16:07

ကချင်စစ်ပြေးဒုက္ခသည်များ အကူအညီလိုအပ်နေ

ဆောင်းဒဏ်ခံ ကချင်စစ်ပြေးဒုက္ခသည်များ အကူအညီလိုအပ်နေ 20 December 2013 by Mizzima ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာလ ပထမပတ်ကစတင်ကာ အအေးဒဏ် ခံစားလာရပြီဖြစ်ရာ မန်စီမြို့ နယ်အတွင်းရှိ မန်ဝိုင်းကြီး ဒုက္ခသည်စခန်းရောက် စစ်ဘေးရှောင် ဒုက္ခသည်တို့အတွက် ဆောင်းတွင်း ဒဏ်ခံအနွေးထည်များနှင့် အဆောက်အအုံများ လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဖာသာခါးလိက မဇ္ဈိမ ကို ပြောသည်။ “လူဦးရေကလည်း များတယ်၊ အနွေးထည်တွေအတွက် သီးသန့်လာလှူတာရယ်လို့ကလည်း မရှိဘူး။ ဆောင်းတွင်းဖြစ်တော့ ပိုဆိုးတယ်၊
ဘယ်လိုမှ လောက်မှာမဟုတ်ဘူး၊ လုံးဝကိုမလုံလောက်နိုင်တဲ့ အနေအထားဖြစ်နေတယ်”ဟု ဦးခါးလိက ပြောသည်။ စစ်ပြေးရှောင်လာကြသူများမှာ မန်ဝိုင်းကြီး ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိရန် သုံးရက်ခန့် လမ်း လျှောက်ခဲ့ကြရသဖြင့် အ၀တ်တစ်ထည်ကိုယ်တစ်ခုနှင့် ထွက်ပြေးလာရသူများမှာ အများစု ဖြစ်နေသည်။ မိသားစုများသည်လည်း နိုင်သည့် ပစ္စည်းအနည်းငယ်သာ သယ်ဆောင် ပြေးလာရသည့်အတွက် မလုံ လောက်ခြင်းဖြစ်သည်ဟုလည်း ကယ်ဆယ်ရေးလုပ်ငန်းများ လိုက်လံလုပ်ဆောင်နေသည့် ဗန်းမော်မြို့ ကတ်သလစ်အသင်းတော်မှ ကိုနော်ဒင့်က ဆိုသည်။ မန်ဝိုင်းကြီးမှဒေသခံများနှင့် ဗန်းမော်၊ မန်စီမြို့အနီးမှ ကယ်ဆယ်ရေးလုပ်ဆောင်နေသူများမှ ကူညီမှုများ ရှိသော်လည်း စားဝတ်နေရေးအတွက်သာ လုံလောက်သည့် အနေအထားရှိသည်။ အနွေးထည်များ လုံလောက်စွာ ရရှိစေရေး၊ ယာယီတဲများမှအိမ်များ ဆောက်ပေးနိုင်ရေးတို့မှာ မလုပ်နိုင်သေးသဖြင့် ဆောင်းတွင်းတွင် ကယ်ဆယ်ရေးစခန်းနေသူ နှစ်ထောင်ကျော်တို့မှာ အအေးဒဏ်ကြောင့် ခက်ခဲလိမ့်မည်ဟု ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းတို့က ဆိုသည်။ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသူများနှင့် ပတ်သက်၍ အစိုးရဘက်မှ မိမိတို့ သွားရောက်နိုင်သည့် နေရာများမဟုတ်ဘဲ သွားရောက်ရန် ခက်ခဲသည့် နယ်စပ်ဒေသများဖြစ်သဖြင့် အကူအညီပေးနိုင်ရန် အလှမ်းဝေးသည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းမှ မဇ္ဈိမသို့ ပြောဆိုပြီး ဖြစ်သည်။ မန်စီမြို့နယ်အတွင်း အောက်တိုဘာလတွင် ပြန်လည်ဖြစ်ပွားခဲ့သည့် အစိုးရနှင့် ကချင်လွတ်လပ်ရေးအ ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်ကာ မန်ဝိုင်းကြီး ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွင် နေထိုင်နေကြသည့် ဒုက္ခသည် ၂၀၀၀ ကျော်ခန့် ရှိနေသည်။ မန်စီမြို့နယ်၊ ဗန်းမော်မြို့နယ်၊ မန်ဝိုင်းကြီး မြို့နယ်များသို့ တိမ်းရှောင်နေကြသည့် ဒုက္ခသည် စုစုပေါင်းမှာ ၅,၀၀၀ ကျော်ခန့် ရှိမည်ဟု ယုံကြည်ရ သည်။ From Mizzima
ဆက်ဖတ်ရန်...

0 comments:

Post a Comment