20:32

ဖဒရယ်ကို ၈ပြည်နယ်မူနှင့်စမှာလား၊ပြည်နယ်သစ်များပေါ်ထွန်းရေးနှင့်စမှာလား

တိုင်းရင်းသားများ အနှစ်နှစ်အလလ လက်နက်ကိုင်ဆင်နွှဲနေတဲ့ အဓိက မျှော်မှန်းချက်ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ် တည်ဆောက်ရေးပါပဲ။ ဒါပေမယ့် ဖယ်ဒရယ်ကို ဘယ်လိုပုံစံနဲ့ ဖွဲ့မလဲဆိုတာ ယနေ့အချိန်မှာ တိတိကျကျ မသိသေးပါဘူ။ ငြင်းခုန်နေတုန်းပါပဲ။ စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုကသာ မြန်မာပြည်ရဲ့ နိုင်ငံရေး ထွက်ပေါက်လို့ အများက လက်ခံထားကြပါတယ်။ ဖယ်ဒရယ်လို့ဆိုရင် လက်ရှိပြည်နယ် ၇ခု နဲ့ တိုင်းဒေသ ၇ခုအတိုင်း ဖွဲ့မှာလား။ ဒါမှမဟုတ် လူမျိုးကြီး ၈ မျိုး ရှိသည့်အတိုင်း ၈ ပြည်နယ်နှင့် စဖွဲ့မှာလား။ ၈ ပြည်နယ်နှင့် စဖွဲ့မယ်ဆိုရင် ဗမာပြည်နယ်ပေါ်ပေါက်လာမှ ရပါမယ်။ ဗမာပြည်နယ် ဖွဲ့ရမယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် တိုင်းဒေသအချို့ကို ဗမာပြည်နယ်ဖွဲ့လိုက်ရင် ဗမာလူမျိုးများက သဘောတူနိုင်ပါ့မလာ။ ယနေ့အချိန်မှာ ၈ ပြည်နယ်မှု နဲ့ ပတ်သတ်ပြီး ဗမာအများစုက သဘောတူလေ့ မရှိသေးပါဘူး။ ငြင်းခုန်တုန်းပါပဲ။
တိုင်းရင်းသား လူမျိုးတစ်မျိုး အဖြစ်လက်ခံပေမယ့် ပြည်ထောင်စုမှာ ဗမာပြည်နယ်ဖွဲ့ပြီး ပါဝင်ဖို့တော့ လက်ခံနိုင် ဖို့ ခက်နေသေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူများစုရှိတဲ့ လူမျိုးနဲ့ လူနည်းစုရှိတဲ့ လူမျိုးကာ ဖယ်ဒရယ်ပြည်ထောင်စုမှာ နိုင်ငံရေးအရ တန်းတူရည်တူ ဆိုတဲ့ သဘောဖြစ်နေလို့ပါဘဲ။ ဒီသဘောကို အချို့ လက်မခံနိုင်သေးပါဘူး။ ဒါကို အချိန်ယူ၊ ညှိနှိုင်းရအုံးမယ် ထင်တယ်။ ပြည်ထောင်စုဖွဲ့တဲ့အခါ ၈ ပြည်နယ်နှင့် စပြီး ထူထောင်မှာလား ဆိုတာ တိတိကျကျ မသိသေးပေမယ့် ယေဘူယျအားဖြင့်တော့ ကြိုဆိုပါတယ်။ မြန်မာပြည်မှာ အဓိက တိုင်းရင်းသား လူမျိုးကြီး ၈ မျိုး နေထိုင်တယ်။ အခြားသော လူမျိုးငယ်လည်း ရှိတယ်ဆိုတာ အသိအမှတ်ပြု ပါတယ်။ အထူးသဖြင့် ပြည်နယ်သစ်များ ဖွဲ့စည်းပြီး ပြည်ထောင်စုထဲမှာ ပါဝင်ဖို့ တောင်းဆို ၊ပြင်ဆင်နေတဲ့ ပြည်နယ်သစ်အရည်အချင်း ပြည့်မှီသည့် တိုင်းရင်းသားများလည်း ရှိပါတယ်။ အဲဒီထဲမှာ ပအိုဝ်း တိုင်းရင်းသားများလည်း အပါအ၀င်ပါပဲ။ ပအိုဝ်းတိုင်းရင်းသား အနေဖြင့် ပြည်ထောင်စုကို ပြည်နယ်သစ်များ ပေါ်ထွန်းရေး (သို့) ဖွဲ့စည်းနိုင်ရေး စတဲ့ မှု နှင့်သာ ထောက်ခံ၊ ကြိုဆိုပါတယ်။ ဖွဲ့စည်းပုံမှာ ၄င်းမှု ပါဝင်ဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် ပအိုဝ်းကိုယ်ပြည် နယ်ရရှိရေး၊ ပေါ်ပေါက်လာရေး ၊ အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုမှာ ပါဝင်ရေး အတွက် နိုင်ငံရေးအရ ဆန္ဒရှိ တောင်းဆိုနေကြသည့် ပအိုဝ်း လူငယ် လူရွယ်များအဖို့ မည်သည့် ပြည်နယ်မှာ နေထိုင်နေထိုင် မြန်မာတပြည်လုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် မိမိတို့ နေထိုင်ရာ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။ သဘောပေါက် နားလည်ခြင်းဖြင့်သာ မိမိတို့ အခွင့်အရေးကို တောင်းဆိုနိုင်ပေသည်။ From Facebook
ဆက်ဖတ်ရန်...

0 comments:

Post a Comment