသည်။ လွိုင်လင်မြို့နယ်စုအတွင်း ပအိုဝ်း တိုင်းရင်းသားဦးရေ စုစုပေါင်း (၂၃၄,၅၅၂) ရှိကြောင်း သိရသည်။ ထို့ကြောင်း ရှမ်းပြည်တောင်ပိုင်း အကျယ်အဝန်း စတုရန်းမိုင်ပေါင်း (၂၄၆၃၉)ရှိပြီး လူဦးရေ စုစုပေါင်း (၁,၅၆၅,၉၀၃) ရှိသည့်အနက် ပအိုဝ်းတိုင်းရင်းသားဦးရေ (၈၅၁,၇၄၀)ရှိကြောင်း သိရပါသည်။ ရှမ်းပြည်တောင်ပိုင်းတွင်း ပအိုဝ်းတိုင်းရင်းသားများသည် တောင်ကြီးမြို့နယ်နှင့် လွိုင်လင်မြို့ကို ဗဟိုပြု၍ အနောက်ဘက်တွင် ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ရွာငံမြို့နယ် ဧရိယာအဆုံး ၊မြောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ် နယ်စပ်နှင့် တောင်ကြီးမြို့ နယ်အဆုံး ၊ မောက်မယ် မြို့နယ်အဆုံး ထိုင်းနိုင်ငံထိ လူဦးရေ ထူထပ်ပျံ့နှံ့စွာနေထိုင် လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ From Facebook
ဆက်ဖတ်ရန်...
20:32

ဖဒရယ်ကို ၈ပြည်နယ်မူနှင့်စမှာလား၊ပြည်နယ်သစ်များပေါ်ထွန်းရေးနှင့်စမှာလား

တိုင်းရင်းသားများ အနှစ်နှစ်အလလ လက်နက်ကိုင်ဆင်နွှဲနေတဲ့ အဓိက မျှော်မှန်းချက်ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ် တည်ဆောက်ရေးပါပဲ။ ဒါပေမယ့် ဖယ်ဒရယ်ကို ဘယ်လိုပုံစံနဲ့ ဖွဲ့မလဲဆိုတာ ယနေ့အချိန်မှာ တိတိကျကျ မသိသေးပါဘူ။ ငြင်းခုန်နေတုန်းပါပဲ။ စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုကသာ မြန်မာပြည်ရဲ့ နိုင်ငံရေး ထွက်ပေါက်လို့ အများက လက်ခံထားကြပါတယ်။ ဖယ်ဒရယ်လို့ဆိုရင် လက်ရှိပြည်နယ် ၇ခု နဲ့ တိုင်းဒေသ ၇ခုအတိုင်း ဖွဲ့မှာလား။ ဒါမှမဟုတ် လူမျိုးကြီး ၈ မျိုး ရှိသည့်အတိုင်း ၈ ပြည်နယ်နှင့် စဖွဲ့မှာလား။ ၈ ပြည်နယ်နှင့် စဖွဲ့မယ်ဆိုရင် ဗမာပြည်နယ်ပေါ်ပေါက်လာမှ ရပါမယ်။ ဗမာပြည်နယ် ဖွဲ့ရမယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် တိုင်းဒေသအချို့ကို ဗမာပြည်နယ်ဖွဲ့လိုက်ရင် ဗမာလူမျိုးများက သဘောတူနိုင်ပါ့မလာ။ ယနေ့အချိန်မှာ ၈ ပြည်နယ်မှု နဲ့ ပတ်သတ်ပြီး ဗမာအများစုက သဘောတူလေ့ မရှိသေးပါဘူး။ ငြင်းခုန်တုန်းပါပဲ။
တိုင်းရင်းသား လူမျိုးတစ်မျိုး အဖြစ်လက်ခံပေမယ့် ပြည်ထောင်စုမှာ ဗမာပြည်နယ်ဖွဲ့ပြီး ပါဝင်ဖို့တော့ လက်ခံနိုင် ဖို့ ခက်နေသေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူများစုရှိတဲ့ လူမျိုးနဲ့ လူနည်းစုရှိတဲ့ လူမျိုးကာ ဖယ်ဒရယ်ပြည်ထောင်စုမှာ နိုင်ငံရေးအရ တန်းတူရည်တူ ဆိုတဲ့ သဘောဖြစ်နေလို့ပါဘဲ။ ဒီသဘောကို အချို့ လက်မခံနိုင်သေးပါဘူး။ ဒါကို အချိန်ယူ၊ ညှိနှိုင်းရအုံးမယ် ထင်တယ်။ ပြည်ထောင်စုဖွဲ့တဲ့အခါ ၈ ပြည်နယ်နှင့် စပြီး ထူထောင်မှာလား ဆိုတာ တိတိကျကျ မသိသေးပေမယ့် ယေဘူယျအားဖြင့်တော့ ကြိုဆိုပါတယ်။ မြန်မာပြည်မှာ အဓိက တိုင်းရင်းသား လူမျိုးကြီး ၈ မျိုး နေထိုင်တယ်။ အခြားသော လူမျိုးငယ်လည်း ရှိတယ်ဆိုတာ အသိအမှတ်ပြု ပါတယ်။ အထူးသဖြင့် ပြည်နယ်သစ်များ ဖွဲ့စည်းပြီး ပြည်ထောင်စုထဲမှာ ပါဝင်ဖို့ တောင်းဆို ၊ပြင်ဆင်နေတဲ့ ပြည်နယ်သစ်အရည်အချင်း ပြည့်မှီသည့် တိုင်းရင်းသားများလည်း ရှိပါတယ်။ အဲဒီထဲမှာ ပအိုဝ်း တိုင်းရင်းသားများလည်း အပါအ၀င်ပါပဲ။ ပအိုဝ်းတိုင်းရင်းသား အနေဖြင့် ပြည်ထောင်စုကို ပြည်နယ်သစ်များ ပေါ်ထွန်းရေး (သို့) ဖွဲ့စည်းနိုင်ရေး စတဲ့ မှု နှင့်သာ ထောက်ခံ၊ ကြိုဆိုပါတယ်။ ဖွဲ့စည်းပုံမှာ ၄င်းမှု ပါဝင်ဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် ပအိုဝ်းကိုယ်ပြည် နယ်ရရှိရေး၊ ပေါ်ပေါက်လာရေး ၊ အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုမှာ ပါဝင်ရေး အတွက် နိုင်ငံရေးအရ ဆန္ဒရှိ တောင်းဆိုနေကြသည့် ပအိုဝ်း လူငယ် လူရွယ်များအဖို့ မည်သည့် ပြည်နယ်မှာ နေထိုင်နေထိုင် မြန်မာတပြည်လုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် မိမိတို့ နေထိုင်ရာ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။ သဘောပေါက် နားလည်ခြင်းဖြင့်သာ မိမိတို့ အခွင့်အရေးကို တောင်းဆိုနိုင်ပေသည်။ From Facebook
ဆက်ဖတ်ရန်...
08:19

မြန်မာနိုင်ငံတွင် ဆရာ၊ ဆရာမ အခွင့်အရေး အပြည့်အဝ မရှိဟုဆို

ပညာရေးမူဝါဒ ပြောင်းလဲမှုများ ဆောင်ရွက် နေသော်လည်း မြန်မာနိုင်ငံရှိ အခြေခံနှင့် အဆင့်မြင့် ဆရာ၊ ဆရာမများသည် ၎င်းတို့ အခွင့်အရေးများကို အပြည့်အဝ မရရှိကြကြောင်း ကမ္ဘာတစ်ဝန်း ဆရာ၊ ဆရာမများ အသံကို စောင့်ကြည့် စစ်ဆေးနေသော Education International (EI) အဖွဲ့ကြီး၏ အာရှ-ပစိဖိတ် ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Aloysius Mathews က The Voice သို့ ပြောကြားသည်။ မြန်မာနိုင်ငံမှဆရာ၊ ဆရာမများသည် အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ငြိုငြင်မှုများ ခံနေရပြီး အချိန်ပို အလုပ်များနှင့် အားလပ်ချိန် နည်းပါးကြကြောင်း၊ ယင်းအပြင် ဆရာ၊ ဆရာမများ၏ လစာနှုန်းထားမှာလည်း အာဆီယံနိုင်ငံများထက် အလွန်နည်းပါးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ရာထူး အပြောင်းအရွှေ့ ပြဿနာ၊ အဆောင် အခက်အခဲနဲ့ လူမှုစီးပွား ပြဿနာတွေ ရင်ဆိုင်နေ ရတယ်” ဟု မြန်မာနိုင်ငံမှ ဆရာ၊ ဆရာမများ၏ အသံများ ဆွေးနွေးပွဲ ကျင်းပစဉ် ရရှိခဲ့သော အချက်အလက်များကို ကိုးကား၍ တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းဝင် ဦးအာကာမိုးသူက ပြောကြားသည်။ အဆိုပါ အခက်အခဲများကို ဖြေရှင်းရန် ဆရာ အသင်းအဖွဲ့များ ပေါ်ပေါက်ရန် လိုအပ်ပြီး ယင်းမှတစ်ဆင့် ဆရာ၊ ဆရာမများ၏ အခွင့်အရေးများ ရရှိလာမည် ဖြစ်ကြောင်း၊ အလားတူ အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များကို အသုံးစရိတ် ပံ့ပိုးရာ၌ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ပွင့်လင်းမြင်သာမှု ရှိစွာ ပံ့ပိုးပေးရန် လိုအပ်ကြောင်း Mr.Aloysius Mathews ကဆိုသည်။ EI အနေနှင့် မြန်မာအစိုးရကို နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီထက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ပြီး ပညာရေး အသုံးစရိတ် ပိုတိုးရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံမှ ဆရာ၊ ဆရာမများ၏ စွမ်းရည် တိုးတက်စေရန် အတွက်လည်း ဟောပြောပွဲများ နှစ်စဉ် ပြုလုပ် သွားရန် ရှိကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။ မြန်မာနိုင်ငံက ဆရာ၊ ဆရာမများအတွက် EI၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (ILO) နှင့် တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းတို့ ပူးပေါင်းကာ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ပညာရေး မူဝါဒ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ Asia Plaza ဟိုတယ်၌ ကျင်းပခဲ့သည်။ နိုင်ငံတကာ ပညာရေး အဖွဲ့အစည်း တစ်ခုဖြစ်သော EI သည် နိုင်ငံတကာမှ အဖွဲ့ဝင် သန်း ၃၀ ဦးနှင့် နိုင်ငံပေါင်း ၁၇၀ မှ ပညာရေးသမဂ္ဂများ ပါဝင် ဖွဲ့စည်းထားသော ပညာရေး ဝန်ဆောင်မှု အဖွဲ့ကြီးတစ်ခု ဖြစ်သည်။ The Voice Weekly
ဆက်ဖတ်ရန်...
07:56

Myanmar profile

From 1962 to 2011, the country was ruled by a military junta that suppressed almost all dissent and wielded absolute power in the face of international condemnation and sanctions. The generals who ran the country stood accused of gross human rights abuses, including the forcible relocation of civilians and the widespread use of forced labour, including children.
Myanmar, also known as Burma, was long considered a pariah state, isolated from the rest of the world with an appalling human rights record. From 1962 to 2011, the country was ruled by a military junta that suppressed almost all dissent and wielded absolute power in the face of international condemnation and sanctions. The generals who ran the country stood accused of gross human rights abuses, including the forcible relocation of civilians and the widespread use of forced labour, including children. The first general election in 20 years was held in 2010. This was hailed by the junta as an important step in the transition from military rule to a civilian democracy, though opposition groups alleged widespread fraud and condemned the election as a sham. It was boycotted by the main opposition group, Aung San Suu Kyi's National League for Democracy (NLD) - which had won a landslide victory in the previous multi-party election in 1990 but was not allowed to govern.A nominally civilian government led by President Thein Sein - who served as a general and then prime minister under the junta - was installed in March 2011. However, a new constitution brought in by the junta in 2008 entrenched the primacy of the military. A quarter of seats in both parliamentary chambers are reserved for the military, and three key ministerial posts - interior, defence and border affairs - must be held by serving generals. Despite this inauspicious start to Myanmar's new post-junta phase, a series of reforms in the months since the new government took up office has led to hopes that decades of international isolation could be coming to an end. This was confirmed when US Secretary of State Hillary Clinton made a landmark visit in December 2011 - the first by a senior US official in 50 years - during which she met both President Thein Sein and Aung San Suu Kyi.The newly re-elected President Obama followed suit in November 2012, and hosted President Thein Sein in Washington in May 2013, signalling the country's return to the world stage.The EU followed the US lead, lifting all non-military sanctions in April 2012 and offering Myanmar more than $100m in development aid later that year.
Ethnic tensions
The largest ethnic group is the Burman people, distantly related to the Tibetans and Chinese. Burman dominance over Karen, Shan, Rakhine, Mon, Rohingya, Chin, Kachin and other minorities has been the source of considerable ethnic tension and has fuelled intermittent protests and separatist rebellions.Military offensives against insurgents have uprooted many thousands of civilians. Ceasefire deals signed in late 2011 and early 2012 with rebels of the Karen and Shan ethnic groups suggested a new determination to end the long-running conflicts, as did Chinese-brokered talks with Kachin rebels in February 2013. Simmering violence between Buddhists and the Muslim Rohingya erupted in 2013, the official response to which raised questions at home and abroad about the political establishment's commitment to equality before the law. A largely rural, densely-forested country, Myanmar is the world's largest exporter of teak and a principal source of jade, pearls, rubies and sapphires. It has highly fertile soil and important offshore oil and gas deposits. Little of this wealth reaches the mass of the population. The economy is one of the least developed in the world, and is suffering the effects of decades of stagnation, mismanagement, and isolation. Key industries have long been controlled by the military, and corruption is rife. The military has also been accused of large-scale trafficking in heroin, of which Burma is a major exporter. The EU, United States and Canada imposed economic sanctions on Myanmar, and among major economies only China, India and South Korea have invested in the country. Myanmar's wealth of Buddhist temples has boosted the increasingly important tourism industry, which is the most obvious area for any future foreign investment. News from BBC
ဆက်ဖတ်ရန်...
12:50

နိုင်ငံတော်သမ္မတ လစာလျှော့ယူခြင်း တည်ဆဲဥပဒေများကို ဆန့်ကျင်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောဆို

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် ပါဝင်နေခြင်းကြောင့်ဆိုကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတလစာကို လျှော့ယူထားခြင်းသည် တည်ဆဲ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဝေဖန် ပြောဆိုလိုက်သည်။ “ဥပဒေမှာ ရှိပြီးတော့မှ မယူဘူးဆိုရင် ဥပဒေကို ဆန့်ကျင်တဲ့သဘော ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေမှာ သိန်း ၅၀ ပြဋ္ဌာန်းထားပါတယ်။ ဒါကို သဘောတူပါတယ်။ ဥပဒေ ဘယ်လိုပဲရှိရှိ မယူတဲ့အခါ ကျတော့ ဥပဒေနဲ့ မညီဘူး ဖြစ်နေတာ” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် ပါဝင်နေခြင်းကြောင့်ဆိုကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတလစာကို လျှော့ယူထားခြင်းသည် တည်ဆဲ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဝေဖန် ပြောဆိုလိုက်သည်။ “ဥပဒေမှာ ရှိပြီးတော့မှ မယူဘူးဆိုရင် ဥပဒေကို ဆန့်ကျင်တဲ့သဘော ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေမှာ သိန်း ၅၀ ပြဋ္ဌာန်းထားပါတယ်။ ဒါကို သဘောတူပါတယ်။ ဥပဒေ ဘယ်လိုပဲရှိရှိ မယူတဲ့အခါ ကျတော့ ဥပဒေနဲ့ မညီဘူး ဖြစ်နေတာ” ဟု ၎င်းကဆိုသည်။ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတသည် ဥပဒေပါ ပြဋ္ဌာန်းထားသည့် လစာကျပ်သိန်း ၅၀ မှ ကျပ် ၁၅ သိန်းသာ ထုတ်ယူမည်ဟု ပြောကြားထားခြင်းကြောင့် ဥပဒေ ပြန်လည် ပြင်ဆင်ရာတွင်လည်း ကျပ် ၁၅ သိန်းဖြင့် အတည်ပြုပေးမှသာ ဥပဒေနှင့်ညီမည် ဖြစ်ကြောင်း၊ ယင်းကြောင့် နိုင်ငံတော်သမ္မတ၏ လစာယူမည့် အခြေအနေကို လွှတ်တော်သို့ ရောက်ရှိနေသော ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံတော်သမ္မတထံ တိုက်ရိုက် မေးမြန်းရန် လွှတ်တော် အစည်းအဝေးကို ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။ “အမိန့် ညွှန်ကြားချက်တစ်ခုနဲ့ ဒီလိုယူတယ်ဆိုတာ အဓိပ္ပာယ် မရှိဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ဝန်ကြီးတွေရဲ့ ၁၀ ပုံတစ်ပုံပဲ ရှိနေတာကြောင့် ခုလို ဥပဒေကို ပြင်ပေးရတာပါ။ ၁၅ မိနစ်အတွင်း ခင်ဗျား ဆက်သွယ်ပြီး မေးလိုက်ပါ ၁၅ မိနစ် စောင့်မယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းကို ပြောကြားလိုက်သည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေနှင့် သိန်းငါးဆယ်ထက် မပိုသော လစာကိုသာ ယူလိုပြီး လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်ပေးရန် ပြောကြားကြောင်း ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက သမ္မတကိုယ်စား လွှတ်တော်သို့ ပြန်လည် တင်ပြခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လစာငွေ လျှော့ယူခြင်းသည် နိုင်ငံ၏ စီးပွားရေးကို ငဲ့ကွက်သည့် အခြေအနေ ရှိသော်လည်း ဥပဒေနှင့် ညီညွတ်မှု မရှိသည်မှာ မှန်ကန်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က The Voice သို့ ပြောကြားသည်။ “ဒါဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးဆိုလို့ ရှိရင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ပြင်ယူရမှာပဲ၊ ကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြောတာပါ” ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းကပြောဆိုသည်။ နိုင်ငံတော်သမ္မတ၏ လစာသည် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများ၏ ညှိနှိုင်း ဆုံးဖြတ်မှု အပေါ်တွင် မူတည်နေသောကြောင့် အစိုးရ အဖွဲ့အစည်း အနေနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လာရောက် တင်ပြရန် ဦးခင်အောင်မြင့်က ကြေညာပြီး အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေး အတည် ပြုမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်။ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် ဥပဒေကို ပြင်ဆင်ရခြင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ၏ လစာနှင့် ပြည်ထောင်စု ဝန်ကြီးများ၏ လစာ များစွာ ကွာဟနေသဖြင့် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။ New from (Thit too lwin)
ဆက်ဖတ်ရန်...
12:45

ကျောင်းများတွင် ငွေကောက်ခံခြင်း မပြုရ ပေါ်လစီ

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ။ ။ ပညာရေး ဝန်ကြီးဌာနမှ ဆရာ ၊ ဆရာမ များ ငွေကောက်ခံခြင်း မပြုရဆိုသည့် ပေါ်လစီချမှတ် ထားခြင်းသည် မှားယွင်းနေပြီး ကျောင်းသားမိဘ နှင့် ဆရာများကို ရန်တိုက်ပေးထား သလိုဖြစ်နေကြောင်း အခြေခံ ပညာ မူလတန်းကျောင်း အုပ်တ ချို့ က ဝေဖန်ပြောဆိုလိုက်သည်။ ''ဆရာမကြီးတို့တွေကို ချ မှတ်ပေးထားတဲ့ ငွေကြေးက မလုံ လောက်ဘူး။ ပြီးတော့ ကျောင်း တွေကို တစ်ပြေးညီ ငွေကြေးချ မှတ်တာကလဲ မှားနေ တယ်။ အ မှန်က ကျောင်းတစ်ကျောင်းရဲ့တစ် နှစ်စာ ကုန်ကျစရိတ်ကို တွက်ပြီး တော့မှ ချပေးရမယ်လို့မြင်တယ်။ အခုဟာက ကျောင်းသား ၁ဝဝရှိ တဲ့ ကျောင်းဆိုလဲ သုံးသိန်း၊ တစ် ထောင်ရှိတဲ့ကျောင်းဆိုလဲ သုံး သိန်း ဆိုတော့ ဘယ်ကျောင်းက ပိုကုန်မလဲ။ ချမှတ်လိုက်တဲ့ မူ ကြောင့် ကျောင်း သား မိဘတွေ ကလဲ အဲ့ဒါနဲ့ကိုင်ပြီး တိုင်ကြတော့ မလိုလားတဲ့ပြဿနာတွေ က ဖြစ် နေရတယ်''ဟု ဗဟန်းမြို့နယ်မှ မူလတန်းကျောင်းကျောင်းအုပ် တစ်ဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာနအ နေဖြင့် ကျောင်းသားမိဘတချို့ ကြည်ဖြူ၍ လှူသောငွေ များကို စည်းကမ်းတစ်ခု သတ်မှတ်၍ လက်ခံ ပေးစေ ချင်ကြောင်း ၊ ကျောင်းတစ် ကျောင်းတွင် အခြေခံကုန်ကျငွေ မှာ ကျောင်း၏ အနေ အထားပေါ် မူတည်၍ ကုန်ကျ စရိတ် ကွဲပြား ကြောင်း၊ ကျောင်း ဖွံ့ဖြိုးရေး ပို လုပ်ဆောင်ရသော ကျောင်းများ ၏ကုန်ကျငွေမှာ ချပေးသည့်ငွေ ဖြင့် မလုံလောက်သည့်အတွက် ကိုယ်ပိုင်ပိုက်ဆံ များဖြင့် ဖြေရှင်း နေရကြောင်း သိရသည်။ ''ဆရာမတို့ ကျောင်းဆိုရင် လှူမယ့်သူတွေရှိတယ်။ ဒါပေမဲ့ ဆရာမတို့ လက်မခံရဲဘူး။ ကျောင်း သားမိဘတွေက တိုင်မှာကြောက် လို့။ ဒီလိုတိုင်တာကလဲ ကျောင်း သားမိဘတွေရဲ့ စိတ်ဓာတ်တွေ ကြောင့်ပါ။ သူတို့အနေနဲ့ နားလည် ပေးသင့် တယ်။ ဌာနကလဲ အလှူ ရှင်ရှိရင် မှတ်တမ်းမှတ်ရာနဲ့ လက် ခံခိုင်း၊ ပြီးရင် လိုတဲ့နေရာသုံးဆို ရင် ဒီလိုပြဿနာတွေက ရှင်းသွား မှာ။ အခုဟာက ကျောင်းသားမိဘ နဲ့ ဌာနကြားမှာ ဆရာမတို့က ညပ် နေရတယ်''ဟု မူလတန်းပြဆရာ မတစ်ဦး က ဆိုသည်။ ဗဟန်းမူလတန်းကျောင်း အုပ်တစ်ဦးက ကျောင်းတခိျု့တွင် ဌာနမှချမှတ်ပေးသည့် ငွေလုံ လောက်ခြင်းမရှိသောကြောင့် မ ပြင်ဆင်နိုင်သော အပိုင်းများရှိနေ သေးကြောင်း၊ ချမှတ်ထားသည့် ပေါ်လစီမှာ ပညာရေးဝန်ထမ်း အချင်းချင်း သတ်သလို ဖြစ်နေ ကြောင်း ပြောသည်။ ''နိုင်ငံတကာမှာ အခမဲ့မူ လတန်းပညာရေးလို့ ခံယူခဲ့တော့ ဘာမှကောက်လို့မရတော့ဘူး။ချပေးတဲ့ငွေနဲ့ ကြည့်သုံးနေရ တယ်။ မလောက်ရင် မလောက် တဲ့အတိုင်းပဲ ထားလိုက်တယ်။ ဒါက နောက်မ ကျ သင့်တဲ့ နေရာ တွေမှာ နောက်ကျကုန်တယ်။ဆရာမကတော့ အလှူငွေကို ထည့်ရင်ထည့်၊ မထည့်ရင်နေ ငါကတော့ မကောက်ဘူးလို့ မိဘ တွေကို ပြောထားတယ်။ ငွေကို လုံလောက်အောင် ချပေးရင်လဲ ဒီပြဿနာက ရှိမှာမဟုတ်ဘူး''ဟု ယင်းက ထပ်မံပြောသည်။ တာချီလိတ်မြို့မှ ပညာရေး မှူးတစ်ဦးက အထက်မှချပေး သော အသုံးစရိတ်များမှာ လောက် ငခြင်းမရှိသောကြောင့် ဆရာများ အား မိမိတို့ကိုယ်တိုင် အလှူငွေ ကောက်ခံခြင်းမရှိဘဲ ကျောင်းအ ကျိုးတော်ဆောင်များ၏အကူအ ညီဖြင့် လိုအပ်သော ငွေကိုရှာဖွေ ခိုင်းစေကြောင်း၊ ကျောင်းသား မိဘများဘက်မှ တိုင်ကြားမှုများ ရှိလာလျှင်လဲ စစ်ဆေးပေးရ ကြောင်း ပြောကြားသည်။ ယင်းနှင့်ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုကျော်စွာက ''ကျွန်တော့်သားနှစ်ယောက်က ဗဟန်းက မူလတန်းကျောင်းတစ် ကျောင်းမှာ အပ်ထားတာပါ။ အဲ ဒီကျောင်းက အလှူငွေကောက် ခံတာမျိုးတွေရှိပေမယ့် သိပ်အ များကြီးလဲ မဟုတ်ပါဘူး။ ကျောင်း အတွက်လိုအပ်တာမျိုးတွေလောက် ပဲ ကောက်တယ်။ ကျောင်းက သူ ဌေး ကျောင်း လဲ မဟုတ်ပါဘူး။ သန့် ရှင်းရေးကိစ္စလိုကိစ္စတွေအတွက် ကောက်ခံတာပဲ။ မိဘတွေလဲ ဝိုင်းကူမှရမှာပေါ့။ ဆရာ၊ ဆရာ မတွေက နေရာတကာဘယ်စိုက် ပေးနိုင်မလဲ''ဟုဆိုသည်။ ပညာရေး ဝန်ကြီး ဌာနမှ ကျောင်းအသုံးစရိတ်များကို ကျောင်းသားဦးရေပေါ်တွင်မူ တည်၍ ချမှတ်ပေး ထားကြောင်း၊ ကျောင်းသား ၂ဝဝအထက်လျှင် နှုန်းတစ်ခုနှင့် ကျောင်းသား၂၀၀ အောက်ဆိုလျှင် နှုန်းတစ်ခုသတ် မှတ်ထားကြောင်း သိရ သည်။ News from( Thit Htoo lwin)
ဆက်ဖတ်ရန်...
19:58

ပင်လုံလို ညီလာခံခေါ်ယူဖို့ တိုင်းရင်းသားတွေ တိုက်တွန်း

ကိုမိုးဇော် | September 17, 2012 | VOA
 မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပပြီး ဆွေးနွေးအဖြေရှာမယ် ဆိုရင် ညီလာခံ ဖြစ်မြောက်ရေး အတွက် ညှိနှိုင်းစဉ်ကာလတည်းက တိုင်းရင်းသား လူမျိုးစုတွေ ပါဝင်ခွင့်ရဖို့ လိုအပ်ကြောင်း တိုင်းရင်းသားလူမျိုးများ ညီလာခံအပြီးမှာ ထုတ်ပြန် လိုက်ပါတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းက ပြီးဆုံးသွားတဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံက နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ် ၆ ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်သမ္မတ က ထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ် ၈ ချက်မှာ သဘောမတူညီတဲ့ အချက်တွေ ပါဝင်တာကြောင့်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့် အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးများ ညီလာခံကို ပြည်တွင်းက တိုင်းရင်းသားပါတီ တချို့နဲ့ နယ်စပ်ဒေသ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၉ ဖွဲ့က ကိုယ်စားလှယ် စုစုပေါင်း ၁၃၀ လောက် တက်ရောက်ခဲ့ပြီးတဲ့နောက် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာပြည်က နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာမယ့် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပမယ်ဆိုရင် သူတို့လိုလားတဲ့ အချက်တွေကို ညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲချုပ် ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက အခုလို ပြောပါတယ်။ “ပင်လုံကဲ့သို့ ညီလာခံမျိုး လုပ်ဖို့ ကျနော်တို့ဘက်မှာလည်း မူအားဖြင့်တော့ ပြင်ဆင်မှု ရှိတယ်။ အထူးသဖြင့်တော့ အဲလို ညီလာခံမျိုး စလုပ်မယ်ဆိုပြီးတော့ အကြို ညှိနှိုင်းပွဲ စလုပ်ကတည်းက ကျနော်တို့ ပါဝင်ဖို့ လိုတယ်။ အစိုးရဘက်က၊ နောက် ငြိမ်းချမ်းရေး ကော်မတီဘက်က လူနဲ့ပဲ လုပ်ထားပြီးတော့မှ မင်းတို့လာလို့ ခေါ်တာကတော့ မကောင်းဘူး။ မလုပ်သင့်ဘူး။ ဒါကြောင့် အကြိုညှိနှိုင်းပွဲ အဆင့်ဆင့် လုပ်သွားပြီးတော့မှ နောက်ဆုံး အဲဒီလို ညီလာခံမျိုး ကျင်းပရေး ကော်မတီအထိ ပါဝင်ချင်တယ်။ သူတို့က လူတွေ ရွေးထားပြီးတော့ ထိုင်၊ မင်းတို့လာထိုင် ဆိုရင် ဟိုအရင် လုပ်ခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံ ပုံစံမျိုးကိုတော့ လက်ခံမှာ မဟုတ်ဘူး။” ဒီလိုညီလာခံ ကျင်းပမယ်ဆိုရင် အစိုးရ၊ စစ်တပ်၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား အင်အားစုတွေ အားလုံး ပါဝင်ပြီး ပြည်ထောင်စု တရပ်လုံးက သဘောတူညီမှုရတဲ့အထိ ဆွေးနွေးဖို့ကို လိုလားတယ်လို့ ပြောပါတယ်။ ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက်ကိုလည်း ထည့်သွင်း ဆွေးနွေးဖို့အတွက် တိုင်းရင်းသား လူမျိုးများ ညီလာခံက ချမှတ်ခဲ့ပါတယ်။ ဒီအချက်တွေကို ချမှတ်တာကတော့ နိုင်ငံတော် သမ္မတက ထုတ်ပြန် ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ငန်းစဉ် ၈ ချက်မှာ သဘောမတူညီတဲ့ အချက်တွေ ပါဝင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ “အခုမြန်မာပြည်မှာ ငြိမ်းချမ်းရေး လိုတယ်။ တိုင်းရင်းသားတွေ ကလည်း အဓိက လိုချင်တယ်။ ငြိမ်းချမ်းရေးကို ချဉ်းကပ်တဲ့ အခါကျတော့ သမ္မတကြီး ဦးသိန်းစိန်က ပြည်နယ်အဆင့်မှာ အချက် ၄ ချက်၊ ၅ ချက် သတ်မှတ်ပေးတယ်။ ပြည်ထောင်စုအဆင့်နဲ့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုရင် ၈ ချက် သတ်မှတ်ပေးတယ်။ ဒီအချက် ၈ ချက်က ကျနော်တို့ဘက်က ကြည့်ရင် ကျနော်တို့နဲ့ တိုင်ပင် ဆွေးနွေးတာလည်း မပါဘူး။ နောက် အထက်ကနေ အောက်ကို ချပေးတဲ့ ကိစ္စဖြစ်နေတော့ ကျနော်တို့ လိုလားချက်နဲ့ တူညီမှုမရှိတာ တွေ့ရတယ်။ အဲဒီ ၈ ချက်အတိုင်း ကျနော်တို့က လိုက်နာလုပ်ဆောင်လို့ မဖြစ်ဘူး။ ညှိနှိုင်းဖို့လိုတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ လမ်းပြမြေပုံပဲ ခေါ်ခေါ်ပေါ့။ အစီအစဉ် agenda ပဲခေါ်ခေါ်ပေါ့။ ၆ ချက်။ အဲဒါကို ပြန်ပြင်ဆင်ပြီးတော့ ကျနော်တို့မှာလည်း ၆ ချက်ရှိပါတယ် ခင်ဗျား။ သမ္မတကြီး ၈ ချက်ကိုလည်း ကျနော်တို့ ဆွေးနွေးမယ်။ ကျနော်တို့ ၆ ချက်ကိုလည်း သမ္မတကြီး ဆွေးနွေးပါ။ အပြန်အလှန် ဒီအစီအစဉ် ၂ ခုကို ညှိတာနဲ့၊ agenda ညှိတာနဲ့ ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲရဲ့ အစပျိုးတဲ့ ခြေလှမ်းဖြစ်သွားမယ် ဆိုပြီးတော့ ဒီညီလာခံကနေပြီးတော့ ညွှန်ကြားတာပေါ့ဗျာ။ အဲဒါကို ကျနော်တို့က ဆက်လုပ်ဖို့ ရှိပါတယ်။” နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမယ့် အချက် ၈ ချက်မှာ လက်နက်ကိုင်အဖွဲ့တွေက ပါတီထူထောင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရေးနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင် လိုပါက လွှတ်တော်ထဲကို ၀င်ရောက်ပြီး အများဆန္ဒနဲ့ ဆောင်ရွက်ရေး ဆိုတာနဲ့ ဖွဲ့စည်းပုံနဲ့အညီ တခုတည်းသော လက်နက်ကိုင်အဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ဆိုတဲ့ အချက်တွေဟာ သဘောမတူနိုင်တဲ့ အချက်တွေဖြစ်တယ် လို့ ဆိုပါတယ်။ တိုင်းရင်းသားညီလာခံက ချမှတ်တဲ့ အချက် ၆ ချက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ အမျိုးသမီးနဲ့ လူငယ်စတဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးပြီး နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ချမှတ်ဖို့၊ ချမှတ်တဲ့ အချက်တွေကို အစိုးရကိုယ်စားလှယ်များနဲ့ ဆွေးနွေးဖို့၊ ဒီမူဘောင် သဘောထားတွေကို ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရှင်းလင်း ညှိနှိုင်း သဘောထား ရယူသွားဖို့နဲ့ နောက်မှာ ပင်လုံလို ညီလာခံကြီးတရပ် ခေါ်ယူသွားဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ တိုင်းရင်းသားလူမျိုးညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ကတော့ ညီလာခံရဲ့ လုပ်ငန်းစဉ် ၆ ချက်ကို ပြည်တွင်းမှာ ရှင်းလင်းတင်ပြနိုင်ဖို့အတွက် အစိုးရနဲ့ နားလည်မှုရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ “အခု ကျမတို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ အစိုးရနဲ့ တစုံတရာ နားလည်မှုရအောင်လို့ ကြိုတင်ပြီးတော့ လုပ်ရမယ်။ ဒီနားလည်မှု ရလာတဲ့အခါမှာ ကျမတို့တတွေကို ပြည်တွင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရအောင်လည်း ခွင့်ပြုရမှာပေါ့။ အဲလို ခွင့်ပြုချက်တွေ ရလာလို့ရှိရင် တရားမ၀င်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ဆောင်ရွက်တယ် ဆိုတဲ့ အပေါ်မှာ ပြည်သူလူထုတွေ အနှောက်အယှက် ဖြစ်စေတာမျိုး မဖြစ်ရအောင် ဆိုတဲ့အချက်တွေလည်း ကျမတို့တွေက ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးရမယ့် အချက်တွေ ရှိပါတယ်။ ပြီးပြီးမှပဲ ကျမတို့တွေက ပြည်တွင်းထဲမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးရလိမ့်မယ်လို့ လုပ်နိုင်လိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။ ဒီညီလာခံကလည်း အဲလိုပဲ သုံးသပ်ပါတယ်။” ပင်လုံလို တိုင်းရင်းသားအင်အားစုတွေ နိုင်ငံရေး အင်အားစုတွေ ပါဝင်တဲ့ ညီလာခံကြီးကိုတော့ ၃ နှစ်လောက် အချိန်ယူ ပြင်ဆင်ဖို့ လိုကောင်းလိုမယ် လို့လည်း ဦးခွန်ဥက္ကာက ခန့်မှန်းထားပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ၊ လက်ရှိသမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ကလည်း မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပဖို့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးစဉ်မှာ ပြောဆို ထားတာ ဖြစ်ပါတယ်။ from Taunggyi Time
ဆက်ဖတ်ရန်...
12:44

RCSS/SSA က PNLO တပ်ဖွဲ့ကို လမ်းခုလတ်တွင် ခြုံခိုတိုက်ခိုက်

ချင်းမိုင် (တောင်ကြီးတိုင်းမ်) ။ ။ စက်တင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မောက်မယ်မြို့နယ် ကန်တူးကြီးဒေသရှိ နားဟီးရွာမှ နမ်းပတက်ရွာသို့ စားနပ်ရိက္ခာ သယ်ဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO တပ်ဖွဲ့ကို ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA-S) က လမ်းခုလတ်တွင် ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။ ထိုတိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာ အပြန်အလှန်တိုက်ခိုက်ကြပြီး PNLO ဘက်က ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့သော်လည်း RCSS/SSA ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု ရှိမရှိ မသိရသေးပေ။
“RCSS/SSA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်မှာ ဝ တပ်ဖွဲ့နဲ့ ပြသနာတက်တယ်။ လားဟူပြည်သူ့စစ်နဲ့ ပြသနာတက်တယ်။ အစိုးရတပ်နဲ့လဲ ပြသာနာ တက်တယ်။ SSS ပြည်သူ့စစ်နဲ့လဲ ပြသနာတက်တယ်။ အခုနောက်ဆုံး ကျနော်တို့ PNLO တပ်ဖွဲ့ပါ ပြသနာရှာလာတယ်ဆိုတာ RCSS/SSA က ဘယ်လိုမျိုးတပ်လည်းတော့ နားမလည်တော့ဘူး။” လို့ PNLO တပ်မှူးက ပြောတယ်။ PNLO တပ်သည် လွန်ခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး လာမည့်အောက်တိုဘာလတွင်းတွင် ပြည်ထောင်စုအဆင့်ဆက်ဆွေးနွေးရန်အတွက် ဆွေးနွေးမည့် ခေါင်းစဉ် (၈)ခုကို ကြိုတင်ညှိနိုင်းသဘောတူ လက်မှတ်ရေးထိုးထားသည်။


ဆက်ဖတ်ရန်...