Showing posts with label News. Show all posts
Showing posts with label News. Show all posts
10:21

မြောက်ကိုရီးယားကို ကုလ ရှုတ်ချ၊ EU တိုးချဲ့ပိတ်ဆို့

မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဂျပန်ပင်လယ်ထဲကို ဒုံးပျံတစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ တာဟာ ဒေသတည်ငြိမ်မှုကို ထိခိုက်စေတဲ့ ရန်စမှုဖြစ်တယ်လို့ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို နျုးကလီးယားနဲ့ ဒုံးပျံစမ်းသပ်မှုတွေ တားမြစ် ပိတ်ပင်ထားပါတယ်။
ဒီအတွင်းမှာပဲ ဥရောပ သမဂ္ဂ EU က မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ မနေ့က ထပ်မံတိုး ချဲ့လိုက်ပါတယ်။ အခုပိတ်ဆို့မှုမှာ မြောက်ကိုရီးယားအာဏာပိုင်တွေနဲ့ ပတ်သက်သူ လက်နက်အစီ အစဉ်တွေအတွက် ကူညီသူ ၄ ဦးကို နာမည်ပျက်စာရင်း ထည့်သွင်းခြင်းလည်း ပါဝင်ပါတယ်။ Post from RFA
ဆက်ဖတ်ရန်...
15:36

ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဆုံးဖြတ်

ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက် အရွေးခံနိုင်ရေး အဟန့်အတား ဖြစ်နေသဖြင့် ပြင်ဆင်ပေးရန် နိုင်ငံရေးပါတီ အချို့နှင့် အနောက်နိုင်ငံ အစိုးရအချို့က တောင်းဆိုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်မည်ဟု ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြား သည်။ ယင်းအချက်ကို ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီအစည်း အဝေးတွင် မဲခွဲ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်ကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက် အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။ ယင်းအချက်ကို ကြံ့ခိုင်ရေးပါတီက နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း မိမိ၏တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြင်ဆင်လိုက်ကြောင်း ဦးလှဆွေက ပြောကြားသည်။ "သားသမီး အတွက်ကတော့ ကန့်သတ်ချက် ဖြစ်နေသေးတယ်။ ချွေးမတွေ သမက်တွေကို လျှော့ပေးဖို့ ပါတီက လွှတ်တော်သို့တင်ပြမယ်။ ချွေးမတွေ သမက်တွေ နိုင်ငံခြားသားဖြစ်လို့ ပြဿနာ မရှိဘူးပေါ့။ ဒေါ်အောင်ဆန်းစုကြည်က သားတွေကို မြန်မာနိုင်ငံသား ခံယူပေးလိုက် ရင် သူ ၂၀၁၅ မှာ သမ္မတ ဖြစ်နိုင်သွားပြီ၊ သူ့အမျိုးသားက မရှိတော့ဘူး ဆိုတော့ ဘာမှပြောစရာ အကြောင်းမရှိတော့ဘူး" ဟု ဦးလှဆွေက ဆိုသည်။ ယင်းသို့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်သို့ တင်ပြပေးမည် ဟုဆိုသော်လည်း ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်မည် ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပုဒ်မ ၉၅ (စ) ပြင်ဆင်ခြင်း ရှိ မရှိကို စောင့်ကြည့်ရ ဦးမည် ဖြစ်ကြောင်း NLD ပါတီ၏ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဆိုသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်သော ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည်ကို အဟန့်အတား ဖြစ်နေသောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားထားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရရှိထားပြီး လွှတ်တော်တွင်း ကိုယ်စားလှယ်ဦးရေ အများဆုံး ရှိသည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ၂၅၉ ဦးနှင့် အမျိုးသား လွှတ်တော်တွင် ၁၂၉ ဦး ရှိသည့်အပြင် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင်လည်း ကိုယ်စားလှယ်ဦးရေ အများဆုံးပါဝင်သည့် ပါတီတစ်ခုဖြစ်သည်။ ယင်းကြောင့် ပြည်ထောင်စု လွှတ်တော်၌ အဆုံးအဖြတ် ခံယူရာတွင် ကြံ့ခိုင်ရေး ပါတီ၏ သဘောထားမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။ သို့သော် အချို့သော အခြေခံဥပဒေ ပုဒ်မများ ပြင်ဆင်ရာတွင် ပြည်ထောင်စု လွှတ်တော်ရှိ ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံ သဘောတူမှသာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ကာ ပြင်ဆင်ရမည် ဆိုသော အခြေခံ ဥပဒေ အခန်း(၁၂)ပုဒ်မ ၄၃၆(က)အရ အခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် တပ်မတော်သား ကိုယ်စားလှယ် အနည်းဆုံး တစ်ဦး ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီက စိစစ်တွေ့ရှိချက် များကို အခြေခံပြီး ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ကန့်ကွက် မည်မဟုတ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဝေလင်းက ဒီဇင်ဘာ ဒုတိယပတ်တွင် ပြောဆိုထားသည်။ The Voice Weekly
ဆက်ဖတ်ရန်...
12:30

ပအိုဝ်းနီလို ခေါ်တဲ့ ပအိုဝ်;

ပအိုဝ်းနီလို့ဆိုတာ အနီရောင်အင်္ကျီဝတ်တဲ့ အတွက် ပအိုဝ်းနီလို့ လူအများ ခေါ်ကြပါတယ်။ ဘာသာစကား ၊ ပြောပုံဆိုပုံမှာတော့ လူများစု မဲနက်ရောင် ၀တ်စုံဝတ်တဲ့ ပအိုဝ်းတိုင်းရင်းသားအတိုင်းပါပဲ။ ပအိုဝ်းနီလို ခေါ်တဲ့ ပအိုဝ်တွေကို မဲ့ဟောင်ဆောင်ဘက် ရွာအချို့မှာ တွေ့ရတယ်လို့ ဆိုပါတယ်။ လူဦးရေအားဖြင့် ၁၀၀၀ ၀န်းကျင်ခန့်သာ ရှိပါတယ်။ ပအိုဝ်းနီ မဟုတ်တဲ့ မဲနက်ရောင်ဝတ် ပအိုဝ်းရွာတွေကိုလည်း မဲ့ဟောင်ဆောင်ဘက်မှာ ရွာ ၆ ရွာလောက် တွေ့နိုင်ပါတယ်။ အများစုမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြကုန်ပါပြီး။ အင်္ကျီအနီရောင်ဝတ်တဲ့ ပအိုဝ်းနီတွေကို မြန်မာပြည်ရှိ မိုင်းပန်၊ ဟိုမုန်း၊ လင်းခေး အနီးတွင်လည်း တွေ့ရတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ပဲုင်မြို့နယ်လည်း တွေ့နိုင်တယ်။
ပအိုဝ်းတွေ ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ဘက်သို့ ရွာအလိုက် ပြောင်းရွှေ့အခြေချခဲ့သည့် အကြောင်းအရင်း များမှာ ၁၉၆၂ ခုနှစ်အတွင်း မြန်မာပြည် ပြည်တွင်းစစ်မီးနှင် တိုင်းရင်းသား နိုင်ငံရေး ပဋိပက္ခများကြောင့်ဟု တော်လှန်ရေး သမိုင်းများက ဆိုပါတယ်။ သို့ပေမယ့် ပအိုဝ်းတွေ ထိုင်းနိုင်ငံမှာ ဒီထက်စောတဲ့အချိန်၊ မြန်မာပြည်လွတ်လပ်ရေး မရခင် ကာလအတွင်း ရောက်ရှိအခြေချတာ ရှိခဲ့ပြီးလို့ သမိုင်းတွေမှာ ဖော်ပြတာတွေ ရှိပါတယ်။ အရင်တုန်းက ပအိုဝ်းတွေ ကုန်ကူးသန်းရောင်းဝယ်လုပ်ရင် ထိုင်းနိုင်ငံကို အစောပိုင်း ရောက်ရှိနေပြီးလို့ အချို့သော ထိုင်းသမိုင်းမှာ တွေ့ရလေ့ရှိပါတယ်။ အချို့ရှိရင် မွန်၊ ရှမ်း၊ ဗမာတိုင်းရင်းသားများနှင့်အတူ ကမ္ဘောဒီးယား ထိတောင်သို့ ကုန်ကူးရင်း ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။ ထိုင်းသမိုင်းမှာလည်း ပအိုဝ်းကို တောင်သူ-တောင်စူလို့ အများအားဖြင့် သိကြပါတယ်။ ချင်းမိုင်မြို့ ၀ပ်နောင်ခမ်း ဘုန်းကြီးကျောင်းကလည်း ပအိုဝ်းတွေ ထိုင်းနိုင်ငံကို အစောပိုင်းက ရောက်လာတယ်ဆိုတာ ရှေ့ဟောင်း သင်္ကေတခုပါ။ မဲဆောက်တွင်လည်း ပအိုဝ်းများ ဆောက်လုပ်ထားတဲ့ မယ်တော်ကြီး ဘုန်းကြီးကျောင်းကိုလည်း တွေ့မြင်နိုင်ပါတယ်။ ယနေ့အချိန်မှာ ထိုင်းနိုင်ငံကလည်း ပအိုဝ်းအကြောင်း သတင်းမှတ်တမ်းလုပ်တာတွေ၊ စာတမ်းတင် သုတေသနလုပ်တာတွေကို အတွေ့များလာ နေရပါတယ်။ ထိုင်းနိုင်ငံကို နောက်ပိုင်း မှ ရောက်ရှိလာတဲ့ ပအိုဝ်းတိုင်းရင်းသားများကြောင့်လည်း အရင်ရှိပြီးသား ပအိုဝ်းတွေရဲ့နေထိုင်မှု၊ တိုင်းရင်းသား ဖြစ်မှုတွေကို ထိုင်းနိုင်ငံရှိ လူအများက ပိုပြီး စိတ်ဝင်စား၊ လက်ခံလာစေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ From Face book
ဆက်ဖတ်ရန်...
15:12

အဝေးသင် တက္ကသိုလ်များကို နိုင်ငံတကာအဆင့် တိုးမြှင့်ရန် ဆွေးနွေး

အဝေးသင် တက္ကသိုလ်များ သင်ကြားရေးအတွက် ဘာသာရပ်များ တိုးချဲ့သွားမည့်အပြင် အွန်လိုင်း သင်ကြားမှုကို ပိုမိုအသုံးပြုရန် ဆွေးနွေးနေကြောင်း၊ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ အခြေစိုက် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက ရေးဆွဲနေသော အဆင့်မြင့် ပညာရေး မူဝါဒတွင် အဆိုပါ တက္ကသိုလ်များကို ပညာသင်ယူမှု အခွင့်အလမ်း ပိုရနိုင်သော Open University အဖြစ် ပြောင်းလဲသွားရန် ထည့်သွင်းထားကြောင်း ၎င်း ထပ်လောင်း ပြောကြားသည်။ “တက္ကသိုလ်ဝင်ခွင့်ရော၊ ဆရာခန့်ထားရေး ပိုင်းတွေရော အခုမှဆွေးနွေးနေတုန်း ရှိသေးတယ်” ဟု ပါမောက္ခချုပ် ဒေါက်တာလှတင့်က ဆက်လက်ပြောဆိုသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူ ငါးသောင်းနီးပါး နှစ်စဉ် တက်ရောက်လျက်ရှိသော ရန်ကုန်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်များကို နိုင်ငံတကာ အဝေးသင် ပညာရေး အဆင့်တိုးမြှင့်နိုင်ရန် သင်ကြားနည်းနှင့် အကဲဖြတ် စိစစ်ခြင်းတို့ကို အဆင့်မြင့် ပညာရေး တာဝန်ရှိသူများ၊ အစိုးရအဖွဲ့များနှင့် ဆွေးနွေးနေကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က The Voice သို့ ပြောကြားသည်။ အဝေးသင် တက္ကသိုလ်များ သင်ကြားရေးအတွက် ဘာသာရပ်များ တိုးချဲ့သွားမည့်အပြင် အွန်လိုင်း သင်ကြားမှုကို ပိုမိုအသုံးပြုရန် ဆွေးနွေးနေကြောင်း၊ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ အခြေစိုက် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက ရေးဆွဲနေသော အဆင့်မြင့် ပညာရေး မူဝါဒတွင် အဆိုပါ တက္ကသိုလ်များကို ပညာသင်ယူမှု အခွင့်အလမ်း ပိုရနိုင်သော Open University အဖြစ် ပြောင်းလဲသွားရန် ထည့်သွင်းထားကြောင်း ၎င်း ထပ်လောင်း ပြောကြားသည်။ “တက္ကသိုလ်ဝင်ခွင့်ရော၊ ဆရာခန့်ထားရေး ပိုင်းတွေရော အခုမှဆွေးနွေးနေတုန်း ရှိသေးတယ်” ဟု ပါမောက္ခချုပ် ဒေါက်တာလှတင့်က ဆက်လက်ပြောဆိုသည်။ မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေးတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၏ သုံးပုံတစ်ပုံ နီးပါးသည် အဝေးသင် တက္ကသိုလ်များကို မှီခိုနေရသော်လည်း ရရှိခဲ့သော ဘာသာရပ်ဆိုင်ရာ ဘွဲ့လက်မှတ်များမှာ လုပ်ငန်းခွင်နှင့် တိုက်ရိုက် ချိတ်ဆက်ရန် အခက်အခဲများစွာ ရှိနေသေးသည်။ အဝေးသင် တက္ကသိုလ်များတွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစား အားထုတ်မှုပိုင်း လျော့နည်းလာမှုကြောင့် ယခုပညာသင်နှစ် စာမေးပွဲမှ စတင်ကာ အောင်ချက် ရာခိုင်နှုန်းကို တင်းကျပ်စွာ ကိုင်တွယ်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။ The Voice Weekly
ဆက်ဖတ်ရန်...