10:29

အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်ခြင်း

ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဆီဆိုင်ဆက်ဆံရေးရုံး၊ ဆီဆိုင်မြို့တွင် ဆက်ဆံ ရေးရုံးဝန်ထမ်းများ မှ ဦးစီးကျင်းပပြုလုပ်ပေးသော နွေရာသီအခြေခံကွန်ပျူတာသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီနေ့ နံနက်ပိုင်းအချိန်တွင် သံဃာတော်နှင့်တကွ PNLO အဖွဲ့ချုပ် ဗဟိုရုံးချုပ်ကိုယ်စားလှယ် များ၊ မဟာမိတ် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများဖြစ် စတင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဆီဆိုင်ဆက်ဆံရေးရုံး၊ ဆီဆိုင်မြို့တွင် ဆက်ဆံ ရေးရုံးဝန်ထမ်းများ မှ ဦးစီးကျင်းပပြုလုပ်ပေးသော နွေရာသီအခြေခံကွန်ပျူတာသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီနေ့ နံနက်ပိုင်းအချိန်တွင် သံဃာတော်နှင့်တကွ PNLO အဖွဲ့ချုပ် ဗဟိုရုံးချုပ်ကိုယ်စားလှယ် များ၊ မဟာမိတ် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများဖြစ် စတင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ၎င်း အခမ်းအနားကို သံဃာတော်နှင့်တကွ PNLO အဖွဲ့ချုပ် ဗဟိုရုံးချုပ်ကိုယ်စားလှယ်များ၊ မဟာမိတ် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးအုပ်ချုပ်ရေး မှူးများနှင့် ရပ်မိရပ်ဖ ကိုယ်စားလှယ်တော် အသီးသီး အားပေးစကားများဖြင့် တက်ရောက် ချီးမြှင့်ပေးခဲ့ကြပါ သည်။ တက်ရောက်လာသော ကိုယ်စားလှယ်တော်များ အားပေးစကားပြောကြားရာတွင် “ယနေ့ခောတ် သည် နည်းပညာတိုးတက်သောခောတ်ဖြစ်၍ ကွန်ပျူတာသင်တန်းသည် ယနေ့ခေါတ်ရေစီးကြောင်းအရ မရှိမဖြစ် လိုအပ်ကြောင်း၊ ယနေ့ခေါတ်လူငယ်များသည်လည်း နိုင်ငံတကာနှင့်ယှဉ်ပေါင်တန်းနိုင်အောင် နည်းပညာရပ် များဆိုင်ရာကျွမ်းကျင်မှုများစွာ အထောက်အကူဖြစ်နိုင်ပါကြောင်း ဦးစီးဦးဆောင်ဖွင့် လှစ်ပေးသော PNLO ဆီဆိုင်ဆက်ဆံရေးရုံးကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊ ဒီထက်မက တခြားသော နည်းပညာပိုင်းဆိုင်ရာ သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးပါရန် လိုအပ်ပါကြောင်း၊ ကွန်ပျူတာပ ညာကိုလေ့လာသင်ယူ နေသော သင်တန်းသူ/သားများလည်း ကြိုးစားကြရန် လိုအပ်ပါကြောင်း နှင့် နည်းပညာတခုခုသင်ကြားသည့် အခါတွင် ဆရာ/မ များ၊ သင်တန်းသူ /သားများနှင့် ရပ်မိရပ်ဖများ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုလိုအပ်ပါကြောင်း၊ အခက်အခဲများတစုံတရာရှိခဲ့မယ်ဆိုရင်လည်း အတူတကွ ဝိုင်းဝန်းပူးပေါင်းဖြေရှင်းကြပါကြောင်း” အသီးသီး တက်ရောက် အားပေးချီးမြှင့်ခဲ့ကြပါသည်။ အဲဒီနောက် ဆက်ဆံရေးရုံးတာဝန်ခံက ကွန်ပျူတာသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်များကို ရှင်းလင်း တင်ပြခဲ့ကြရာ အခမ်းအနားကို နံနက် ၁၁နာရီကျော်အချိန်ခန့်တွင် မှတ်တမ်းဓာတ်ပုံရိုက်ကူး ခြင်းဖြင့် အခမ်း အနားကို ပြန်လည်ရုပ်သိမ်းခဲ့ကြသည်ဟု ဆီဆိုင်မီဒီယာ (Hsi Hseing Media) သတင်းအရ သိရှိရပါသည်။
ဆက်ဖတ်ရန်...
15:00

ဒီမိုကရေစီ စနစ်အတွက် မရှိမဖြစ်သည့် လိုအပ်ချက်

ကျွန်မတို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိစေချင်တယ်ဆိုတာဟာ နိုင်ငံသူနိုင်ငံသားများအားလုံးဟာ တရားဥ ပဒေရဲ့ အကာအကွယ်မှုအောက်မှာ လုံလုံခြုံခြုံနေနိုင်ခြင်းကို ကျွန်မတို့ ဦးတည်တာကို ပြောတာပါ။ တရားဥပဒေဆိုတာ ဟာတရားမျှတရမယ်၊ ကောင်းမွန်တဲ့သက်ရောက်မှုရှိနိုင်တဲ့ ဥပဒေတွေရှိရမှာ ဖြစ်ပါ တယ်။ ကျွန်မတို့တရားစီရင်ရေး မဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊ ထိရောက်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ တရားစီရင်ရေးနှင့်ပတ်သက်လို့ ဆိုလို့ရှိရင် တရားမျှတမှုရှိရမယ်၊ နိုင်ငံတကာလက်ခံထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။ တရားမျှတမှုဆိုတာဟာ မျှတတဲ့တရားစီရင်ခြင်း ဆိုတဲ့ အဆိုရှိပါတယ်။ လုပ်ရုံနဲ့မပြီးဘူး၊ လုပ်ပါတယ်ဆိုတာ ထင်ရှားရမယ်။ တရားမျှတရုံနဲ့ မလုံလောက်ဘူး၊ တရားမျှတခြင်းရှိပါတယ်ဆိုတာ ထင်သာမြင်သာဖြစ်ရပါလိမ့်မယ်”
လူ့အဖွဲ့အစည်းတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးနှင့် နေ့စဉ်လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် တရား ဥပဒေ စိုးမိုးရေးက အရင်းခံဖြစ်သည်။ တရားဥပဒေစိုးမိုးရေးတွင် နိုင်ငံသူနိုင်ငံသားများ ဥပဒေဗဟု သုတ ပြည့်စုံမှု၊ ဥပဒေအသိရှိမှုတို့ကလည်း အရေးပါသည်။ ဥပဒေဟူသည် စည်းမျဉ်း၊ စည်းကမ်း၊ ညွန်ကြားချက်၊ ကန့်သတ်ချက် တစ်မျိုးဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ရပ် တည်ငြိမ်အေးချမ်းရေးအတွက် စည်းနှောင်ပေးသောအရာလည်း ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး (Rule of Law) နှင့်စပ်လျဉ်း၍ ရှု့ထောင့် အမျိုးမျိုး၊ အယူအဆ အမျိုးမျိုးတို့ ရှိကြ သည်။ အနှစ်သာရ အားဖြင့်မူ-
 (၁) ပြည်သူပြည်သားများ၏ ဘဝငြိမ်း ချမ် သာယာရမည်။
 (၂) စီးပွားကုန်သွယ်မှုများ စည်ပင်ဝပြောရမည်။
 (၃) အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးကောင်းမွန်ချောမွေ့စေရမည်။
 (၄) လူမှုရေးဆိုင်ရာ ပြဿနာများကို တရားဥပဒေဖြင့် တရားမျှတစွာ ဆုံးဖြတ်ဖြေရှင်းပေးနိုင်ရမည်။
 (၅) လူလူချင်းပဋ္ဋိပက္ခဖြစ်ပွားမှု၊ အကြမ်းဖက်မှုများကို ရန်တုံ့ပြန်ခြင်းမပြုဘဲ တရားဥပဒေအရ ဖြေရှင်းပေး နိုင်ရမည်။
 (၆) သွေးထွက်သံယိုမှုများ၊ မင်းမဲ့စရိုက်အခြေအနေများကို တရားဥပဒေအရ တားမြစ်နိုင်ရမည်။
 (၇) စီးပွားကုန်သွယ်မှု ချောမွေ့စေရန် လိုအပ်သော တရားဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင် ရွက်ပေးရမည်။ ပဋ္ဋိညာဉ်များကို လေးစားလိုက်နာကြရမည် ဟူ၍ဖြစ်သည်။
ဆိုခဲ့ပါ အချက်များကို လေ့လာကြည့်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးတွင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့်တကွ ပြည်သူများ၏ အခန်းကဏ္ဍပါ အားလုံးပါဝင်နေကြ သည်ကိုတွေ့မြင်ရမည် ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က “ ကျွန်မတို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိစေချင်တယ်ဆိုတာဟာ နိုင်ငံသူနိုင်ငံ သားများအားလုံးဟာ တရားဥပဒေရဲ့ အကာအကွယ်မှုအောက်မှာ လုံလုံခြုံခြုံနေနိုင်ခြင်းကို ကျွန်မတို့ ဦးတည်တာကို ပြောတာပါ။ တရားဥပဒေဆိုတာ ဟာတရားမျှတရမယ်၊ ကောင်းမွန်တဲ့သက်ရောက်မှု ရှိနိုင်တဲ့ ဥပဒေတွေရှိရမှာ ဖြစ်ပါတယ်။ ကျွန်မတို့တရားစီရင်ရေး မဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊ ထိရောက်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ တရားစီရင်ရေးနှင့်ပတ်သက်လို့ ဆိုလို့ရှိရင် တရားမျှတမှုရှိရမယ်၊ နိုင်ငံတကာလက်ခံထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။ တရားမျှတမှုဆိုတာဟာ မျှတတဲ့တရားစီရင်ခြင်း ဆိုတဲ့ အဆိုရှိပါတယ်။ လုပ်ရုံနဲ့မပြီးဘူး၊ လုပ်ပါတယ်ဆိုတာ ထင်ရှားရမယ်။ တရားမျှတရုံနဲ့ မလုံလောက် ဘူး၊ တရားမျှတခြင်းရှိပါတယ်ဆိုတာ ထင်သာမြင်သာဖြစ်ရပါလိမ့်မယ်” ဟူ၍ မိန့်ကြားခဲ့ဖူးသည်။ ဒီမိုက်ရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည့် မိမိတို့နိုင်ငံအဖို့ တရားဥပဒေစိုးမိုးရေးမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ တစ်နည်းအားဖြင့် တရားဥပဒေစိုးမိုးရေးသည် ဒီမိုကရေစီစနစ်၏ အဆက်သွေးကြော လည်း ဖြစ်သည်။ မိမိတို့ ဖော်ဆောင်ကြိုးပမ်းနေကြရသည့် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နိုင်ငံ ရေးရာ ကိစ္စအဝဝတို့အတွက်လည်း တရားဥပဒေစိုးမိုးရေးက အရေးပါသည်။ အထက် တွင်ဖော်ပြခဲ့သော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အနှစ်သာရ (၇) ရပ်ကို နိုင်ငံသူ နိုင်ငံသားတိုး ခံစားရရှိနိုင် သည့် အခြေအနေဆီသို့ ရောက်ရှိနိုင်ရန်မှာ အောက်ခြေအဆင့်တွင်ရှိနေသော တရားရုံး၊ ဥပဒေရုံး၊ တရား သူကြီး၊ ဥပဒေအရာရှိ၊ ရဲစခန်း၊ ရဲအရာရှိများမှ အစပြုကာ ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊ တရားစီရင်ရေးတည်း ဟူသော နိုင်ငံတော်၏မဏ္ဍိုင်ကြီး (၃) ရပ်လုံးက ဝိုင်းဝန်းဖော်ဆောင်သွားကြရမည်ဖြစ်သကဲ့သို့ တည်ဆဲတရား ဥပဒေဟူသမျှကို လေးစားလိုက်နာကြရန်မှာလည်း နိုင်ငံသူ နိုင်ငံသားအားလုံး၏ တာဝန် ပင်ဖြစ်သည်ဟု တင်ပြအပ်ပါကြောင်း။ ။
                                                                 မြန်မာ့အလင်းတွင်း ကူးယူဖော်ပြပါသည်……
ဆက်ဖတ်ရန်...
15:57

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) “ ဒုတိယအကြိမ်ညီလာခံ၏ ထုတ်ပြန်ကြေညာချက် ” (၀၁/ ၂၀၁၈)

(၁) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယအကြိမ်ညီလာခံကို PNLO ၏ ဗဟိုဌာနချုပ် (ကဒူးကြီးဒေသ)၌ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၄)ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ ယင်းညီလာခံသို့ ရဟန်းသံဃာတော်များ၊ ရှမ်းပြည်နယ်၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ပအိုဝ်းအမျိုးသားဒေသများမှ ကိုယ်စားလှယ်များ၊ နယ်စပ်ဒေ သမှ လူထုကိုယ်စားလှယ်များ၊ PNLO ၏ ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များနှင့် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ တပ်ဗိုလ်တပ်မှူးများ၊ အထူးဖိတ်ကြားသူများ၊ မဟာမိတ်အဖွဲ့ အစည်းအသီးသီးမှခေါင်းဆောင်ကိုယ်စားလှယ်များနှင့် ပအိုဝ်းလူထုအခြေပြုလူမှုအဖွဲ့အစည်း များမှ လေ့ လာသူများအပါအ၀င် စုစုပေါင်း(၂၂၃)ဦးစုံညီစွာတက်ရောက်ခဲ့ပါသည်။
(၂) ယခုကဲ့သို့ ကျင်းပပြီးစီးခဲ့သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ ဒုတိယအကြိမ် ညီလာခံသို့ ဗဟိုကော်မတီမှ တင်သွင်းသော နိုင်ငံရေးအစီရင်ခံစာနှင့် ဘဏ္ဍာရေးအစီရင်ခံစာအပါအ၀င် လုပ်ငန်းအစီရင်ခံစာများကိုလည်းကောင်း၊ အဖွဲ့ချုပ်၏ မူ၊ ၀ါဒ၊ လမ်းစဉ်နှင့် လုပ်ငန်းစဉ်များကိုလည်း ကောင်း၊ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နည်းဥပဒေများကိုလည်းကောင်း ပြင်ဆင်ဖြည့်စွက်ချက်များ နှင့်အတူ အတည်ပြုပြဌာန်းနိုင်ခဲ့ပါသည်။ ထို့အပြင် အဖွဲ့ချုပ်၏ဒုတိယအကြိမ်ညီလာခံသက်တမ်းကာလ အတွင်း လုပ်ဆောင်သွားမည့် ရှေ့လုပ်ငန်းစဉ်များကိုလည်းတညီတညွတ်တည်းချမှတ်နိုင်ခဲ့သည်။ (၃) ဆက်လက်၍ ဒုတိယအကြိမ်ညီလာခံကြီးကပင် အဖွဲ့ချုပ်ကိုဆက်လက်ဦးဆောင်ရမည့် ဗဟိုအလုပ်အမှု ဆောင်(၇)ဦးအပါအ၀င် ဗဟိုကော်မတီဝင်(၁၇)ဦးကိုဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သည်။ ရွေးကောက်ပွဲရလဒ်ကိုလည်း ညီလာခံကြီးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုခဲ့ပြီး ထို့အပြင် အဖွဲ့ချုပ်၏ မူ၊ ၀ါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များကို တည့်မတ်ထိန်းကြောင်းပေးရန် ဦးဆောင်နာယက တစ်ဦးကိုလည်း ယခင်အတိုင်း ဆက်လက်တာဝန်ပေးအပ်ခဲ့သည်။

(၄) ယင်းညီလာခံမှ အတည်ပြုပေးလိုက်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဦးဆောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(က) ဥက္ကဋ္ဌ - ဗိုလ်မှူးကြီးခွန်သူရိန်
(ခ) ဒုတိယဥက္ကဋ္ဌ - ဖြားခွန်မြင့်ထွန်း
(ဂ) အထွထွေအတွင်းရေးမှူး - ဒုတိယဗိုလ်မှူးကြီးခွန်အောင်မန်း
(ဃ) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) - ခွန်ထွန်းတင်
(င) တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) - ဗိုလ်မှူး ခွန်သောမတ်(စ်)

 (၅) PNLO သည် NCA အပေါ် အခိုင်အမာရပ်တည်ပြီး အကောင်အထည်ဖော်မှုကို အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်သွားမည့်အပြင် ဖွဲ့စည်းထားသောအစုအဖွဲ့များတွင် မိမိတို့အဖွဲ့ချုပ်၏ တာဝန်ယူမှုကို မူလအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ ဆက်လက်ကျင်းပနိုင်ရေးအတွက်လည်း အလေးအနက် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။ (၆) နိဂုံးချုပ်အနေဖြင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး နှင့် ပြည်ထောင်စုညီညွတ်ရေးဖြင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရေးနည်းလမ်းကို အလိုအပ်ဆုံးနှင့် အကောင်းဆုံးနည်းလမ်းအဖြစ် ခံယူ၍ အကြေအလည်ညှိနှိုင်းဆွေးနွေးမှုများဖြင့် အားလုံးလက်ခံနိုင်မည့် ပြည်ထောင်စုသဘောတူစာချုပ်ရရှိရေးကို PNLO က ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုမှတဆင့် ပြည်နယ်သစ်များပေါ်ထွန်းခွင့်ရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကို ပအိုဝ်းပြည်သူများအပါအ၀င် ပြည်ထောင်စုဖွားညီအစ်ကိုမောင်နှမများနှင့်အတူတကွ ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။


“အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေး ပြည့်ဝသောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသို့ -“




ဆက်သွယ်ရန် -                                                       
(၁) ဒုတိယဗိုလ်မှူးကြီးခွန်အောင်မန်း (အထွေထွေထွေအတွင်းရေးမှူး) - 09784629316
(၂) ခွန်ထွန်းတင် (တွဲဖက်အထွေထွေအတွင်းရေးမှူး-၁) - 09250201008
 






ဗဟိုကော်မတီ
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်
နေ့စွဲ - ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၅)ရက်။
 
 

ဆက်ဖတ်ရန်...
08:53

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO သတင်းထုတ်ပြန်ချက် (၁/၂၀၁၇)

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့၏ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆို နိုင်ရန် PNLO ကိုယ်စားလှယ်အဖွဲ့အား ထိုင်း-မြန်မာနယ်စပ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးရန် ကိုမင်းဦးအားတာဝန်ပေး အပ်ခဲ့ဘူးပါသည်။
၁။ “၂၁၊ ၉၊ ၂၀၁၇ ရက်နေ့ ၂၁း၅၅ အချိန်၊ ရန်ကုန်တိုင်း မူးယစ်အထူး ၄၁ မှ ရဲမှူးမြင့်အောင် ဦးဆောင် သည့်အဖွဲ့ သည်မူးယစ်ဆေးဝါးသတင်းအရ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ လေဆိပ်ရိပ်သာလမ်း၊ အမှတ် ၁၈/၂၀ ရှိ Air port Inn အခန်း B.6 တွင် ဝင်ရောက်ရှာဖွေရာ အခန်းတွင်း၌ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် PNLO မှ လုံခြုံရေးနှင့်သယ်ယူပို့ဆောင်ရေးတာဝန်ခံ ခွန်မင်းဦး ၄၃နှစ်၊ နှင့် အမျိုးသမီးငယ် စိစစ်ဆဲတို့ ၁ ဦးအားတွေ့ရှိရပြီး အခန်း တွင်းမှ ပစ္စတို ၁လက်၊ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မူးယစ်ဆေးဝါး Ice အချို့ အလေးချိန်စိစစ်ဆဲတို့အား ရှာဖွေ တွေ့ရှိကြောင်း ” လူမှုကွန်ယက်သတင်းများတွင် တွေ့ရှိရပါသည်။ ၂။ အဆိုပါ ကိုမင်းဦး ဆိုသူသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ တပ်ဖွဲ့ဝင်တစ်ဦး (သို့မဟုတ်) အဖွဲ့ဝင် တစ်ဦး လုံးဝမဟုတ်ခဲ့ပါ။ PNLO၏ “လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးတာဝန်ခံ” ဖြစ်သည်ဟု ထွက်ဆို ခြင်းမှာ လုံးဝမှန် ကန်မှုမရှိပဲ PNLO အား ခုတုံးလုပ်အသုံးချခြင်းသာဖြစ်ပါသည်။ ထို့အပြင် PNLO တာဝန်ရှိသူများထံမှ တရားဝင် အတည်ပြု ချက်တစုံတရာ မရရှိသေးပဲ ကိုမင်းဦးသည် PNLO၏ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးတာဝန်ခံဖြစ်သည်ဟု သက်ဆိုင်ရာ များက တဖက်သတ်မှတ်ယူ၍ သတင်းထုတ်ပြန်လိုက်ခြင်းသည် NCA အကောင်အထည်ဖော်မှုနှင့်အတူ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် တရပ်လုံးတွင် အစိုးရ တပ်မတော်တို့နှင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်နေသော မိမိတို့ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် PNLO၏ ဂုဏ်သိက္ခာအား တစုံတရာ ထိခိုက်စေသော လုပ်ရပ်ဖြစ်ပါသည်။ ၃။ ၂၀၁၃ ခုနှစ်မတ်လ (၂၃) ရက်နေ့တွင်ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ၌ ကျင်းပပြုလုပ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့၏ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆို နိုင်ရန် PNLO ကိုယ်စားလှယ်အဖွဲ့အား ထိုင်း-မြန်မာနယ်စပ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးရန် ကိုမင်းဦးအားတာဝန်ပေး အပ်ခဲ့ဘူးပါသည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲခရီးစဉ်တစ်ခုတည်းအတွက်သာ ခရီးစဉ်လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေး တာဝန်ခံအဖြစ် ထိုစဉ်က အဖွဲ့ချုပ်ဥက္ကဌနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်ဖြစ်သူ ဗိုလ်မှူး ကြီးခွန်ဥက္ကာက လက်မှတ်ရေးထိုး တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုတာဝန်ပေးခန့်အပ်စာတွင် “. . . ထိုကိုယ်စား လှယ် အဖွဲ့၏ မြဝတီ၊ဖားအံ၊ သထုံ၊ ရန်ကုန် ခရီးစဉ်အတွက် “လုံခြုံရေးနှင့် သယ်ယူပို့ ဆောင်ရေးတာဝန်ခံ ” အဖြစ် အဖွဲ့ဝင် ခွန်မင်းဦးအား တာဝန်ပေးအပ်ထားကြောင်း . . .” ဖော်ပြလျှက် ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်ဖြင့်၎င်း၊ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်၏ လုပ်ပိုင်ခွင့်ဖြင့်၎င်း ယာယီတာဝန်ပေးခန့်အပ်ခဲ့ခြင်းသာ ဖြစ်ကြောင်းကို ထိုစဉ်က PNLO ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ဗဟိုကော်မတီဝင်များအပါအဝင် PNLOခေါင်းဆောင်များအား ရှင်းလင်းအသိပေးခဲ့ပါ သည်။ ထို့အပြင် ၂၀၁၃ ခုနှစ်အကုန် ၂၀၁၄ နှစ်ဦးပိုင်းမှ စ၍ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ပုဂ္ဂိုလ်ရေး အထောက်အကူ တာဝန်အပါအဝင် မည်သည့်တာဝန်ကိုမျှပေးအပ်ခြင်း မရှိတော့ပဲ ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့်လည်းကောင်း PNLO နှင့်လည်းကောင်း လုံးဝပတ် သက်ဆက်နွယ်မှု မရှိတော့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ၄။ ထို့ကြောင့် မှုးယစ်ဆေးဝါး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရသူ ကိုမင်းဦး (၄၃) နှစ်သည်မိမိတို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် လုံးဝပတ်သက်မှု မရှိကြောင်းနှင့် ၎င်းကျူးလွန်သော ပြစ်မှုများကို ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန်သာဖြစ်ပါကြောင်း ရှင်းလင်းထုတ်ပြန်အပ်ပါသည်။ ဗဟိုကော်မတီ ၂၀၁၇ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO
ဆက်ဖတ်ရန်...
11:28

ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့ဆုံ

ဒီအတောအတွင်းမှာပဲ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် စီချွမ်ပြည်နယ် ချန်ဒူးလေဆိပ်ကို မနေ့က ရောက်ရှိသွားခဲ့ရာမှာ ဒုတိယမြို့တော်ဝန်က ကြိုဆိုကြောင်းနဲ့ ပြည်နယ်ပါတီအတွင်းရေးမှူးက ညစာနဲ့ တည်ခင်းဧည့်ခံကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ၊ သမ္မတ ဦးထင်ကျော် တရုတ်ြ ပည်ရောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သမ္မတ အိမ်တော်မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးတယ်လို့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောပေမယ့် အသေးစိပ်မသိရပါဘူး။ ဒီအတောအတွင်းမှာပဲ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် စီချွမ်ပြည်နယ် ချန်ဒူးလေဆိပ်ကို မနေ့က ရောက်ရှိသွား ခဲ့ရာမှာ ဒုတိယမြို့တော်ဝန်က ကြိုဆိုကြောင်းနဲ့ ပြည်နယ်ပါတီအတွင်းရေးမှူးက ညစာနဲ့ တည်ခင်းဧည့် ခံကြောင်း သိရပါတယ်။ တရုတ်သမ္မတရှီဂျင်းပင်ရဲ့ဖိတ်ကြားချက်အရ သွားရာက်တဲ့ ဒီခရီးစဉ်အတွင်း စာချုပ် ၆ ခုခန့် လက်မှတ်ရေးထိုးဖွယ်ရှိတယ်လို့ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။ သမ္မတ ဦးထင်ကျော်ဟာ ဒီခရီးစဉ်အတွင်း မြစ်ဆုံရေကာတာစီမံကိန်း ကိစ္စကို တရုတ်သမ္မတနဲ့ ဆွေးနွေးလိမ့် မယ်လို့ သတင်းထွက်ပါတယ်။ တရုတ်ပြည်အနေနဲ့ မြန်မာအစိုးရထံက စီးပွားရေးနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ တခြားအကျိုးခံစားခွင့်တွေ ရရှိမယ်ဆိုရင် မြစ်ဆုံရေကာတာစီမံကိန်းကို ဖျက်သိမ်းလိုတယ်လို့ ရိုက်တာသတင်းဌာနက ဧပြီ ၅ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ ဦးကျော်ဇေယျကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဖွဲ့ထားတဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို စောင့်ပါလို့ပဲ ပြောပါတယ်။ ဒီအတွင်း တရုတ် သမ္မတ ရှီဂျင်းပင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖလော်ရီ ဒါပြည်နယ်ကို ပြီးခဲ့တဲ့ နာရီအနည်းငယ်က ရောက်ရှိလာရာမှာ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရက်ခ် တီလာဆန်က တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ ကန် နဲ့ တရုတ် သမ္မတ ၂ ဦး ဒီကနေ့ ညစာ အတူတူသုံးဆောင်ပြီး သောကြာနေ့မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီဂျင်းပင်နဲ့ မြန်မာသ မ္မတ ဦးထင်ကျော်တို့ တွေ့ဆုံမယ့် နေ့ရက်ကိုတော့ မသိရသေးပါဘူး။ Post From RFA
ဆက်ဖတ်ရန်...
11:11

တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးပါတဲ့ ညီလာခံကျင်းပဖို့ UNFCဆွေးနွေး

ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ သတင်း တစုံတရာ မထုတ်ပြန်ခဲ့ပေမယ့် ပန်ဆန်းညီလာခံကို UNFC အဖွဲ့ဝင်တချို့ သွားတက်ခဲ့ကြတဲ့ ကိစ္စ၊ UNFC အဖွဲ့ဝင် ၅ဖွဲ့ NCA လက်မှတ်ထိုးမယ် ဆိုတဲ့ သတင်း၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး ပြန်လည် တွေ့ဆုံနိုင်တဲ့ လော်ခီးလာလို၊ မိုင်ဂျာယန်လို ညီလာခံမျိုးကို အခုရက်ပိုင်းအတွင်း ပြန်ကျင်းပနိုင်ရေးတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေးကို အနီးကပ် စောင့်ကြည့်နေတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိန်းက ဘီဘီစီကို ပြောပါတယ်။
လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီလ ၄ ရက်နေ့ကနေ ၂ရက်ကြာ ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCရဲ့ အထူးအစည်းအဝေး ပြီးဆုံးသွားပါပြီ။ ဒီအစည်းအဝေးဟာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ အဓိက တွေ့ဆုံ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ သတင်း တစုံတရာ မထုတ်ပြန်ခဲ့ပေမယ့် ပန်ဆန်းညီလာခံကို UNFC အဖွဲ့ဝင်တချို့ သွားတက်ခဲ့ကြတဲ့ ကိစ္စ၊ UNFC အဖွဲ့ဝင် ၅ဖွဲ့ NCA လက်မှတ်ထိုးမယ် ဆိုတဲ့ သတင်း၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး ပြန်လည် တွေ့ဆုံနိုင်တဲ့ လော်ခီးလာလို၊ မိုင်ဂျာယန်လို ညီလာခံမျိုးကို အခုရက်ပိုင်းအတွင်း ပြန်ကျင်းပနိုင်ရေးတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေးကို အနီးကပ် စောင့်ကြည့်နေတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိန်းက ဘီဘီစီကို ပြောပါတယ်။ UNFC အဖွဲ့ဝင်တွေ NCA လက်မှတ်ထိုးရေးက အများကြီး ဆွေးနွေး ရအုံးမှာ ဖြစ်ပြီး တောင်းဆိုထားတဲ့ အချက် ၉ချက်ထဲမှာ အချက် ၁ကနေ ၇ အထိ အချက်တွေကို အစိုးရဘက်က ပြတ်ပြတ်သားသား လက်ခံတာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။ UNFC အဖွဲ့အနေနဲ့ သူတို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတဲ့အတွက် ဝတပ်ဖွဲ့ဘက်က သွားတဲ့ လမ်းကြောင်းက ပိုဖြစ်လာနိုင်မလားဆိုတာကို တဖက်တလမ်းက စဉ်းစားနေပြီး အခု ဒီအစည်းအဝေး အပြီးမှာ ဝတပ်ဖွဲ့ဘက်နဲ့ အမြန်ဆုံး သွားတွေ့ဖို့ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။ Post from BBC
ဆက်ဖတ်ရန်...
10:21

မြောက်ကိုရီးယားကို ကုလ ရှုတ်ချ၊ EU တိုးချဲ့ပိတ်ဆို့

မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဂျပန်ပင်လယ်ထဲကို ဒုံးပျံတစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ တာဟာ ဒေသတည်ငြိမ်မှုကို ထိခိုက်စေတဲ့ ရန်စမှုဖြစ်တယ်လို့ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို နျုးကလီးယားနဲ့ ဒုံးပျံစမ်းသပ်မှုတွေ တားမြစ် ပိတ်ပင်ထားပါတယ်။
ဒီအတွင်းမှာပဲ ဥရောပ သမဂ္ဂ EU က မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ မနေ့က ထပ်မံတိုး ချဲ့လိုက်ပါတယ်။ အခုပိတ်ဆို့မှုမှာ မြောက်ကိုရီးယားအာဏာပိုင်တွေနဲ့ ပတ်သက်သူ လက်နက်အစီ အစဉ်တွေအတွက် ကူညီသူ ၄ ဦးကို နာမည်ပျက်စာရင်း ထည့်သွင်းခြင်းလည်း ပါဝင်ပါတယ်။ Post from RFA
ဆက်ဖတ်ရန်...
15:36

ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဆုံးဖြတ်

ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက် အရွေးခံနိုင်ရေး အဟန့်အတား ဖြစ်နေသဖြင့် ပြင်ဆင်ပေးရန် နိုင်ငံရေးပါတီ အချို့နှင့် အနောက်နိုင်ငံ အစိုးရအချို့က တောင်းဆိုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်မည်ဟု ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြား သည်။ ယင်းအချက်ကို ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီအစည်း အဝေးတွင် မဲခွဲ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်ကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက် အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။ ယင်းအချက်ကို ကြံ့ခိုင်ရေးပါတီက နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း မိမိ၏တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြင်ဆင်လိုက်ကြောင်း ဦးလှဆွေက ပြောကြားသည်။ "သားသမီး အတွက်ကတော့ ကန့်သတ်ချက် ဖြစ်နေသေးတယ်။ ချွေးမတွေ သမက်တွေကို လျှော့ပေးဖို့ ပါတီက လွှတ်တော်သို့တင်ပြမယ်။ ချွေးမတွေ သမက်တွေ နိုင်ငံခြားသားဖြစ်လို့ ပြဿနာ မရှိဘူးပေါ့။ ဒေါ်အောင်ဆန်းစုကြည်က သားတွေကို မြန်မာနိုင်ငံသား ခံယူပေးလိုက် ရင် သူ ၂၀၁၅ မှာ သမ္မတ ဖြစ်နိုင်သွားပြီ၊ သူ့အမျိုးသားက မရှိတော့ဘူး ဆိုတော့ ဘာမှပြောစရာ အကြောင်းမရှိတော့ဘူး" ဟု ဦးလှဆွေက ဆိုသည်။ ယင်းသို့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်သို့ တင်ပြပေးမည် ဟုဆိုသော်လည်း ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်မည် ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပုဒ်မ ၉၅ (စ) ပြင်ဆင်ခြင်း ရှိ မရှိကို စောင့်ကြည့်ရ ဦးမည် ဖြစ်ကြောင်း NLD ပါတီ၏ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဆိုသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်သော ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည်ကို အဟန့်အတား ဖြစ်နေသောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားထားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရရှိထားပြီး လွှတ်တော်တွင်း ကိုယ်စားလှယ်ဦးရေ အများဆုံး ရှိသည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ၂၅၉ ဦးနှင့် အမျိုးသား လွှတ်တော်တွင် ၁၂၉ ဦး ရှိသည့်အပြင် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင်လည်း ကိုယ်စားလှယ်ဦးရေ အများဆုံးပါဝင်သည့် ပါတီတစ်ခုဖြစ်သည်။ ယင်းကြောင့် ပြည်ထောင်စု လွှတ်တော်၌ အဆုံးအဖြတ် ခံယူရာတွင် ကြံ့ခိုင်ရေး ပါတီ၏ သဘောထားမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။ သို့သော် အချို့သော အခြေခံဥပဒေ ပုဒ်မများ ပြင်ဆင်ရာတွင် ပြည်ထောင်စု လွှတ်တော်ရှိ ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံ သဘောတူမှသာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ကာ ပြင်ဆင်ရမည် ဆိုသော အခြေခံ ဥပဒေ အခန်း(၁၂)ပုဒ်မ ၄၃၆(က)အရ အခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် တပ်မတော်သား ကိုယ်စားလှယ် အနည်းဆုံး တစ်ဦး ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီက စိစစ်တွေ့ရှိချက် များကို အခြေခံပြီး ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ကန့်ကွက် မည်မဟုတ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဝေလင်းက ဒီဇင်ဘာ ဒုတိယပတ်တွင် ပြောဆိုထားသည်။ The Voice Weekly
ဆက်ဖတ်ရန်...
12:37

ကိုရင်လေး စတေးပေးရပြန်ပြီ

ရှမ်းပြည်ဆိုတော့ တောင်းကြီးမှ မွတ်ဗုံးတွေဖြစ်လေမလား..သနားပါတယ် ကိုရင်လေး စတေးပေးရပြန်ပြီ..းးးး ==== ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ အနီးပေါက်ကွဲမှု ဖြစ်ပွား ==ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ၏ အရှေ့မြောက် ဘက် ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းခေါင်ကျေးရွာသွား လမ်းခွဲ အနီးတွင် ဒီဇင်ဘာ ၂၈ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပြီးအဝတ်ဖြင့် ပတ်ထားသော အထုပ်တစ်ထုပ်အား ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနေ ကိုရင်နှစ်ပါးမှ တွေ့ရှိခဲ့ရာ ကိုရင်တစ်ပါးမှ ကောက်ယူသဖြင့် အဖော်ပါလာသူ ကိုရင်မှ မယူဘဲ ပြန်ချရန်ပြော၍ ပြန်ချခဲ့ရာ ၎င်းနေရာတွင်ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါပေါက်ကွဲမှုကြောင့် ကိုရင် ရှင်နေဝိန္ဒသည် ဦးခေါင်းမိုင်းစ ထိမှန်၍ ဦးခေါင်းခွံကွဲ၊ ဦးနှောက်ထွက်၊ ညာလက်ဖျံ၊ ညာရင်အုံတို့တွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ကိုရင် ရှင်စိဏ္ဏာသည် ညာတံတောင်ဆစ်၊ ညာဘက်လက်ကောက်ဝတ်၊ ဘယ်ရင်အုံ မိုင်းစထိ မှန်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ ဒဏ်ရာရရှိသော ကိုရင် ရှင်စိဏ္ဏာသည် မုံးစီးတိုက်နယ် ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသလျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဖြစ်စဉ်ဖြစ်ပွား ရသည့် အခြေအနေ အသေးစိတ်အား စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရ ရှိသည်။ မြ၀တီ
ဆက်ဖတ်ရန်...